Unicode version..
Hyundai Motor Myanmar Showroom ၏ Summer Promotion ပြုလုပ်မည်
Hyundai Motor Myanmar Showroom သည် တောင်ကိုရီးယားနိုင်ငံအခြေစိုက် ကမ္ဘာ့ပဥ္စမအကြီးဆုံးမော်တော်ယာဉ်ထုတ်လုပ်ငန်း ဖြစ်သည့် Hyundai ၏ မြန်မာနိုင်ငံတွင်းတရားဝင်တစ်ဦးတည်းကိုယ်စားလှယ်ဖြစ်ပြီး Brand New Hyundai အိမ်စီးကားများကိုတင်သွင်းရောင်းချလျက်ရှိပါသည်။ ယခုနှစ်နွေရာသီတွင် Hyundai Motor Myanmar Showroom ၏ Summer Promotion အဖြစ် တင်သွင်းရောင်းချလျက်ရှိသည့်မော်တော်ယာဉ်များအနက်မှ အချို့ကိုအထူးစျေးနှုန်းများဖြင့်ရောင်းချပေးမည်ဖြစ်ပါ သည်။
Summer Promotion တွင် အထူးစျေးနှုန်းများဖြင့်ရရှိနိုင်မည့် ကားအမျိုးအစားများမှာ ပြည်တွင်းတွင် လူသိများပြီး နိုင်ငံတကာတွင်လည်းလူကြိုက်များသော H-100 (Light Truck) ၊ Grand i10 (Saloon) နှင့် LF Sonata (Saloon) တို့ဖြစ်ပြီးအဆိုပါမော်တော်ယာဉ်များအားအမျိုးအစားအလိုက် ရင်ခုန်စိတ်လှုပ်ရှားဖွယ်ကောင်းသောအထူးလျှော့စျေးအဖြစ်H-100 (Light Truck) ကိုလက်ငင်းပေးချေဝယ်ယူလျှင် အမေရိကန်ဒေါ်လာ ၁၄၀၀နှင့် ညီမျှသောပမာဏကိုစျေးလျှော့ပေးမည့်အပြင် Roof and seats ကိုလည်းလက်ဆောင်အဖြစ်ပေးမည်ဖြစ်သည်၊ Grand i10 ကိုလက်ငင်းပေးချေဝယ်ယူပါက အမေရိကန်ဒေါ်လာ ၂၀၀၀နှင့် ညီမျှသောပမာဏအထိလျှော့ချကာရောင်းချပေးမည်ဖြစ်သည်။ LF Sonata ကိုလက်ငင်းပေးချေဝယ်လျှင် အမေရိကန်ဒေါ်လာ ၃၁၀၀ နှင့်ညီမျှသောပမာထိအထူးလျှော့ စျေးရရှိမည်ဖြစ်ပါသည်။
ထို့အပြင်အထူး Promotion အဖြစ် ကနဦးပေးသွင်းငွေ ၂၀% စတင်ပေးသွင်းဖြင့်လည်း ၀ယ်ယူရရှိနိုင်ပါသည်။အမေရိကန်ဒေါ်လာ ၄၆၆၈နှင့်ညီမျှသော မြန်မာငွေပမာဏကိုပေးသွင်းရုံဖြင့် H-100(Light Truck) ကိုပိုင်ဆိုင်နိုင််မည် ဖြစ််ပါသည်။ Grand i10 ကိုလည်းအမေရိကန် ဒေါ်လာ ၄၇၉၉ နှင့်ညီမျှသော မြန်မာငွေကိုကနဦးပေးသွင်းရုံဖြင့် ပို်င်ဆိုင်နိုင်မည်ဖြစ််ပါသည်။ LF Sonata ကိုကနဦးပေးသွင်းငွေ အမေရိကန်ဒေါ်လာ ၉၈၀၉ နှင့်ညီမျှသော မြန်မာငွေပေးသွင်းရုံဖြင့် ပိုင်ဆိုင်နိုင််ပါသည်။
