Unicode version…

အီတလီနိုင်ငံမှာ အခြေစိုက်တဲ့ ကမ္ဘာကျော် ကား ထုတ်လုပ်ရေး ကုမ္ပဏီဖြစ်တဲ့ Ferrari က အမျိုးအစား အများအပြားကို Ferrari 485 ကားနဲ့ ပြီးခဲ့တဲ့ နှစ်က အစားထိုး ပြောင်းလဲပြီး ထုတ်လုပ်ခဲ့ပါတယ်။ Italian လူကြီးလူကောင်း Gentlemen တွေက မြူးကြွသွက်လက် ပြီး့၊ မြင်းတစ်ကောင်အလား အပြေးမြန်တဲ့ Ferrari လို ကားပုံစံ ကိုမှ စိတ်ထဲမှာ စွဲလန်း နှစ်သက်ကြပါတယ်။ ဒါကြောင့် ခန့်ညား ထည်ဝါပြီး ခွန်အား ကြီးမားတဲ့ တာဘို မပါ Monster အင်ဂျင်တပ်ဆင်ထားဆဲ့ Ferrari 458 ကားကတော့ စျေးကွက် အတွင်းမှာလူကြိုက်များ၊ ရောင်း အား ကောင်းတဲ့ ကားတစ်စီး အဖြစ် ဆက်လက် ရပ်တည် နေဆဲဖြစ်ပါတယ်။

Ferrari ကားရဲ့ Driving စွမ်းဆောင်ရည် က ကမ္ဘာမှာ ပိုပြီး ထင်ရှားကျော်ကြားလာတဲ့ အကြောင်းတွေ အများကြီး ရှိနေပါတယ်။ Toyota , General Motor , အမှတ်တံဆိပ် ကုမ္ပဏီမှာ သုံးတဲ့ သုတေသန နှင့် ဖွံ့ဖြိုး ရေး ရန်ပုံငွေ ဘက်ဂျက် ပမာဏ ရဲ့ အလွန်နည်းပါးတဲ့ ရန်ပုံငွေကို သုံးခဲ့ပေမယ့် Ferrari စူပါကားတွေ ကတော့ ပုံမှန် ထုတ်လုပ် နိုင်ခဲ့ပါတယ်။ တစ်နှစ်ကို Supercar စီးရေ (၈,ဝဝဝ) လောက် ရောင်းချနိုင်ခဲ့တာဟာ ဘာပဲ ဖြစ်ဖြစ် တစ်ခြားကားတွေထက် အံ့သြစရာ ကောင်းတဲ့ ကားအမျိုးအစား တစ်ခုပါပဲ။ ဒါပေမယ့် Ferrari 458 car ကတော့ သူရဲ့ စွမ်းဆောင်ရည် ကောင်းမွန်မှုကြောင့် လက်ရှိအချိန်ထိ အဆင့်တန်း ရှိရှိ ရပ်တည်နိုင်ခဲ့ပါတယ်။ လူအများစုက မဖြစ်နိုင်ဘူးလို့ စဉ်စားတဲ့ အချက်တွေကို လုပ်ဆောင်ပြနိုင်ခဲ့ပါတယ်။ ကိုင်တွယ်မောင်းနှင် ရတာပို ကောင်းပြီး ပိုမြန်တဲ့ ကား၊ စွဲဆောင်မှုရှိတဲ့ စူပါကား Supercar အဖြစ် ထုတ်လုပ်နိုင်ခဲ့လို့ ရှေ့အနာဂတ်ခရီးမှာ တကယ့် အောင်မြင်မှုတွေနဲ့ ဦးဆောင်နေရာယူ သွားနိုင် မှာ ဖြစ်ပါတယ်။

