Hyundai သည် နာမည်ကျော် Family Car ဖြစ်သည် Grand i10 NIOS နှင့် i10 AURA တို့အား 2023 Model Year အတွက် Refresh Model အနေဖြင့် မိတ်ဆက်လိုက်ပါသည်။ 2023 Nios နှင့် Aura တို့တွင် New Face Design အနေဖြင့် Enlarged Grille နှင့် New DRL LED Headlight Design ကဲ့သို့ ပြောင်းလဲတပ်ဆင် ထားပါသည်။ ကား၏ Fascia Design သည်လည်း New Looks ဖြစ်ကာ ယခင်ထက် များစွာလှပသည့် ပုံစံရှိသည်ကိုမြင်တွေ့ရပါသည်။  i10 Nios နှင့် Aura တို့သည် Refresh Model များဖြစ်မည် ဆိုသော်လည်း ၎င်းတို့၏ ဒီဇိုင်းအချို့ နှင့် Options အချို့တို့သည် ကွဲလွဲမှုရှိပါမည်။

အဓိကအားဖြင့် Spoiler Design , LED Brake Light တို့သည် ကွဲလွဲမည်ဖြစ်ကာ Nios တွင် Alloy Design အသစ်များ ပါဝင်လာပါမည်။ အလားတူ Nios ၏ New LED Taillight သည် Light bar ( ၂ ) ခု ပေါင်းစပ်ထားသည့် ပုံစံရှိပြီး 2023 Nios နှင့် Aura တို့တွင် ပါဝင်သည့် ဆေးရောင်အချို့ တူညီမည်ဖြစ်ကာ ၎င်းတို့သည် Polar White , Titan Grey , Typhoon Silver စသည့်တို့ ဖြစ်ပါသည်။ သို့သော် 2 – Tone Color အချို့ နှင့် Black Roof ကဲ့သို့ New Color များကို Nios တွင်သာ ရနိုင်ပါမည်။

2023 Nios နှင့် Aura တို့တွင် တူညီသည့် Features များအနေဖြင့် – 6 Airbags , ESC , VSM , HAC , Type – C USB , TPMS တို့သည် တူညီကြ ပါသည်။ Aura အတွက် Automatic Headlights ကို သီးခြားထည့်သွင်းပေးထားသည်ကိုမြင်တွေ့ရပါသည်။ 2023 Nios နှင့် Aura တို့တွင် – 1.2L NA Petrol Engine , ( 83 PS / 113.8 Nm ) အင်ဂျင် နှင့် ( 5 – Speed Manual / 5 – Speed Auto ) ဂီယာတို့ တွဲဖက်ထားကာ ၎င်းတို့သည် – Suzuki Dzire , Honda Amaze တို့နှင့် ယှဉ်ပြိုင်ဖက်များ ဖြစ်ပါသည်။

#DriveMediaMyanmar