Unicode version..

ကမ္ဘာကျော်ကား ထုတ်လုပ်ရေးကုမ္ပဏီ တစ်ခုဖြစ်တဲ့ Mercedes က လွန်ခဲ့သော နှစ်ပေါင်း ခြောက်ကျော်မှာ ကမ္ဘာ့ပထမဆုံး Super car တစ်စီးကို ထုတ်လုပ်ခဲ့ပါတယ််။ 1954 ခုနှစ်မှာထုတ်လုပ်ခဲ့တဲ့ ကမ္ဘာ့အမြန်ဆုံး Super Classic Car ဖြစ်တဲ့ Mercedes – Benz 300 SL ကို ကမ္ဘာ ကျော်ဟောလီးဝုဒ်ရုပ်ရှင်မင်းသမီး Sofia Loren (ဆိုဖီယာလောရင့်)က နှစ်သက်မြတ်နိုးစွာ စီးခဲ့တာ ဖြစ်ပါတယ်။ ကားရဲ့ ဘေးတံခါးနှစ်ဖက်ကို စင် ရော်ငှက်တောင်ပံလို ဖြန့်ကားပြီး မတင်ထားနိုင်တဲ့ အတွက် ကားရဲ့ ရုပ်သွင်က ငှက်တစ်ကောင် (သို့) လေယာဉ်တစ်စီး လေထဲမှာ ပျံဝဲနေတဲ့ ဟန်ပန်မျိုး တွေ့မြင်ရမှာပါ။ ဒီကားကို ရုပ်ရှင် ဇာတ်လမ်းရိုက် ကူးရေးမှာ ထည့်သွင်းအသုံးပြုခဲ့ပြီး လှပဆန်းကြယ် တဲ့ ကားဒီဇိုင်းကို တီထွင်နိုင်ခဲ့တဲ့ Mercedes ကုမ္ပဏီရဲ့ ပုံရိပ်ကို လည်း ပထမအဆင့် နေရာမှာ ရပ်တည်နိုင်အောင် စွမး် ဆောင်ပေးနိုင်ခဲ့ပါတယ်။ ယနေ့အချိန်အထိ ကမ္ဘာ့ကားထုတ်လုပ်ရေး လော ကမှာ အလှပဆုံးနဲ့ ဆန်းသစ်တီ ထွင်မှုအမြင့်မား ဆုံးကို လုပ်ဆောင်နိုင်ခဲ့တဲ့ Top Car Designers စာရင်းထဲမှာ ကားရဲ့ ဒီဇိုင်းကို တီထွင်ပေးခဲ့တဲ့ ပညာရှင်က Top Ten စာရင်းဝင်ဖြစ်ခဲ့ပါတယ်။ Mercedes 300 SL Gullwing ကားကို လမ်းပေါ်မှာ ပထမဆုံးအကြိမ်စတင်မောင်းနှင်စဉ်မှာပဲ ဒီလိုကား မျိုးဟာ ၀ယ်ယူစုဆောင်းထားသင့်တဲ့ ကားဖြစ် တယ်လို့ မှတ်ချက်ချခဲ့ကြရပါတယ်။

ဒုတိယကမ္ဘာ့စစ်ပွဲကြီး ပြီးဆုံးသွားတဲ့ နောက်(၇)နှစ်အကြာမှာ ဥရောပတိုက်မှာရှိတဲ့ နိုင်ငံ တွေနဲ့ အင်္ဂလန်နိုင်ငံတို့ဟာ စစ်ဘေးဒဏ်ကြောင့် ပျက်စီးခဲ့ရတဲ့ မြို့တော်တွေကို ပြန်လည်ထူ ထောင်ရေးလုပ်ငန်းတွေ လုပ်ဆောင်နေရတဲ့အ တွက် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု နှေးကွေးနေ ချိန်မှာ အမေရိကန်ကတော့ စစ်လက်နက် ထုတ် လုပ်တဲ့ စက်ရုံတွေကို လူထုအတွက် အသုံးတည့် မယ့် ကုန်ပစ္စည်းတွေကို ထုတ်လုပ်ပေးနိုင်တဲ့ စက်ရုံတွေအဖြစ် ပြောင်းလဲနိုင်ခဲ့လို့ စီးပွားရေး အခြေအနေ တိုးတက်လာခဲ့ပါတယ်။

