Michigan အခြေစိုက် Mil-Spec Automotive ဆိုတာက နာမည်ကြီး Truck ကားအတော်များများကို စွမ်းဆောင်ရည်နဲ့ ဒီဇိုင်းပိုင်းပိုဆန်းသစ်အောင် လက်ရာမြောက်စွာ မွမ်းမံပေးနေတဲ့လုပ်ငန်းတစ်ခုဖြစ်ပါတယ်။ ကားတစ်စီးကို ပိုပြီးဆန်းသစ်ထူးခြားအောင်ပြင်ဆင်ဖန်တီပေးရတဲ့ ဒီလိုအလုပ်မျိုးက မလွယ်ကူလှသလို အရင်းအနှီးကလည်းများပြားပါတယ်။ ဒါပေမဲ့ Mil-Spec Automotive ကတော့ ကမ္ဘာ့အကောင်းဆုံးလို့ဆိုနိုင်လောက်တဲ့ Modified Version Truck စီးရေများစွာကို အောင်အောင်မြင်မြင်ထုတ်လုပ်ပြခဲ့ပြီးပါပြီ။ အခုလည်း U.S. ဝယ်လက်တွေကြားမှာ အတော်လေးရေပန်းစားနေတဲ့ကားတစ်စီးကို ထူးခြားဆန်းသစ်တဲ့ဒီဇိုင်းဖြစ်သွားအောင် Mil-Spec Automotive Team က ထပ်ဖန်တီးပြလိုက်ပြန်ပါတယ်။ Mil-Spec Automotive ရဲ့ Modified Version Ford F-150 ကို ကြည့်လိုက်ကြရအောင်ပါ…။

ပြောင်းလဲမွမ်းမံမှုတွေလုပ်ထားတဲ့ F-150 ရဲ့5.0-liter Coyote V8 အင်ဂျင်က 500 HP ပါဝါထိရရှိစေမှာဖြစ်ပြီး Engine Upgrade ပြုလုပ်ထားပုံကို‌တော့ အသေးစိတ်မပြောထားပါဘူး။ 91 Octane Fuel ကိုအသုံးပြုမယ့် ဒီကားရဲ့ Performance ပိုင်းကို Mil-Spec Automotive က အတော်အလေးပေးဖန်တီးထားတာကတော့ သိသာပါတယ်။

Baja Performance Package နဲ့ Fox 3.0 F-150 Long Travel Performance Shock Package တွေသုံးထားတဲ့ Sspension Upgrade ပိုင်းကလည်း တကယ်အားရစရာပါပဲ။ Mil-Spec’s trademark လို့ဆိုနိုင်တဲ့ Baja Exterior Appearance Package ကြောင့် LED မီးတန်းပါ Roof Rack နဲ့ Spare Tire Carrier တွေပါတဲ့ ခပ်လန်းလန်း F-150 ကို တွေ့ကြရမှာပါ။

Front နဲ့ Rear Bumper တွေကိုပါ Upgrade လုပ်ပေးထားပြီး 37-inch Off-road Tire တွေတပ်ထားတဲ့ Black Alloy Wheel တွေကို အသုံးပြုထားပါတယ်။

 

Exterior color ရွေးချယ်ဖို့အတွက် Gray shade 2 မျိုး, black နဲ့ white ဆိုတဲ့အရောင် 4 မျိုးရှိပီး အကုန်လုံးကို Military Theme နဲ့ ရနိုင်မှာပါ။ ဆန္ဒရှိမယ်ဆို side step တွေနဲ့ push bar တွေကို Black Powder Coating ထပ်တင်လို့ရနိုင်ပါတယ်။

Interior update အတွက် Special Leather Seat တွေနဲ့ billet aluminum control knob တွေကိုထည့်ပေးထားတာတွေ့ရပြီး Mil-Spec Automotive တံဆိပ်တွေကိုတော့ အတွင်းဘက်မှာရော အပြင်ဘက်မှာပါ တွေ့နိုင်မှာဖြစ်ပါတယ်။ Mil-Spec Automotive ရဲ့ Modified Version F-150 ရဲ့ဈေးကတော့ အနိမ့်ဆုံး $85,000 လောက်ကစတင်မယ်လို့ သိရပါတယ်။

Source: Mil-Spec Automotive
Thiha