ဒါပေမဲ့ မျိုးဆက်သစ်တိုင်းမှာ နည်းပညာနဲ့ အင်ဂျင်နီယာပညာရပ် အဆင့်မြင့်တိုးတက်မှုတွေကို အချို့နေရာတွေမှာ တွေ့မြင်ရပြီး တစ်ချို့နေရာတွေ မှာတော့ ပျောက်ဆုံးနေပါတယ်။ Ferrari 488 မှာတုန်းက အိတ်ဇော အီမစ်ရှင်းနဲ့ လောင်စာဆီ စားနှုုန်း၊ သတ်မှတ် ချက်တွေကို ဥပဒေစိုးမိုးတဲ့ နိုင်ငံတွေမှာ၊ ထိန်းသိမ်း ထားနိုင်ခဲ့ပါတယ်။ ဒါကလည်း အိတ်ဇောဓါတ် ငွေ့ပါ၀ါ စွမ်းအားနဲ့လည်ပတ်တဲ့၊ တာဘိုချာဂျာက၊ အင်ဂျင် ဆလင်ဒါထဲကို လေများများဝင်နိုင်အောင် တွန်းပို့ပေးနိုင် ဖို့ဖြစ်ပါတယ်။ ဆလင်ဒါ ၈ လုံးထိုး၊ ဗား ၃၂ ချောင်းပါတဲ့ Ferrari 458 ရဲ့ အင်ဂျင်မှာတာ့၊ အင်ဂျင်၊ အသက်ရှူတာ (အင်ဂျင်ထဲလေဝင်ခြင်း)ကို တာဘို မသုံးပဲ ပင်ကိုယ်စုပ် ယူအားနဲ့ပဲ လုပ်ဆောင်စေပါတယ်။ ပြည့်စုံတဲ့ ကြံ့ခိုင်မှု တွေအပြင်၊ တာဘိုချာဂျာရဲ့ တုန့်ပြန်မှုနောက်ကျနှေးကွေး တာကို ထည့်သွင်းစဉ်းစားပြီး ကြိုတင်ခန့်မှန်းချက် အစီအစဉ်တွေ ချက်ချင်းဖြစ်လာပါတယ်။ အတိတ်ခေတ် ကာလဆီက အကြောင်းကိစ္စတစ်ခုဖြစ်ပါတယ်။

စက်စွမ်းအားပြည့် လည်ပတ်တဲ့အချိန်မှာ အင်ဂျင်စက်ရဲ့ စက်သံက သံစုံတေးသွားလိုမျိုး ဖြစ်နေ တာကလည်း ဓါတ်ဆီမီးလောင်ပေါက်ကွဲမှုကို ထိန်းချုပ်မှု ပေါင်း တစ်ရာ လောက် ပါ၀င်ဖွဲ့စည်းမှုရဲ့ အံ့သြစရာတစ်ခု ပါပဲ။ Ferrari ရဲ့ အိတ်ဇောထိန်းချုပ်မှုစနစ်ကတော့ ကျယ် လောင်တဲ့ ဂီတ Note သံစဉ်တစ်ခုအဖြစ် အသံညှိပေးနိုင် သော ဆရာတစ်ပါးဖြစ်ပါတယ်။

Ferrari 458 က Ferrari 430 နေရာမှာ အစားထိုးဝင်ရောက်လာတဲ့ Model သစ် ကားတစ်စီးပါ။ ဒီ Model မှာ ကိုယ်ပိုင်နည်းပညာတီထွင် ဆန်းသစ်မှုတွေ ကို Ferrari F1 ပြိုင်ကားအတွေ့အကြုံတွေကနေ တစ်ဆင့် ကူးပြောင်းယူထားတာဖြစ်ပါတယ်။ ၂၀၀၉ ခုနှစ် မှာ ထွက်ရှိလာတဲ့ ပြိုင်ကားပုံစံမှာတော့ အင်ဂျင် Output စွမ်းအားတွေ၊ ဂီယာ၊ စတီယာရင် ၊ဘရိတ် ၊အောက်ပိုင်း ဆပ်စပင်းရှင်း၊ လေအားသက် ရောက်မှု ဒိုင်းနမစ် (Aerodynamics) ပညာရပ်များမှာ ပိုမိုတိုးတက်ကောင်း မွန်လာတာတွေ့ရပါတယ်။ အထူးသဖြင့် ကားတွေမှာ On-Board ကွန်ပျူတာစတင်တပ်ဆင်သုံးစွဲတဲ့ အချိန်မှာ ယာဉ်မောင်းသူနှင့် ဒီစနစ်ကြားမှာ ဆက်သွယ်ဆောင်ရွက် မှုတွေအဆင်ပြေအောင် ကြီးမားစွာဖြတ်ကျော်ခဲ့ရပါတယ်။