တိုးတက်ဖွံ့ဖြိုးလာခဲ့တဲ့ အမေရိကန်နိုင်ငံ သားတွေအတွက် Sport Car တွေကို ထုတ်လုပ် တင်သွင်းဖို့ Mercedes က စိတ်ကူးသစ်ရရှိခဲ့ ပါတယ်။ အမေရိကန် ပြည်သူတွေရဲ့ နေထိုင်တဲ့ အိမ်ကို အဆင့်သုံးမျိုး သတ်မှတ်ပြီး MB brand ကားတွေကို ထုတ်လုပ်သွားဖို့ စဉ်စားခဲ့ကြတာပါ။ နာမည်ကြီး ကားပြိုင်ပွဲဝင် အားကစားသမား တွေ အတွက် ရည်ရွယ်ပြီး ကုမ္ပဏီက 1952 300 SL ပြိုင်ကားကို စတင်ထုတ်လုပ်ခဲ့ပါတယ်။ စစ်ပွဲအပြီး စတင်ခဲ့တဲ့ ပထမဆုံးအကြိမ် ပြိုင်ပွဲတွေမှာ ကားကို အသုံးပြုသူတွေက အောင်ပွဲခံနိုင်ခဲ့ကြပါတယ်။

အများပြည်သူလမ်းတွေပေါ်မှာ စီးနင်း နိုင်ဖို့ ပြိုင်ကားထက် (၂၅)ရာခိုင်နှုန်း အင်ဂျင်ပါ၀ါပို များတဲ့ ကားတွေကို ထပ်မံထုတ်လုပ်ခဲ့ပြီး 1954 NY Auto Show မှာ ပြသခဲ့ပါတယ်။ ပြိုင်ကားအသွင်သဏ္ဍာန် တူညီတဲ့ 300 SL ကားရဲ့ ကိုယ်ထည်ကို Aluminium (အလူမီနီယံ) သတ္တုနဲ့ ပြုလုပ်ထားပြီး တောက်ပတဲ့ အရောင်အဆင်းရှိသ လို ပေါ့ပါးပြီး ခိုင်ခန့်မှုရှိအောင် တည်ဆောက်ထား တာပါ။ တံခါးကတော့ မြင့်ပြီး ကျယ်ပြန့်တဲ့ ဘောင် ကို ပြုလုပ်ထားပါတယ်။ ဘေးတံခါး နှစ်ဖက်ကို စင်ရော်ငှက်တောင်ပံလို အပေါ်ကို ဖြန့်ကားပြီး မတင်ထားနိုင်ဖို့အတွက် ရည်ရွယ်ပြုလုပ်ထားတာ ဖြစ်ပါတယ်။ ပုံမှန်အရွယ်အစားအတိုင်း ပြုလုပ်ထား မယ်ဆိုရင် တံခါးတွေကို ပင့်တင်ထားဖို့ မဖြစ်နိုင်ပါ ဘူး၊ စတိုင်အတွက် အဓိကထားပြီး လုပ်ဆောင်ခဲ့ တာ မဟုတ်ပဲ ကားမောင်းနေချိန်မှာ ပြင်ပလေ အေးအေးရဲ့ ထိတွေ့မှု အရသာကို ခံစားနိုင်ဖို့ပါ။

