ပြင်သစ်အခြေစိုက် Premium Brand DS သည် 2017 တွင်စတင်မိတ်ဆက်ခဲ့သည့် DS 7 Crossover အား 2022 အတွက် Facelift Model သို့ ပြောင်းလဲထုတ်လုပ်လိုက်ပါသည်။ New DS 7 တွင်လှပသည့် ဒီဇိုင်းဖြစ်သည့် Revised Exterior Design နှင့် High – Performance E – Tense 4 x 4  360 PHEV Model ကိုလည်း မိတ်ဆက်ထားပါသည်။ 2022 DS 7 အား ( ၃၆၇၀၀ ပေါင် ) မှ ( ၆၂၉၀၀ ပေါင် ) ခန့်အတွင်း ဈေးဖြင့် ရောင်းချမည်ဖြစ်ကာ ယခုနှစ်ကုန်တွင် Showroom များသို့ ရောက်ရှိမည်ဖြစ်သည်။ PHEV Model အား Opera Premiere PHEV ဟု သတ်မှတ်ပါသည်။ ကား၏ အပြင်ဖက်ဒီဇိုင်းသည် အလွန်လှပပြီး စွဲဆောင်မှုရှိသည့် ပုံစံရှိကာ New LED Light နှင့် Bumper တို့အကြားတွင် Illuminate Strakes ( ၄ ) ချောင်းအား ထည့်သွင်းထားမည်ဖြစ်ကာ DS Wing Motif ကိုလည်း ပေါင်းစပ်ထားပါမည်။

အရှေ့မီးကြီးတွင် Pixel LED Light ၊ New 19 – inch Alloy ၊ New DS Automobile Script ၊ စသည့် Features များကိုလည်း အပြင်ဖက်တွင် ထည့်သွင်းပေးထားပါမည်။ 2022 DS 7 ၏ အတွင်းခန်းအား လှပသပ်ရပ်ပြီး ကျယ်ကျယ်ဝန်းဝန်းဖြင့် ခင်းကျင်းထားမည်ဖြစ်ပြီး တမူထူးခြားသည့် Pattern များဖြင့် ပုံဖေါ်ထားသည့် Leather Seats များကို ရင်သပ်ရှုမောဖွယ်တွေ့မြင်ရပါမည်။ New 12 – inch Touch Screen ကိုလည်း ဆန်းသစ်စွာ ဖန်တီးထားသည့် Dashboard တွင် ခင်းကျင်းထားမည်ဖြစ်ကာ ၎င်းအပြင် – 12 inch  Digital Cluster Adaptive Stop – and – go Control ၊ Active Scan Suspension System ၊ Grey Nappa Leather ၊ DS’s Unique Pearl – Effect Stitching ၊ New Embossed Leather Dashboard Layout ၊ Driver Assistant tech Suite ၊ စသည့် Feature များစွာကိုလည်း စုံလင်စွာ ထည့်သွင်းထားပါမည်။

#DriveMediaMyanmar