Hyundai North America ၏ Flagship SUV ဖြစ်သည့် Palisade သည် 2023 Model တွင် Facelift ဖြစ်လာပြီး အတွင်း ၊ အပြင်ဒီဇိုင်းနှင့် နည်းပညာဆိုင်ရာတို့အား  Refresh အနေဖြင့်ထွက်ရှိလာပါသည်။ KIA Telluride နှင့် Platform တူညီသည့် Hyundai Palisade သည် Full Size SUV ဖြစ်ကာ Honda Pilot ၊ Chevy Traverse ၊ Nissan Pathfinder ၊ VW Atlas ၊ တို့နှင့်ဈေးကွက်ပြိုင်ဖက် ဖြစ်ပါသည်။ 2023  Palisade အား U.S. A မြောက်ကာရိုလိုင်းနားပြည်နယ် ၊ Asheville ၊ တွင်တပ်ဆင်ထုတ်လုပ်ပါသည်။ New Palisade တွင် Electric Power Steering ၊ Drive Mode ၊ စသည့် Features များစုံလင်စွာပါရှိပါသည်။ အင်ဂျင်အနေဖြင့် – 3.8 L V6 Petrol Engine ၊ 291 hp ၊ အင်ဂျင်နှင့် 8 – Speed Auto gear တို့တွဲဖက်ထားပါသည်။

လမ်းအခြေအနေမျိုးစုံတွင် ချောမွေ့စွာ ဖြတ်ကျော်အသုံးပြုနိုင်ရန်အတွက် Frequency Sensing Valve System ကို Air Suspension တွင်ပေါင်းစပ်ပေးထားမည်ဖြစ်ပြီး ၎င်းစနစ်သည် Locking Center Differential နှင့် AWD System တို့နှင့်လည်း ချိတ်ဆက်ထားပါသည်။ 2023 Hyundai Palisade တွင် – SE ၊ SE ၊ Limited ၊ Calligraphy ၊ ဟူ၍ Trim Level ( ၄ ) မျိုးပါရှိမည်ဖြစ်ကာ ဈေးနှုန်းများအနေဖြင့် – ( USD 36200 ) မှ ( USD 50100 ) ခန့်အတွင်း ရောင်းချပါမည်။ ကားအပြင်ဒီဇိုင်းတွင် New Cascading Front Fascia နှင့် Updated  LED Light တို့အားဆန်းသစ်စွာ ဖန်တီးထားပြီး Tailgate Design သည်လည်း Update ဖြစ်ပါသည်။ 2023 Palisade ၏ Towing Capacity သည် 5000 Ibs ဖြစ်ပါသည်။ သပ်ရပ်လှပစွာ ခင်းကျင်းထားသည့် အတွင်းခန်းတွင် – Verizon Wi Fi Hotspot ၊ Ergo Motion Driver Seat ၊ Hyundai’s Digital Key Touch Level 2 ၊ စသည့် Features များစွာ ထည့်သွင်းထားပါသည်။    

#DriveMediaMyanmar