Promotion ကာလကိုမတ်လ ၁ရက်နေ့မှ ၃၁ရက်နေ့အထိ တစ်လတည်းသာသတ်မှတ်ထားသည့်အပြင် အရေအတွက်ကန့်သတ်ထားသည့်အတွက် စိတ်ပါ၀င်စားသော Customer များအနေနှင့် Promotion ကာလမကုန်ဆုံးမီ စောလျင်စွာလာရောက်ဝယ်ယူ နိုင်ကြောင်းအကြောင်းကြားအပ်ပါသည်။
Hyundai Motor Myanmar တွင်တင်သွင်းရောင်းချနေသည့် မော်တော်ယာဉ်များအားလုံးသည် Brand New မော်တော်ယာဉ်များဖြစ်သည့် အားလျော်စွာ ၃ နှစ် (သို့မဟုတ်) ကီလို ၁ သိန်းအာမခံပေးထားပါသည်။ စိတ်ပါ၀င်စားသော Customer များအနေနှင့် Hyundai Motor Myanmar Showroom အမှတ် (၂/၆)၊ ၂ ရပ်ကွက်၊ အင်းစိန်လမ်းနှင့်သမိုင်းဘူတာရုံလမ်းထောင့်၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့ ဖုန်း ၀၁ ၆၅၃ ၂၇၁၊ ၆၅၃ ၂၇၂ သို့ ရုံးချိန်အတွင်းဆက်သွယ်စုံစမ်းနိုင်ပါသည်။
Zawgyi version…
Hyundai Motor Myanmar Showroom သည် တောင်ကိုရီးယားနိုင်ငံအခြေစိုက် ကမ္ဘာ့ပဉ္စမအကြီးဆုံးမော်တော်ယာဉ်ထုတ်လုပ်ငန်း ဖြစ်သည့် Hyundai ၏ မြန်မာနိုင်ငံတွင်းတရားဝင်တစ်ဦးတည်းကိုယ်စားလှယ်ဖြစ်ပြီး Brand New Hyundai အိမ်စီးကားများကိုတင်သွင်းရောင်းချလျက်ရှိပါသည်။ ယခုနှစ်နွေရာသီတွင် Hyundai Motor Myanmar Showroom ၏ Summer Promotion အဖြစ် တင်သွင်းရောင်းချလျက်ရှိသည့်မော်တော်ယာဉ်များအနက်မှ အချို့ကိုအထူးဈေးနှုန်းများဖြင့်ရောင်းချပေးမည်ဖြစ်ပါ သည်။
Summer Promotion တွင် အထူးဈေးနှုန်းများဖြင့်ရရှိနိုင်မည့် ကားအမျိုးအစားများမှာ ပြည်တွင်းတွင် လူသိများပြီး နိုင်ငံတကာတွင်လည်းလူကြိုက်များသော H-100 (Light Truck) ၊ Grand i10 (Saloon) နှင့် LF Sonata (Saloon) တို့ဖြစ်ပြီးအဆိုပါမော်တော်ယာဉ်များအားအမျိုးအစားအလိုက် ရင်ခုန်စိတ်လှုပ်ရှားဖွယ်ကောင်းသောအထူးလျှော့ဈေးအဖြစ်H-100 (Light Truck) ကိုလက်ငင်းပေးချေဝယ်ယူလျှင် အမေရိကန်ဒေါ်လာ ၁၄၀၀နှင့် ညီမျှသောပမာဏကိုဈေးလျှော့ပေးမည့်အပြင် Roof and seats ကိုလည်းလက်ဆောင်အဖြစ်ပေးမည်ဖြစ်သည်၊ Grand i10 ကိုလက်ငင်းပေးချေဝယ်ယူပါက အမေရိကန်ဒေါ်လာ ၂၀၀၀နှင့် ညီမျှသောပမာဏအထိလျှော့ချကာရောင်းချပေးမည်ဖြစ်သည်။ LF Sonata ကိုလက်ငင်းပေးချေဝယ်လျှင် အမေရိကန်ဒေါ်လာ ၃၁၀၀ နှင့်ညီမျှသောပမာထိအထူးလျှော့ ဈေးရရှိမည်ဖြစ်ပါသည်။