Faraday သည် FF 91 Concept 2017 တွင် မိတ်ဆက်ခဲ့ပြီး Production Version အနေဖြင့် ထုတ်လုပ်ရန် ကြေငြာလိုက်ပါသည်။ FF 91 Sedan တွင် ထူးခြားမှုအနေဖြင့် Display Screen ( ၁၁ ) ခု ခန့်ထည့်သွင်းထားမည်ဖြစ်ပြီး Automobile လောက၏ နည်းပညာခြေလှမ်းသစ်ဟုဆိုရပါမည်။ ကား၏ အတွင်းခန်းတခုလုံးတွင် Display Screen များဖြင့် ပြည့်နေမည်ဖြစ်ကာ အလျားလိုက် တည်ရှိမည့် Instrument Cluster ၊ အရွယ်ကြီးမားသည့် HUD System ၊ ကားအရှေ့ခရီးသည် သီးသန့်သုံး Display Screen ၊ တံခါးများ၏ လက်တင်နေရာများတွင် Screen ( ၄ ) ခု ပါရှိပြီး Climate Control နှင့် ထိုင်ခုံအရွှေ့အပြောင်းပြုလုပ်ရန် စသည့်ဖြင့် Display Screen ( ၁၁ ) ခု အထိ ထည့်သွင်းထားမည်ဖြစ်သည်။ အနောက်ခန်းခရီးသည်များအတွက် ( ၂၇ လက်မ ) ရှိသည့် Screen အား Headliner တွင် တပ်ဆင်ထားမည်ဖြစ်ပြီး အနောက်ဖက်ထိုင်ခုံများကို ( 14 – ways Adjust ) ပြုလုပ်နိုင်ခြင်းသည် အလွန်ထူးခြားသည့် တင်ဆက်မှုဖြစ်ပါသည်။ ထို့အပြင် မျက်နှာများကို ဖက်ရှုမှတ်သားနိုင်သည့် Facial Recognition နည်းပညာပါရှိသည့် ကင်မရာများကိုလည်း ကားအတွင်းခန်းတွင် ထည့်သွင်းထားမည်ဖြစ်သည်။ FF 91 တွင် ( 1050 hp EV Output ) ထွက်ရှိသည့် ( 130 – Kwh Lithium – ion Battery Pack ) ကို ထည့်သွင်းထားမည်ဖြစ်ပြီး ( 378 miles ) အထိအသုံးပြုနိုင်မည်ဖြစ်သည်။ FF 91 အား အမေရိကန် ၊ California ပြည်နယ် Hanford ရှိ စက်ရုံတွင် ၂၀၂၀ အကုန်၌ စတင် ထုတ်လုပ်မည်ဖြစ်ပြီး ( USD 175,000 ) ဝန်းကျင်ဖြင့်ရောင်းချရန် စီစဉ်ထားပါသည်။
Zawgyi Version
Farady ၏ အနာဂတ္တြင္ ထုတ္လုပ္မည့္ FF 91
Faraday သည္ FF 91 Concept 2017 တြင္ မိတ္ဆက္ခဲ့ၿပီး Production Version အေနျဖင့္ ထုတ္လုပ္ရန္ ေၾကျငာလိုက္ပါသည္။ FF 91 Sedan တြင္ ထူးျခားမႈအေနျဖင့္ Display Screen ( ၁၁ ) ခု ခန္႔ထည့္သြင္းထားမည္ျဖစ္ၿပီး Automobile ေလာက၏ နည္းပညာေျခလွမ္းသစ္ဟုဆိုရပါမည္။ ကား၏ အတြင္းခန္းတခုလုံးတြင္ Display Screen မ်ားျဖင့္ ျပည့္ေနမည္ျဖစ္ကာ အလ်ားလိုက္ တည္ရွိမည့္ Instrument Cluster ၊ အရြယ္ႀကီးမားသည့္ HUD System ၊ ကားအေရွ႕ခရီးသည္ သီးသန္႔သုံး Display Screen ၊ တံခါးမ်ား၏ လက္တင္ေနရာမ်ားတြင္ Screen ( ၄ ) ခု ပါရွိၿပီး Climate Control ႏွင့္ ထိုင္္ခုံအေရႊ႕အေျပာင္းျပဳလုပ္ရန္ စသည့္ျဖင့္ Display Screen ( ၁၁ ) ခု အထိ ထည့္သြင္းထားမည္ျဖစ္သည္။ အေနာက္ခန္းခရီးသည္မ်ားအတြက္ ( ၂၇ လက္မ ) ရွိသည့္ Screen အား Headliner တြင္ တပ္ဆင္ထားမည္ျဖစ္ၿပီး အေနာက္ဖက္ထိုင္ခုံမ်ားကို ( 14 – ways Adjust ) ျပဳလုပ္ႏိုင္ျခင္းသည္ အလြန္ထူးျခားသည့္ တင္ဆက္မႈျဖစ္ပါသည္။ ထို႔အျပင္ မ်က္ႏွာမ်ားကို ဖက္ရႈမွတ္သားႏိုင္သည့္ Facial Recognition နည္းပညာပါရွိသည့္ ကင္မရာမ်ားကိုလည္း ကားအတြင္းခန္းတြင္ ထည့္သြင္းထားမည္ျဖစ္သည္။ FF 91 တြင္ ( 1050 hp EV Output ) ထြက္ရွိသည့္ ( 130 – Kwh Lithium – ion Battery Pack ) ကို ထည့္သြင္းထားမည္ျဖစ္ၿပီး ( 378 miles ) အထိအသုံးျပဳႏိုင္မည္ျဖစ္သည္။ FF 91 အား အေမရိကန္ ၊ California ျပည္နယ္ Hanford ရွိ စက္ရုံတြင္ ၂၀၂၀ အကုန္၌ စတင္ ထုတ္လုပ္မည္ျဖစ္ၿပီး ( USD 175,000 ) ၀န္းက်င္ျဖင့္ေရာင္းခ်ရန္ စီစဥ္ထားပါသည္။