Unicode version…
ဒီလအတွက်ကတော့ အရမ်းကိုထူးခြားတဲ့ CarFriday လေးပါပဲ။ ဘာကြောင့်လဲဆိုတော့ ဒီလအတွက် အရင်လို တစ်ယောက်နဲ့တစ်ယောက် နွေးနွေးထွေးထွေး တွေ့ဆုံကြတာတွေအပြင် ပြိုင်ကားလေးတွေကိုလည်း ခင်းကျင်းပြသပြီး အလှပဆုံးအဖြစ် စာရင်းသွင်းခံရတဲ့ ပြိုင်ကားကို ရွေးချယ်ချီးမြှင့်ပေးခြင်း အစီအစဉ်တွေပါ ထည့်သွင်းပေးမှာမို့ ပြိုင်ကားချစ်သူတွေအနေနဲ့ ပြိုင်ကားတွေအများကြီးကို အပြင်မှာတစ်စုတစ်စည်းထဲ မြင်ချင်တဲ့သူတွေအတွက်တော့ လက်မလွှတ်တမ်း လာရောက်သင့်တဲ့ပွဲလေးပဲဖြစ်မှာပါ။ ပြိုင်ကားလေးတွေကို အမြတ်တနိုးစီးနေသူတွေလည်း ဒီပွဲလေးကို တက်ရောက်ပြီး မိမိကားလေးတွေကို ဘယ်လောက်ချစ်လဲ ဝေမျှပေးလို့ရပါတယ်။ မည်သူမဆို ဝင်ကြေးအခမဲ့ဖြစ်လို့ သောကြာနေ့ညနေရဲ့ TGIF ကို Inya Lake Hotel (Pool Side) မှာ ညနေ ရ နာရီကစပြီး လန်းကြမယ်လေ။ ဆက်ဆက်တက်ရောက်ကြဖို့ ဖိတ်ခေါ်အပ်ပါတယ်။
နေရာ – Inya Lake Hotel (Pool Side)
နေ့ရက် – ၂၅.၁၁.၂၀၁၆ (သောကြာနေ့)
အချိန် – 7:00 pm – 9:00 pm
CarFriday ပွဲသို့တက်ရောက်ရန် အောက်ပါ link တွင် register လုပ်ပေးပါ။
https://goo.gl/lSwDCP
cardb
Zawgyi version…
အချိန် – 7:00 pm – 9:00 pm
https://goo.gl/lSwDCP
cardb