PSA Group နှင့် First Chrysler တို့ပူးပေါင်းခဲ့ပြီး Brand စုစုပေါင်း ၁၂ ခုမှ Model အားလုံး၏ ၇၀% ခန့်အား PSA ၏ EMPI Platform အပေါ်အခြေခံကာ ဖန်တီးမည်ဖြစ်ပြီး V-Segment City Car ၊ C-Segment Sedans ၊ Compact Crossover များအား အစင်းရေ (၂.၆သန်း) ခန့်၎င်း ၊ EMP 2 Platform အပေါ်အခြေခံကာ C and D Segment Cars ၊ High-end Crossover များအား အစင်းရေ (၃)သန်းခန့်၎င်း ၊ တပ်ဆင်ထုတ်လုပ်ရန် စီစဉ်ထားပါသည်။ ၎င်းတို့တွင် မျိုးဆက်သစ် Jeep Grand Cherokee ၊ Jeep Wrangler ၊ Rum Truck ၊ Chrysler Voyage ၊ Chrysler Pacifica ၊ Jeep Cherokee ၊ Dodge Durango စသည့် Model များ ပါဝင်မည်။ PSA သည် General Motors ၏ Opel နှင့် Vauxhall တို့အားလည်း ဝယ်ယူထားပြီး ၎င်းတို့၏ Model များအား In-house platform ဖြင့် ထုတ်လုပ်တပ်ဆင်ပါမည်။ Compact Modular Platform ဖြင့် ထုတ်လုပ်မည့် ပထမဆုံး FCA Model သည် Alfa Romeo ဖြစ်ပြီး 2022 တွင် ထုတ်လုပ်မည်ဖြစ်သည်။
Zawgyi Version…
FCA – PSA Group မှ ထုတ်လုပ်မည့် Model ၇၀% အား PSA Platform ၂ ခုဖြင့် ထုတ်လုပ်မည်