FCA သည် မြောက်အမေရိကရှိ ၎င်း၏ ကားထုတ်လုပ်မှုဆိုင်ရာ Operation များကို April လ အလည်ခန့်တွင် ပြန်လည်ဖွင့်လှစ်ရန် ရည်ရွယ်ထားသည်။ မူလက March 30 တွင် ပြန်လည်ဖွင့်လှစ် ရန် စီစဉ်ထားသော်လည်းဒေသတွင်း အခြေအနေကြောင့် နောက်ဆုတ်ခဲ့ရခြင်း ဖြစ်သည်။ FCA ၏ လအလိုက် ကားရောင်းချရမှုသည် ပျမ်းမျှ ( 40 % ) ခန့် ကျဆင်းနေပြီး U.S အစိုးရမှ Virus ကြောင့် March လဆန်း၌ စက်ရုံများ ပိတ်သိမ်းရန်အစိုးရမှ ညွှန်ကြားခဲ့ပါသည်။ FCA သည် GM ၊ Ford တို့နှင့် ပူးပေါင်းပြီး ၎င်းတို့၏ စက်ရုံများကို ပိတ်သိမ်းခဲ့ပါသည်။ သို့သော် Marico ရှိ FCA စက်ရုံကိုမှု ယခုအချိန်အထိ ပိတ်သိမ်းရန် ဆုံးဖြတ်ရသောကြောင်းကိုလည်း ကြေငြာချက်၌ ပြောကြား ခဲ့ပါသည်။ FAC သည် ၎င်း၏ မော်တော်ယာဉ်အစိတ်အပိုင်းဖြန့်ဖြူးမှုနှင့် Service ထောက်ပံ မှုတို့ကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပြီး ကားများအတွက် အခြေခံလိုအပ်မှု ကြောင့်ဖြစ်သည်။ FCA အနေဖြင့် April လ အလည်တွင် စက်ရုံဖွင့်လှစ်ခြင်းအား ဒေသဆိုင်ရာ စည်းမျဉ်းများအတိုင်း လိုက်နာမည်ဖြစ်ပြီး သက်ဆိုင်ရာမှ ဖွင့်လှစ်ခွင့်မပြုပါက ယခုအတိုင်းဆက်လက်ရပ်ဆိုင်ထားမည် ။
Zawgyi Version….
FCA သည် မြောက်အမေရိကရှိ Operation များအား April လလည်တွင် ပြန်လည်ဖွင့်လှစ်ရန် ရည်ရွယ်