Mazda သည် Mazda 2 ၏ Facelift Model အား 2023 New Mazda 2 အနေဖြင့် Japan တွင် မိတ်ဆက်လိုက်ပါသည်။ New Mazda 2 တွင် ပြောင်းလဲမှုများအနေဖြင့် ကား၏ Headline နှင့် Front End ဒီဇိုင်းတို့သည် အသွင်သစ်ဖြစ်ကာ အရွယ်ကြီးမားသည့် အရှေ့ဖက် Grille တွင် New X – Shaped Lower Bumper နှင့် Prominent Mazda Badge တို့ကို ပေါင်းစပ်ပေးထားမည်ဖြစ်သည်။

Grille တွင် Radar Sensor များကိုလည်း တပ်သွင်းပေးထားသည်ကိုတွေ့ရှိရပါသည်။ Hatchback နှင့် GT Sedan တို့တွင် ကူညီသည့် Rear Bumper Design ကို အသုံးပြုထားပြီး New Mazda 2 တွင် Aero Grey နှင့် Airstreem Blue ဆေးရောင်အသစ် ( ၂ ) ရောင် မိတ်ဆက်ထည့်သွင်းထားပါသည်။ အတွင်းခန်းကို သပ်ရပ်စွာ ခင်းကျင်းထားကာ Mazda 8.0 – inch Screen အဓိက ပါဝင်မည်ဖြစ်ပြီး ( Pre – update MZD Connect Interface ) ကို Japan ဈေးကွက်အတွက် ထည့်သွင်းထားပါမည်။ ထို့အတူ Wireless Phone Charger ၊ Apple CarPlay စသည့် Features များလည်းပါဝင်လာပြီး White Dash Trim နှင့် Black Dash Trim တို့ ကဲ့သို့ အခင်းအကျင်းများလည်း New Mazda 2 တွင် ပါဝင်လာပါသည်။

2021 တွင် မိတ်ဆက်ခဲ့သည့် Sporty – Look Black Root Film Accent ကိုလည်း New Mazda 2 တွင် ရနိုင်ပါမည်။ 2023 Mazda 2 တွင် အဓိကပါဝင်မည့် Futures များအနေဖြင့် – New Black Leather / Suede Upholstery ၊ Aero – Focused 16 – inch Alloy ၊ Dual Exhaust ၊ Shark Fin Antenna စသည့်တို့ မြင်တွေ့ရပါသည်။ 2023 တွင် Facelift ပြောင်းလဲခြင်းသည် ( ၉ ) နှစ် သက်တမ်းရှိသည့် Mazda 2 တွင် ဒုတိယအကြိမ်ပြောင်းလဲခြင်းဖြစ်ပြီး ပထမကြိမ် Facelift ပြောင်းလဲမှုအား 2019 တွင် ပြုလုပ်ခဲ့ ပါသည်။

#DriveMediaMyanmar