Ferrari ရဲ့ အဓိက ကြီးကျယ်မှုကတော့ ကား ဘော်ဒီကိုယ်ထည် ဒီဇိုင်း စတိုင်ပါပဲ။ ဘော်ဒီပုံစံ ဒီဇိုင်းကို Pininfarina ကပုံဖော်ထားပြီး ခေတ်မီစူပါကား တစ်စီးရဲ့ ဘော်ဒီပုံစံဖြစ်ပါတယ်။ လှပတဲ့ မျက်နှာရုပ်သွင် ချောမွတ် တောက်ပြောင်နေတဲ့ စတိုင်ပုံစံတွေကတော့ မြင်ရသူကို စိတ်လှုပ်ရှားသွားစေပါတယ်။ ဒီဘော်ဒီပုံစံက အမြန်နှုန်း 200 Km / hr လောက် ပြေးနေတဲ့အချိန်အနေမှာ 140 kg အလေးချိန် လောက်ကို လျော့ကျသွား စေပါတယ်။ ကားရှေ့ပိုင်းရေတိုင်ကီကို ကာရံထားတဲ့ Grille ရှဲလ် ပုံစံ ကိုလည်း လေခွဲအား ပိုကောင်းအောင် ပုံစံဒီဇိုင်းပြောင်း လိုက်ပါတယ်။ ဒါတွေအားလုံးကို ပြောင်းလဲပြီးတဲ့အချိန်မှာ တော့ Ferrari ကားလေးရဲ့ လှပတင့်တယ်မှုက ရက်ရက် စက်စက်ကို လျို့ဝှက်ဆန်းကျယ် သိမ်မွေ့လှပါတယ်။ သေချာတာတစ်ခုကတော့ Ferrari ကပေးတဲ့ စွဲလမ်းမှု ဝေဒနာခံစားမှု တစ်ခုကို သင့်ထံမှာ ချန်ထားခဲ့ပါလိမ့်မယ်။ အရမ်းကိုလှပတဲ့ မိန်းကလေးတစ်ယောက်ရဲ့ ညှို့ယူဖမ်း စားခြင်းခံရသလိုပါပဲ။

အတွင်းပိုင်း ဒီဇိုင်းအလှအပတွေကို မူလ အော်ရီ ဂျင်နယ် F1 ဒီဇိုင်းလိုပဲ Michael Schumacher ထံမှ ဒီဇိုင်း ဆင်ထားပါတယ်။ အထူးသဖြင့် စတီယာရင်ကွင်း ပေါ်မှာ တိုက်ရိုက်ထိမ်းချုပ်မှုတွေ လုပ်ဆောင်နိုင်အောင် နေရာပြောင်းရွှေထားပါတယ်။

ပြိုင်းကားဝါသနာအိုး တစ်ယောက်လို ကားအမြန် မောင်းခဲ့ရင်တောင် တာယာဘီးတွေ ကုတ်အား ချော် ထွက် မှုမျိုးမဖြစ်ပါ။ F1 ပြိုင်ကားလိုပဲ ကားဘော်ဒီ ကိုယ်ထည်ကို အောက်ခြေအထိနှိမ့်ထားပါတယ်။ သင့်ခြေ ထောက်တွေကို ရှေ့ကို ဆန့်ထုတ်နိုင်ပါတယ်။ ထိုင်ခုံ အနေအထားက တိုယိုတာ မိသားစုဝင် ဆီဒင်ကားတွေနဲ့ မတူပါဘူး။ ဒါပေမယ့် တစ်ချို့အရာတွေကို ယူသုံးထားပါ တယ်။ အတွင်းပိုင်း အပြင်အဆင်တွေကို သားရေအ ကောင်းစားတွေ သုံးထားတာကြောင့် ကြီးကျယ်ခန်းနားလှ ပါတယ်။ စျေးနှုန်းကလည်း သင်မှန်းထားသလောက် မြင့်နေပါလိမ့်မယ််။ Ferrari ကို တည်ထောင်သူ ဖေါင်ဒါ Enzo Ferrari က ကားပြိုင်မောင်းခြင်းကို ဘယ်လောက် အထိ နှစ်သက်စွဲလမ်းသလဲဆိုရင် ရှေ့ခေတ် မြင်းစီးစစ် သည်တော်တွေထက်ကို စိတ်သဘောထား ကြီးမား သာလွန်နေပါသတဲ့။ ကားပြိုင်ခြင်းက ရလာတဲ့ အကျိုးစီး ပွား ကားတည်ဆောက်မှု တွေထက် ပြိုင်ကားမောင်းနေ ရတာကို ပိုပြီးသဘောကျပါတယ်။ ကျန်တဲ့ကိစ္စ အ ကြောင်း အရာတွေကို အသေးအဖွဲဘဲ သဘောထား တယ်။အီတာလျှံ လူမျိုးတို့ရဲ့ မာန်မာန နဲ့ပတ်သက်ပြီး မကြာခဏ ပြောလေ့ရှိတဲ့ စကား တစ်ခွန်းကတော့ “We Build, You buy” ပါတဲ့။ Ferrari ဒီဇီုင်း စတူဒီယိုမှာ ပြောကြားတဲ့စကားစုပါ။

