M-SERIES PREMIUM MF BATTERY များမှာ နောက် ဆုံးပေါ်နည်းပညာဖြင်ဲ့ ထုတ်လုပ်ထားသော ဘက်ထရီ အမျိုးအစားဖြစ်ပြီး FB BATTERY ၏မြန်မာပြည်ကိုယ်စားလှယ် Brilliant Star International Co.Ltd မှ တင်သွင်းရောင်းချပေးနေခြင်းဖြစ်သည်။ FB Battery အမျိုးအစားများ မှာ Conventional Battery (အိုးအစို)၊ Super Maintenance Free Battery (အိုးခြောက်)၊ M-Series (Premium- MF )Battery (အိုးခြောက်)များနှင်ဲ့ Hybrid Truck Battery (အိုးစို) အမျိုးအစားများဖြစ်ပါသည်။ အဆိုပါဘက်ထရီကို ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ မကွေးတိုင်း၊ ရှမ်းပြည်နယ်၊ တနသာင်္ရီတိုင်း၊ စစ်ကိုင်းတိုင်း၊ မွန်ပြည်နယ်၊ အခြားသောပြည် နယ်နှင့်တိုင်းအသီးသီးရှိ ကိုယ်စားလှယ်များ မှတစ်ဆင့် မြန်မာနိုင်ငံ တစ်နိုင်ငံလုံးသို့ ဖြန့်ဖြူးရာင်းချလျက်ရှိပါသည်။
 
M-Series Battery အမျိုးအစားမှာ Maintenance Free battery အမျိုးအစားဖြစ်ပြီး လျှပ်စစ်စွမ်းအား အပြည့်အ၀ထွက်ရှိခြင်း (High Cracking Current)၊ ပလိတ်ပြားများကို အဆင့်မြင့်နည်းပညာဖြင်ဲ့ ပြုလုပ်တပ်ဆင်ထားခြင်း( Premium Grid Design with Punching Technology)၊ အခြေအနေပြ (Indicator) ပါရှိခြင်းနှင့် အသင့် အသုံး ပြုနိုင်ခြင်း (Ready to Use) တို့ကြောင့်မော်ဒယ်မြင့် ကားများအတွက် အထူးသင့်လျော်သည်ဟု သိရသည်။