Zawgyi Version…

ျမန္မာႏုိင္ငံတြင္ FAW ကားမ်ားကို တရားဝင္ တင္သြင္းျဖန္႔ခ်ိခြင့္ရရိွထားသည့္ Premier Automotive ကုမၸဏီသည္ ၿပီးခဲ့သည့္ အဂၤါေန႔က FAW Truck ေမာ္ဒယ္သစ္ J6 ကို IBTT ကုမၸဏီထံ အပ္ႏွံ႔သည့္ပြဲ က်င္းပျပဳလုပ္ခဲ့သည္။

အဆုိပါပြဲတြင္ Premier Automotive သည္ နည္းပညာပိုင္းအဆင့္ျမွင့္တင္မႈမ်ားႏွင့္ ေတာင့္တင္းခုိင္မာသည့္ Truck ကားတစ္စီးျဖစ္သည့္ FAW Truck J6 (၇) စီးကို အပ္ႏွံခဲ့ျခင္းျဖစ္ၿပီး ႏွစ္ဖက္ကုမၸဏီမွ လူႀကီးမင္းမ်ားႏွင့္ ဧည့္သည္မ်ား တက္ေရာက္ခဲ့ၾကသည္။

FAW ကုမၸဏီသည္ ၁၉၅၆ ခုႏွစ္တြင္ စတင္တည္ေထာင္ခဲ့သည့္ တ႐ုတ္ျပည္၏ ပထမဦးဆံုး Truck ကားႏွင့္ ပထမဆံုး Sedan ကားမ်ားထုတ္လုပ္သည့္ အေျခစိုက္ကုမၸဏီတစ္ခုျဖစ္ၿပီး ႏွစ္ေပါင္း(၆၀)အတြင္း ဆင့္ကဲနည္းပညာမ်ား၊ စမ္းသပ္တီထြင္မႈမ်ားနဲ႔ ေမာ္ေတာ္ယာဥ္မ်ား ထုတ္လုပ္ေနသည့္ ကုမၸဏီျဖစ္သည္။

FAW သည္ Truck ကားေမာ္ဒယ္သစ္ျဖစ္သည့္ J6 တြင္ ေခတ္ေရွ႕ေျပးဆီစားႏႈန္းသက္သာသည့္ အင္ဂ်င္ 4-Valves, Mid-Fuel Injector ကိုတပ္ဆင္ထားၿပီး ဖိအားျမင့္ commom roll ဆီျဖန္းစနစ္ပါဝင္တာေၾကာင့္ အျပည့္အဝေလာင္ကၽြမ္းၿပီး အင္ဂ်င္၏စြမ္းေဆာင္ရည္ အျပည့္အဝရရိွေစမည္ျဖစ္သည္။

FAW J6 Truck သည္ လုပ္ငန္းေဆာင္ရြက္မႈ အေနအထားႏွင့္ လိုက္ေလ်ာညီေထြစြာ အင္ဂ်င္၊ ဂီယာေဘာက္၊ ေရွ႕ေနာက္ဝင္႐ိုးႏွင့္ အျခားအစိတ္အပိုင္းမ်ားကို တည္ေဆာက္ထားၿပီး FAW ၏ လိႈင္ေခါင္း ေလခုခံအား စမ္းသပ္မႈအရ ေလခုခံမႈကိန္းဂဏန္း (Air Resistance coefficient Cd) ကို 0.54 ထိ ေလွ်ာ့ခ်ႏိုင္မည္ ျဖစ္သည္။

ခရီးစဥ္ ၁၀၀ ကီလိုမီတာေမာင္းၿပီးတိုင္း ေလာင္စာဆီ ၃.၄၇ လီတာ ကုန္က်မႈ သက္သာေစမည္ျဖစ္ၿပီး ခုခံမႈအား ေကာင္းမြန္သည့္ Tubeless တာယာသံုးျခင္းအားျဖင့္ ခရီးစဥ္ ၁၀၀ ကီလုိေမာင္းၿပီးတုိင္း ေလာင္စာဆီ ၃.၅ လီတာ ကုန္က်မႈ သက္သာေစပါသည္။