ယှဉ်ပြိုင်မှုတွေ ပြင်းထန်လှတဲ့ ခေတ်သစ် ကမ္ဘာ့ ကားစျေးကွက်မှာ အရာအားလုံးပြောင်းလဲနေပါ တယ်။ ဘုရားသခင်က ပေးတဲ့ အခွင့်အရေး တွေမပါပဲ လက် တွေ့ကျကျ လုပ်ယူကြိုးပမ်းခဲ့ပါတယ်။ ကားတစ်စီ ရဲ့ လိုအပ်ချက်တွေကတော့ သဘာဝကျတဲ့ အချက်တွေ အများကြီးပါပဲ။ ယာဉ်မောင်းတွေ သက်သောင့်သက်သာ ရှိဖို့ ၊အဆင်ပြေဖို့ မြေပြင်နှင့်နီးစပ်ပြီးနိမ့်ဖို့၊ လေအေးစက် အပြစ်ကင်းဖို့၊ မှန်တင်မှန်ချ စနစ်တွေကောင်းဖို့၊ နူးညံ့တဲ့ ထိုင်ခုံဖြစ်ဖို့၊ လူတိုင်းအကြိုက်တွေ့ဖို့ အားလုံးကို ထည့် သွင်း စဉ်းစားပြီး ပြုလုပ်ခဲ့ရပါတယ်။

နောက်ဆုံုးရလာဒ်ကတော့ ကြီးကျယ်ခန်းနားမှု တွေ ပြည့်နှက်နေပါတယ်။ Ferrari ကိုယ်ပိုင်ကားပြိုင် ကွင်းထဲမှာ Ferrari Test Drive ကို ကျင်းပခဲ့ပါတယ်။ ဂျာမန်၊ ဗြိိတိန်မှာ လုပ်တဲ့ Sports ကားပြိုင်ပွဲက ပါဖေါင်းမန့် တွေနဲ့မတူတဲ့ ခံစားရမှုမျိုးကို သင်အပြည့်အဝ ခံစားရပါလိမ့်မယ်။

Ferrari 485 က အရွယ်အစားကြီးတယ်၊ လှပ ခန့်ညားပါတယ်၊ go – kart ပြိုင်ကားပုံစံ မျိုးအတိ အကျ ဖြစ်တယ်။ ဘာကြောင့်များ လူတွေက ငွေပေးပြီး ၀ယ်နေ ကြတာလဲ။ အရှူးအနှမ်း စျေးနှုန်းလား။ တကယ်တော့ ဒီကားရဲ့စျေးနှုန်းက တန်ရာတန်ကြေးဖြစ် နေလို့ပါပဲ။

ကားနဲ့သက်ဆိုင်တဲ့အချက်အလက်များ

(Specifications)

Engine : 4.5L naturally aspirated 32- valve V8

Horsepower : 562hp (597 in the Speciale) @ 9,000 prm

Torque : 540 Nm (398 lb.ft) at 6,000 rpm

Transmission : 7-speed automatic dual clutch

Suspension : Adaptive magnetorheological dampers

:0-100 km/hr –Under 3 seconds

Top Speed :340 km/hr

Weight :1565 kg

Cameron

Zawgyi version…

အီတလီႏိုင္ငံမွာ အေျခစိုက္တဲ့ ကမၻာေက်ာ္ ကား ထုတ္လုပ္ေရး ကုမၸဏီျဖစ္တဲ့ Ferrari က အမ်ဳိးအစား အမ်ားအျပားကို Ferrari 485 ကားနဲ႔ ၿပီးခဲ့တဲ့  ႏွစ္က အစားထုိး ေျပာင္းလဲၿပီး ထုတ္လုပ္ခဲ့ပါတယ္။ Italian  လူႀကီးလူေကာင္း Gentlemen ေတြက ျမဴးႂကြသြက္လက္ ၿပီး့၊ ျမင္းတစ္ေကာင္အလား အေျပးျမန္တဲ့ Ferrari လို ကားပံုစံ ကိုမွ     စိတ္ထဲမွာ စဲြလန္း ႏွစ္သက္ၾကပါတယ္။ ဒါေၾကာင့္ ခန္႔ညား ထည္ဝါၿပီး ခြန္အား ႀကီးမားတ့ဲ  တာဘို မပါ Monster အင္ဂ်င္တပ္ဆင္ထားဆဲ့ Ferrari 458 ကားကေတာ့  ေစ်းကြက္ အတြင္းမွာလူႀကိုက္မ်ား၊ ေရာင္း အား ေကာင္းတဲ့ ကားတစ္စီး အျဖစ္ ဆက္လက္ ရပ္တည္ ေနဆဲျဖစ္ပါတယ္။

