Skoda သည် 2022 Enyaq iV EV SUV အား လျှင်မြန်စွာ အားဖြည့်သွင်းနိုင်သည့် – Faster Charging နှင့် Extra Safety Tech များအပါအဝင် Updates ဖန်တီးမှုများစွာဖြင့် ထုတ်လုပ်လိုက်ပါသည်။ ဈေးနှုန်းများအနေဖြင့် – Enyaq iV 60  အား ( စတာလင်ပေါင် ၃၄၈၅၀ ) ဖြင့်၎င်း ၊ Enyaq iV 80 အား ( စတာလင်ပေါင် ၃၉၄၆၅ ) ဖြင့်လည်းကောင်း ၊ ရောင်းချ ပါမည်။ ၎င်းတို့တွင် အဆင့်မြှင့်တင်ထားသည့် Skoda Charging System ပါဝင်မည်ဖြစ်ပြီး Enyaq iV 60 တွင် – Up to 120 kWh ၊ Enyaq iV 80 တွင် – From 125 kWh to 135 kWh ၊ Charging Speed Capacity တို့ပါဝင်ပါမည်။ New Electrical System ကိုလည်း အလားတူ အဆင့်မြှင့်တင်ထားမည်ဖြစ်သည်။ အားဖြည့်သွင်းမှုသည်လည်း အလွန်မြန်ဆန်လာမည်ဖြစ်ကာ Enyaq iV 80 တွင် 135 kWh System ၏ 80 % Charge အား ၂၉ မိနစ်ဖြင့် ရရှိနိုင်ပါမည်။

 

ထို့အပြင် ( New Battery Car Model ) Feature အသစ်အား Enyaq iV Model များတွင် Skoda မှ မိတ်ဆက်ထည့်သွင်း ခဲ့ပြီး အဆိုပါ Feature သည် Battery  သက်တမ်းကို ကြာမြင့်စွာ အသုံးပြုနိုင်ရန် ကူညီပေးမည် ဖြစ်သည်။ အလားတူ – Satellite Navigation System ကို အသုံးပြုပြီး Battery ၏ သက်တမ်းနှင့်သွားလိုသည့် ခရီး၏ ရောက်မည့်အချိန်တို့ အကွာအဝေးတို့ကို ခန့်မှန်းပေးမည့် စနစ်လည်းပါဝင်ပါသည်။ 2022 Enyaq iV Model များတွင် အဆင့်မြှင့် လုံခြုံရေးစနစ်များစွာ ပါဝင်သည့် Skoda Assisted Drive Package Plus လည်ပါဝင်မည်ဖြစ်ကာ ၎င်းတွင် – ACC ၊ Lane Assist ၊ Semi – Autonomous Travel Assist Function ၊ New Narrow Lane Assist Setting ၊ အစရှိသည့် လုံခြုံရေးဆိုင်ရာ နည်းပညာများစွာ ပါဝင်ပါမည်။

#DriveMediaMyanmar