J6 ၏ ထူးျခားသည့္ တပ္ဆင္မႈမ်ားတြင္ ဆီစားႏႈန္းသက္သာေသာ အင္ဂ်င္ Model-CA6DM3 ကုိ overhead cam shaft, 4-Valves စနစ္ျဖင့္ တပ္ဆင္ထုတ္လုပ္ထားၿပီး ႐ုန္းအား 2300 Nm၊ ေပါ့ပါးသည့္ အလူမီနီယံ ဂီယာေဘာက္၊ ဂီယာေရြ႕ေျပာင္းမႈ ညက္ေညာျခင္းႏွင့္ ေဘာဘယ္ရင္မ်ား၊ Oil Seal မ်ား၊ ဂီယာေခြးသြား စိတ္မ်ား၏ ႀကံ့ခိုင္မႈကို အထူးျပဳတည္ေဆာက္ထားေၾကာင္း သိရသည္။

Premier Automotive အေနျဖင့္ FAW ၏ Truck ေမာ္ဒယ္သစ္ J6 ကို ျမန္မာျပည္ေစ်းကြက္တြင္ ေဒၚလာ ၆၅,၀၀၀ ဝန္းက်င္ျဖင့္ ေရာင္းခ်သြားမည္ျဖစ္ေၾကာင္းသိရၿပီး ေနာက္ပိုင္း ဝန္ေဆာင္မႈမ်ားကိုလည္း Premier Automotive မွ ပံ့ပိုးေဆာင္ရြက္ေပးသြားမည္ျဖစ္သည္။

Premier Automotive သည္ ေနာက္ပိုင္းတြင္ ျမန္မာႏုိင္ငံေစ်းကြက္သို႔ FAW ကုမၸဏီထုတ္ကုန္ေတြျဖစ္သည့္ အႀကီးစား၊ အလတ္စားႏွင့္ အေသးစားလုပ္ငန္းသံုးကားမ်ား အဓိက တင္သြင္းေရာင္းခ်သြားမည္ျဖစ္သည္။

Unicode Version…

Premier Automotive မှ FAW Truck မော်ဒယ်သစ် J6 (၇) စီး အပ်နှံမှုပြုလုပ်

မြန်မာနိုင်ငံတွင် FAW ကားများကို တရားဝင် တင်သွင်းဖြန့်ချိခွင့်ရရှိထားသည့် Premier Automotive ကုမ္ပဏီသည် ပြီးခဲ့သည့် အင်္ဂါနေ့က FAW Truck မော်ဒယ်သစ် J6 ကို IBTT ကုမ္ပဏီထံ အပ်နှံ့သည့်ပွဲ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါပွဲတွင် Premier Automotive သည် နည်းပညာပိုင်းအဆင့်မြှင့်တင်မှုများနှင့် တောင့်တင်းခိုင်မာသည့် Truck ကားတစ်စီးဖြစ်သည့် FAW Truck J6 (၇) စီးကို အပ်နှံခဲ့ခြင်းဖြစ်ပြီး နှစ်ဖက်ကုမ္ပဏီမှ လူကြီးမင်းများနှင့် ဧည့်သည်များ တက်ရောက်ခဲ့ကြသည်။

FAW ကုမ္ပဏီသည် ၁၉၅၆ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သည့် တရုတ်ပြည်၏ ပထမဦးဆုံး Truck ကားနှင့် ပထမဆုံး Sedan ကားများထုတ်လုပ်သည့် အခြေစိုက်ကုမ္ပဏီတစ်ခုဖြစ်ပြီး နှစ်ပေါင်း(၆၀)အတွင်း ဆင့်ကဲနည်းပညာများ၊ စမ်းသပ်တီထွင်မှုများနဲ့ မော်တော်ယာဉ်များ ထုတ်လုပ်နေသည့် ကုမ္ပဏီဖြစ်သည်။