Ferrari ကားရဲ႕ Driving စြမ္းေဆာင္ရည္ က ကမၻာမွာ ပိုၿပီး ထင္႐ွားေက်ာ္ၾကားလာတဲ့ အေၾကာင္းေတြ အမ်ားႀကီး ႐ွိေနပါတယ္။ Toyota , General Motor , အမွတ္တံဆိပ္ ကုမၸဏီမွာ သံုးတဲ့ သုေတသန ႏွင့္ ဖြံ႕ၿဖိဳး ေရး ရန္ပံုေငြ ဘက္ဂ်က္ ပမာဏ ရဲ႕ အလြန္နည္းပါးတဲ့ ရန္ပံုေငြကို သံုးခဲ့ေပမယ့္ Ferrari စူပါကားေတြ ကေတာ့ ပံုမွန္ ထုတ္လုပ္ ႏိုင္ခဲ့ပါတယ္။ တစ္ႏွစ္ကို Supercar စီးေရ (၈,ဝဝဝ) ေလာက္ ေရာင္းခ်ႏိုင္ခဲ့တာဟာ ဘာပဲ ျဖစ္ျဖစ္ တစ္ျခားကားေတြထက္ အံ့ၾသစရာ ေကာင္းတဲ့ ကားအမ်ိဳးအစား တစ္ခုပါပဲ။ ဒါေပမယ့္ Ferrari 458 car ကေတာ့ သူရဲ႕ စြမ္းေဆာင္ရည္ ေကာင္းမြန္မႈေၾကာင့္ လက္႐ွိအခ်ိန္ထိ အဆင့္တန္း ႐ွိ႐ွိ ရပ္တည္ႏိုင္ခဲ့ပါတယ္။ လူအမ်ားစုက မျဖစ္ႏိုင္ဘူးလို႔ စဥ္စားတဲ့ အခ်က္ေတြကို လုပ္ေဆာင္ျပႏိုင္ခဲ့ပါတယ္။ ကိုင္တြယ္ေမာင္းႏွင္ ရတာပို ေကာင္းျပီး ပိုျမန္တဲ့ ကား၊ စြဲေဆာင္မႈရွိတဲ့ စူပါကား Supercar အျဖစ္ ထုတ္လုပ္ႏိုင္ခဲ့လို႔ ေ႐ွ႕အနာဂတ္ခရီးမွာ တကယ့္ ေအာင္ျမင္မႈေတြနဲ႔ ဦးေဆာင္ေနရာယူ သြားနိုင္ မွာ ျဖစ္ပါတယ္။

