Toyota ဟာ နာမည်ကျော် Corolla Cross SUV ရဲ့ Facolift  Model ကို မိတ်ဆက်လိုက် ပါတယ်။ Corolla Cross ဟာ Corolla Sedan ရဲ့ SUV Version ဖြစ်ပြီး မြန်မာအပါအဝင် အာရှနိုင်ငံ အချို့မှာ သိပ်အောင်မြင့်နေတဲ့ Model ဖြစ်ပါတယ်။ New Mdoel ကို Toyota ရဲ့ TNGA – C Platform မှာ အခြေခံထားပြီး Toyota Innova Hycross နဲ့လည်း Platform တူညီပါသည်။ New Model ကို Refresh Styling Design ပုံစံဖန်တီးထားပြီး features များကလည်း အရင် Model ထက်ကို ပိုပြီး စုံလင်လာပါတယ်။

သူကလက်ရှိ Generation ရဲ့ Mid – life Update Model ဖြစ်လာပြီး Redesigned Grille မှာ အရှေ့မီးလုံးဒီဇိုင်းအသစ်များကို လှပစွာ ပေါင်းစပ်ပေးထားပါတယ်။ Grille က ပျားအုံးကွက် ပုံစံဖြစ်ပြီး Modern Toyota Cars တွေမှာ တွေ့ရပါတယ်။ အတွင်းခန်း Size က အရင် Model များနဲ့ တူညီပေမယ့် အခင်းအကျင်းကတော့ New Looks ဖြစ်လာကာ 12.3 – inch Center Screen နဲ့ 10.1 – inch Digital Cluster တို့ ပါဝင်လာပါတယ်။ မြင်ကွင်းကျယ် အမိုးဖွင့် စနစ်ကို New Model မှာ ပထမဆုံး ထည့်ပေးထားပြီး Electric Sun Shade လည်း ပါဝင်လာခြင်းနှင့် နာမည်ကျော် Toyota Safety Sense ADAS Suite ကို Update ပြုလုပ်ပေးထားပါတယ်။

New Model မှာ ( 1.8 L Petrol Engine ) ၊   ( 138 hp ) အင်ဂျင်နဲ့ ( CVT Auto gear ) တို့ ပါဝင်ပြီး Hybrid Version ဖြစ်တာကြောင့် ( Combine 121 hp output ) ရရှိတဲ့ လျှပ်စစ်မော်တာလည်း ပေါင်းစပ်ပါဝင်ပါတယ်။ Toyota Corolla Cross ကို JDM အပြင် Export အတွက်ပါ ရည်ရွယ်ထုတ်လုပ်တာဖြစ်ပြီး Japan ၊ Karnataka ရှိ Toyota စက်ရုံမှာ တပ်ဆင်ထုတ်လုပ်ပါတယ်။ New Model က Codename 340 D ဖြစ်ကာ 2025  / 2026  မှာ Market အားလုံးကို ရောင်းချရန် Toyota မှ စီစဉ်ထားပြီး တနှစ်လျှင် အစင်းရေ ( ၇၅၀၀၀ ) ဝန်းကျင်အထိ ရောင်းချနိုင်ရန် လျာထားပါတယ်။