FAW သည် Truck ကားမော်ဒယ်သစ်ဖြစ်သည့် J6 တွင် ခေတ်ရှေ့ပြေးဆီစားနှုန်းသက်သာသည့် အင်ဂျင် 4-Valves, Mid-Fuel Injector ကိုတပ်ဆင်ထားပြီး ဖိအားမြင့် commom roll ဆီဖြန်းစနစ်ပါဝင်တာကြောင့် အပြည့်အဝလောင်ကျွမ်းပြီး အင်ဂျင်၏စွမ်းဆောင်ရည် အပြည့်အဝရရှိစေမည်ဖြစ်သည်။

FAW J6 Truck သည် လုပ်ငန်းဆောင်ရွက်မှု အနေအထားနှင့် လိုက်လျောညီထွေစွာ အင်ဂျင်၊ ဂီယာဘောက်၊ ရှေ့နောက်ဝင်ရိုးနှင့် အခြားအစိတ်အပိုင်းများကို တည်ဆောက်ထားပြီး FAW ၏ လှိုင်ခေါင်း လေခုခံအား စမ်းသပ်မှုအရ လေခုခံမှုကိန်းဂဏန်း (Air Resistance coefficient Cd) ကို 0.54 ထိ လျှော့ချနိုင်မည် ဖြစ်သည်။

ခရီးစဉ် ၁၀၀ ကီလိုမီတာမောင်းပြီးတိုင်း လောင်စာဆီ ၃.၄၇ လီတာ ကုန်ကျမှု သက်သာစေမည်ဖြစ်ပြီး ခုခံမှုအား ကောင်းမွန်သည့် Tubeless တာယာသုံးခြင်းအားဖြင့် ခရီးစဉ် ၁၀၀ ကီလိုမောင်းပြီးတိုင်း လောင်စာဆီ ၃.၅ လီတာ ကုန်ကျမှု သက်သာစေပါသည်။

J6 ၏ ထူးခြားသည့် တပ်ဆင်မှုများတွင် ဆီစားနှုန်းသက်သာသော အင်ဂျင် Model-CA6DM3 ကို overhead cam shaft, 4-Valves စနစ်ဖြင့် တပ်ဆင်ထုတ်လုပ်ထားပြီး ရုန်းအား 2300 Nm၊ ပေါ့ပါးသည့် အလူမီနီယံ ဂီယာဘောက်၊ ဂီယာရွေ့ပြောင်းမှု ညက်ညောခြင်းနှင့် ဘောဘယ်ရင်များ၊ Oil Seal များ၊ ဂီယာခွေးသွား စိတ်များ၏ ကြံ့ခိုင်မှုကို အထူးပြုတည်ဆောက်ထားကြောင်း သိရသည်။

Premier Automotive အနေဖြင့် FAW ၏ Truck မော်ဒယ်သစ် J6 ကို မြန်မာပြည်ဈေးကွက်တွင် ဒေါ်လာ ၆၅,၀၀၀ ဝန်းကျင်ဖြင့် ရောင်းချသွားမည်ဖြစ်ကြောင်းသိရပြီး နောက်ပိုင်း ဝန်ဆောင်မှုများကိုလည်း Premier Automotive မှ ပံ့ပိုးဆောင်ရွက်ပေးသွားမည်ဖြစ်သည်။

Premier Automotive သည် နောက်ပိုင်းတွင် မြန်မာနိုင်ငံဈေးကွက်သို့ FAW ကုမ္ပဏီထုတ်ကုန်တွေဖြစ်သည့် အကြီးစား၊ အလတ်စားနှင့် အသေးစားလုပ်ငန်းသုံးကားများ အဓိက တင်သွင်းရောင်းချသွားမည်ဖြစ်သည်။