ဒါေပမဲ့ မ်ဳိးဆက္သစ္တိုင္းမွာ နည္းပညာနဲ႔ အင္ဂ်င္နီယာပညာရပ္ အဆင့္ျမင့္တိုးတက္မႈေတြကို အခ်ိဳ႕ေနရာေတြမွာ ေတြ႔ျမင္ရၿပီး တစ္ခ်ိဳ႕ေနရာေတြ မွာေတာ့ ေပ်ာက္ဆံုးေနပါတယ္။ Ferrari 488 မွာတုန္းက အိတ္ေဇာ အီမစ္ရွင္းနဲ႔ ေလာင္စာဆီ စားႏႈုန္း၊ သတ္မွတ္ ခ်က္ေတြကို ဥပေဒစိုးမိုးတဲ့ ႏုိင္ငံေတြမွာ၊ ထိန္းသိမ္း ထားႏုိင္ခဲ့ပါတယ္။ ဒါကလည္း အိတ္ေဇာဓါတ္ ေငြ႕ပါ၀ါ စြမ္းအားနဲ႔လည္ပတ္တဲ့၊ တာဘိုခ်ာဂ်ာက၊ အင္ဂ်င္ ဆလင္ဒါထဲကို ေလမ်ားမ်ား၀င္ႏုိင္ေအာင္ တြန္းပို႔ေပးႏုိင္ ဖို႔ျဖစ္ပါတယ္။ ဆလင္ဒါ ၈ လံုးထိုး၊ ဗား ၃၂ ေခ်ာင္းပါတဲ့ Ferrari 458 ရဲ႕ အင္ဂ်င္မွာတာ့၊ အင္ဂ်င္၊ အသက္ရွဴတာ (အင္ဂ်င္ထဲေလ၀င္ျခင္း)ကို တာဘို မသံုးပဲ ပင္ကိုယ္စုပ္ ယူအားနဲ႔ပဲ လုပ္ေဆာင္ေစပါတယ္။ ျပည့္စံုတဲ့ ႀကံ႕ခိုင္မႈ ေတြအျပင္၊ တာဘိုခ်ာဂ်ာရဲ႕ တုန္႔ျပန္မႈေနာက္က်ေႏွးေကြး တာကို ထည့္သြင္းစဥ္းစားၿပီး ႀကိဳတင္ခန္႔မွန္းခ်က္ အစီအစဥ္ေတြ ခ်က္ခ်င္းျဖစ္လာပါတယ္။ အတိတ္ေခတ္ ကာလဆီက အေၾကာင္းကိစၥတစ္ခုျဖစ္ပါတယ္။

စက္စြမ္းအားျပည့္ လည္ပတ္တဲ့အခ်ိန္မွာ အင္ဂ်င္စက္ရဲ႕ စက္သံက သံစံုေတးသြားလိုမ်ိဳး ျဖစ္ေန တာကလည္း ဓါတ္ဆီမီးေလာင္ေပါက္ကြဲမႈကို ထိန္းခ်ဳပ္မႈ ေပါင္း တစ္ရာ ေလာက္ ပါ၀င္ဖြဲ႕စည္းမႈရဲ႕ အံ့ၾသစရာတစ္ခု ပါပဲ။ Ferrari ရဲ႕ အိတ္ေဇာထိန္းခ်ဳပ္မႈစနစ္ကေတာ့ က်ယ္ ေလာင္တဲ့ ဂီတ Note သံစဥ္တစ္ခုအျဖစ္ အသံညွိေပးႏုိင္ ေသာ ဆရာတစ္ပါးျဖစ္ပါတယ္။

Ferrari 458 က Ferrari 430 ေနရာမွာ အစားထိုး၀င္ေရာက္လာတဲ့ Model သစ္ ကားတစ္စီးပါ။ ဒီ Model မွာ ကိုယ္ပိုင္နည္းပညာတီထြင္ ဆန္းသစ္မႈေတြ ကို Ferrari F1 ၿပိဳင္ကားအေတြ႕အႀကံဳေတြကေန တစ္ဆင့္ ကူးေျပာင္းယူထားတာျဖစ္ပါတယ္။ ၂၀၀၉ ခုႏွစ္ မွာ ထြက္ရွိလာတဲ့ ၿပိဳင္ကားပံုစံမွာေတာ့ အင္ဂ်င္ Output စြမ္းအားေတြ၊ ဂီယာ၊ စတီယာရင္ ၊ဘရိတ္ ၊ေအာက္ပိုင္း ဆပ္စပင္းရွင္း၊ ေလအားသက္ ေရာက္မႈ ဒိုင္းနမစ္ (Aerodynamics)   ပညာရပ္မ်ားမွာ ပိုမိုတုိးတက္ေကာင္း မြန္လာတာေတြ႕ရပါတယ္။ အထူးသျဖင့္ ကားေတြမွာ On-Board ကြန္ပ်ဴတာစတင္တပ္ဆင္သံုးစြဲတဲ့ အခ်ိန္မွာ ယာဥ္ေမာင္းသူႏွင့္ ဒီစနစ္ၾကားမွာ ဆက္သြယ္ေဆာင္ရြက္ မႈေတြအဆင္ေျပေအာင္ ႀကီးမားစြာျဖတ္ေက်ာ္ခဲ့ရပါတယ္။

