Automakers အများစုသည် SUV / MPV ကားများကို ထုတ်လုပ်ကြပြီး ၄င်းတို့သည် 4 Door Type ကားများဖြစ်ကြပါသည်။သို့သော် SUV အများစုတွင် တံခါး (၂)ပေါက် ပါရှိသည့် 2 Door SUV Type ကားများကိုလည်း ထုတ်လုပ်ရောင်းချကြပါသည်။

ထိုသို့လမ်းမများပေါ်တွင် (ရံဖန်ရံခါ) တွေ့ရတတ်သည့် 2 Door SUV ကားများသည် ယခုနှစ်များတွင် (အများစုသည်)ထုတ်လုပ်မှုအားရပ်ဆိုင်းသွားသည်ကို လေ့လာမိပါသည်။ အမျိုးအစားများအနေဖြင့် (Dodge-Raider) (Chev Tahoe) (Ford Bronco) (Ford Explorer) (GMC Yukon) (Isuzu Amigo) (Isuzu Vehi CROSS) (Jeep Cherokee) (KIA Sportage) (Land Rover Defender 90) (Land Rover Free lander) (Mercedes – Benz G-Class)(Mitsubishi Montero / Pajero) (Nissan Pathfinder) (Suzuki Samurai) (Suzuki X – 90) (Toyota 4 Runner / Surf) (Toyota Land Crusier)(Toyota Prado) (Toyota RAV-4) တို့ဖြစ်ကြပါသည်။ သို့သော် Range Rover Evoque 2 Door Model ကိုမူ ဆက်လက်ထုတ်လုပ်သည်ကို တွေ့မြင်ရပါသည်။ထိုကဲ့သို့ 2 Door ကားအများစု ရပ်ဆိုင်းရခြင်းမှာ ၄င်းတို့၏ရောင်းအားသည် လွန်စွာ နည်းပါး၍ (ဈေးကွက်လိုအပ်မှု)ရာနှုန်းအလွန်နည်း၍၄င်း အချိုးသောကားများ (Jeep Cherokee) တို့၏ ထုတ်လုပ်မှုအားရပ်ဆိုင်းခဲ့၍၄င်း၊ အချို့သောကားများ၏ ထုတ်လုပ်မှုသက်တမ်းသည် အလွန်တိုတောင်းခြင်း၊ (ဥပမာ- Dodge Raider) ကြောင့်၎င်း၊ 2 Door SUV  များသည် ခရီးသည် (၅)ယောက်စီးဖြစ်သော်လည်း နောက်ခုံတန်းသို့ ၀င်/ထွက် ရာ၌ 4 Door SUV များကဲ့သို့ လွယ်ကူမှုမရှိခြင်း၊ ( ဥပမာ – Honda Element) ကြောင့်၎င်း/ အချို့သော SUV များတွင် ( 4 Door) နှင့် (2 Door)တို့၏ ရောင်းချရမှုများစွာ ကွာခြားခြင်း (ဥပမာ Jeep Wrangler 2 Door Sales 23%) (Jeep Wrangler 4 Door Sales 77%)ကြောင့်၎င်း         (2 Door SUV)များ၏ ထုတ်လုပ်မှုများသည် ရပ်ဆိုင်းသွားရခြင်းပင် ဖြစ်ပါသည်။