Ferrari ရဲ႕ အဓိက ႀကီးက်ယ္မႈကေတာ့ ကား ေဘာ္ဒီကိုယ္ထည္ ဒီဇိုင္း စတိုင္ပါပဲ။ ေဘာ္ဒီပံုစံ ဒီဇိုင္းကို Pininfarina ကပံုေဖာ္ထားၿပီး ေခတ္မီစူပါကား တစ္စီးရဲ႕ ေဘာ္ဒီပံုစံျဖစ္ပါတယ္။ လွပတဲ့ မ်က္ႏွာရုပ္သြင္ ေခ်ာမြတ္ ေတာက္ေျပာင္ေနတဲ့ စတုိင္ပံုစံေတြကေတာ့ ျမင္ရသူကို စိတ္လႈပ္ရွားသြားေစပါတယ္။ ဒီေဘာ္ဒီပံုစံက အျမန္ႏႈန္း 200 Km / hr ေလာက္ ေျပးေနတဲ့အခ်ိန္အေနမွာ 140 kg အေလးခ်ိန္ ေလာက္ကို ေလ်ာ့က်သြား ေစပါတယ္။ ကားေရွ႕ပိုင္းေရတုိင္ကီကို ကာရံထားတဲ့ Grille ရွဲလ္ ပံုစံ ကိုလည္း ေလခြဲအား ပိုေကာင္းေအာင္ ပံုစံဒီဇိုင္းေျပာင္း လုိက္ပါတယ္။ ဒါေတြအားလံုးကို ေျပာင္းလဲၿပီးတဲ့အခ်ိန္မွာ ေတာ့ Ferrari ကားေလးရဲ႕ လွပတင့္တယ္မႈက ရက္ရက္ စက္စက္ကို လ်ိဳ႕၀ွက္ဆန္းက်ယ္ သိမ္ေမြ႕လွပါတယ္။ ေသခ်ာတာတစ္ခုကေတာ့ Ferrari ကေပးတဲ့ စြဲလမ္းမႈ ေ၀ဒနာခံစားမႈ တစ္ခုကို သင့္ထံမွာ ခ်န္ထားခဲ့ပါလိမ့္မယ္။ အရမ္းကိုလွပတဲ့ မိန္းကေလးတစ္ေယာက္ရဲ႕ ညွိဳ႕ယူဖမ္း စားျခင္းခံရသလိုပါပဲ။

အတြင္းပိုင္း ဒီဇိုင္းအလွအပေတြကို မူလ ေအာ္ရီ ဂ်င္နယ္ F1 ဒီဇိုင္းလိုပဲ Michael Schumacher ထံမွ ဒီဇုိင္း ဆင္ထားပါတယ္။ အထူးသျဖင့္ စတီယာရင္ကြင္း ေပၚမွာ တုိက္ရိုက္ထိမ္းခ်ဳပ္မႈေတြ လုပ္ေဆာင္ႏုိင္ေအာင္ ေနရာေျပာင္းေရႊထားပါတယ္။

ၿပိဳင္းကား၀ါသနာအိုး တစ္ေယာက္လို ကားအျမန္ ေမာင္းခဲ့ရင္ေတာင္ တာယာဘီးေတြ ကုတ္အား ေခ်ာ္ ထြက္ မႈမ်ိဳးမျဖစ္ပါ။ F1 ၿပိဳင္ကားလိုပဲ ကားေဘာ္ဒီ ကိုယ္ထည္ကို ေအာက္ေျခအထိႏွိမ္႔ထားပါတယ္။ သင့္ေျခ ေထာက္ေတြကို ေရွ႕ကို ဆန္႔ထုတ္ႏုိင္ပါတယ္။ ထိုင္ခံု အေနအထားက တိုယိုတာ မိသားစု၀င္ ဆီဒင္ကားေတြနဲ႔ မတူပါဘူး။ ဒါေပမယ့္ တစ္ခ်ဳိ႕အရာေတြကို ယူသံုးထားပါ တယ္။ အတြင္းပိုင္း အျပင္အဆင္ေတြကို သားေရအ ေကာင္းစားေတြ သံုးထားတာေၾကာင့္ ႀကီးက်ယ္ခန္းနားလွ ပါတယ္။ ေစ်းႏႈန္းကလည္း သင္မွန္းထားသေလာက္ ျမင့္ေနပါလိမ့္မယ္္။ Ferrari ကို တည္ေထာင္သူ ေဖါင္ဒါ Enzo Ferrari က ကားၿပိဳင္ေမာင္းျခင္းကို ဘယ္ေလာက္ အထိ ႏွစ္သက္စြဲလမ္းသလဲဆိုရင္ ေရွ႕ေခတ္ ျမင္းစီးစစ္ သည္ေတာ္ေတြထက္ကို စိတ္သေဘာထား ႀကီးမား သာလြန္ေနပါသတဲ့။ ကားၿပိဳင္ျခင္းက ရလာတဲ့ အက်ိဳးစီး ပြား ကားတည္ေဆာက္မႈ ေတြထက္ ၿပိဳင္ကားေမာင္းေန ရတာကို ပိုၿပီးသေဘာက်ပါတယ္။ က်န္တဲ့ကိစၥ အ ေၾကာင္း အရာေတြကို အေသးအဖြဲဘဲ သေဘာထား တယ္။အီတာလွ်ံ လူမ်ိဳးတို႔ရဲ႕ မာန္မာန နဲ႔ပတ္သက္ၿပီး မၾကာခဏ ေျပာေလ့ရွိတဲ့ စကား တစ္ခြန္းကေတာ့     “We Build, You buy” ပါတဲ့။ Ferrari  ဒီဇီုင္း စတူဒီယုိမွာ ေျပာၾကားတဲ့စကားစုပါ။

ယွဥ္ၿပိဳင္မႈေတြ ျပင္းထန္လွတဲ့ ေခတ္သစ္ ကမၻာ့ ကားေစ်းကြက္မွာ အရာအားလံုးေျပာင္းလဲေနပါ တယ္။ ဘုရားသခင္က ေပးတဲ့ အခြင့္အေရး ေတြမပါပဲ လက္ ေတြ႕က်က် လုပ္ယူႀကိဳးပမ္းခဲ့ပါတယ္။ ကားတစ္စီ ရဲ႕ လိုအပ္ခ်က္ေတြကေတာ့ သဘာ၀က်တဲ့ အခ်က္ေတြ အမ်ားႀကီးပါပဲ။ ယာဥ္ေမာင္းေတြ သက္ေသာင့္သက္သာ ရွိဖို႔ ၊အဆင္ေျပဖို႔ ေျမျပင္ႏွင့္နီးစပ္ၿပီးနိမ့္ဖို႔၊ ေလေအးစက္ အျပစ္ကင္းဖို႔၊ မွန္တင္မွန္ခ် စနစ္ေတြေကာင္းဖို႔၊ ႏူးညံ့တဲ့ ထုိင္ခံုျဖစ္ဖို႔၊ လူတိုင္းအႀကိဳက္ေတြ႕ဖို႔ အားလံုးကို ထည့္ သြင္း စဥ္းစားၿပီး ျပဳလုပ္ခဲ့ရပါတယ္။

ေနာက္ဆုံုးရလာဒ္ကေတာ့ ႀကီးက်ယ္ခန္းနားမႈ ေတြ ျပည့္ႏွက္ေနပါတယ္။ Ferrari ကိုယ္ပိုင္ကားၿပိဳင္ ကြင္းထဲမွာ Ferrari Test Drive ကို က်င္းပခဲ့ပါတယ္။ ဂ်ာမန္၊ ၿဗိိတိန္မွာ လုပ္တဲ့ Sports ကားၿပိဳင္ပြဲက ပါေဖါင္းမန္႔ ေတြနဲ႔မတူတဲ့ ခံစားရမႈမ်ိဳးကို သင္အျပည့္အ၀ ခံစားရပါလိမ့္မယ္။

Ferrari 485 က အရြယ္အစားႀကီးတယ္၊ လွပ ခန္႔ညားပါတယ္၊ go – kart ၿပိဳင္ကားပံုစံ မ်ိဳးအတိ အက် ျဖစ္တယ္။ ဘာေၾကာင့္မ်ား လူေတြက ေငြေပးၿပီး ၀ယ္ေန ၾကတာလဲ။ အရွဴးအႏွမ္း ေစ်းနႈန္းလား။ တကယ္ေတာ့ ဒီကားရဲ႕ေစ်းႏႈန္းက တန္ရာတန္ေၾကးျဖစ္ ေနလို႔ပါပဲ။

ကားနဲ႔သက္ဆုိင္တဲ့အခ်က္အလက္မ်ား

            (Specifications)

Engine         :     4.5L naturally aspirated       32- valve    V8

Horsepower :     562hp (597 in the Speciale) @ 9,000 prm

Torque         :     540 Nm (398 lb.ft) at 6,000 rpm

Transmission :     7-speed automatic dual clutch

Suspension   :     Adaptive magnetorheological dampers

:0-100 km/hr –Under  3  seconds

Top  Speed    :340  km/hr

Weight          :1565 kg

     Cameron