အင်ဂျင် (၆)လုံးကို တစ်တန်းတည်း တပ်ဆင်ထားပြီး မြင်းကောင်ရေ 220hp ထွက်ရှိ ခဲ့တဲ့ ပထမဆုံး လောင်စာစွမ်းအင်မြင့်မားတဲ့ ကား အဖြစ် တီထွင်ထုတ်လုပ်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ယနေ့ ခေတ်ပေါ်ကားတွေနဲ့ အင်ဂျင်ပါ၀ါ စွမ်းရည် တူညီမှု မရှိနိုင်ပေမယ့် Road Car တွေအနေနဲ့ ပြန်လည်သုံးသပ်ကြည့်ရင် အင်ဂျင်ပါ၀ါအား ကောင်းမွန်တယ်လို့ ဆိုရပါလိမ့်မယ်။ အထူးသဖြင့် ကားရဲ့အလေးချိန်က ပေါ့ပါးလို့ပါပဲ။ တစ်နာရီကို 260 ကီလိုမီတာ မောင်းနိုင်တဲ့အတွက် ယနေ့ခေတ် ပေါ်ကားတွေရဲ့ စွမ်းဆောင်နိုင်ရည်ထက်သာ လွန် ကောင်းမွန်တယ်လို့ဆိုနိုင်ပြီး အဲဒီအချိန်က ထုတ် လုပ်ထားတဲ့ မြန်နှုန်းမြင့်ကားတွထက် ပိုမြန်တယ် လို့ ပြောရမှာပါ။ သာမန် မဟုတ်တဲ့ Speed နဲ့ ကားကို မောင်းခဲ့ရင်တောင် ပါ၀ါကို အထောက် အကူပြုပေးနိုင်တဲ့ Brakes (ဘရိတ်) စနစ်ပါရှိ ပါတယ်။ 1954 ခုနှစ်မှာ ထင်ရှားခဲ့တဲ့ Super Car ဆိုပေမယ့် ခေတ်ပြိုင် Super ကားတွေနဲ့ ယှဉ်ရင် Mercedes 300 SL ကားရဲ့ ထင်ပေါ်ကျော်ကြား မှုက ယနေ့အချိန်အထိ တည်တန့်နေဆဲပါဘဲ။ 2016 Ferrari ကားရဲ့ ရုပ်သွင်က 90’s Lamborghini ကားကို ပြန် ကြည့်နေရလိုဖြစ်နေပြီး ကားဟောင်းတွေထဲမှာ တစ် စီးအပါအဝင်ဖြစ်ခဲ့တဲ့ 90’s Lamborghini ရဲ့ စွမ်းဆောင် ရည်ကတော့ Mercedes 300 SL နဲ့ မယှဉ်နိုင်ခဲ့ပါဘူး။

အရှိန်ပြင်းပြင်းမောင်းနှင်ပေမယ့် သက် သောင့် သက်သာရှိတဲ့ Suspension စနစ်မျိုးကို တည်ဆောက်ထားပြီး အကွေ့အချိုးတွေမှာလည်း ငြိမ့်ညောင်းမှုရှိစေ ပါလိမ့်မယ်။ နောက်ဝင်ရိုးမှာရှိတဲ့ rear suspension စနစ်က 160 Km/hr အထက် ရှိတဲ့ speeds မျိုးနဲ့ မောင်းနှင်ရင်တောင် လှုပ်ခါမှု မရှိပဲ တည်ငြိမ်နေမှာ ဖြစ်ပါတယ်။

ပြိုင်ကားမောင်းရတာကို နှစ်သက်တဲ့ အမေရိကန်ပြည်သူတွေကို ရောင်းချဖို့ ရည်ရွယ် ထုတ်လုပ်ခဲ့တာဖြစ်ပြီး ကားထုတ်လုပ်တဲ့ အချိန်မှာ အမေရိကန်ဒေါ်လာ $7500 နဲ စတင်ရောင်းချ ခဲ့တာပါ။ အဲဒီအချိန်တုန်းက လူတစ်ဦးရဲ့ တစ်နှစ် ပျှမ်းမျှဝင်ငွေက အမေရိကန်ဒေါ်လာ $4000 ဘဲရှိခဲ့ပြီး အိပ်ခန်း (၃)ခန်းပါတဲ့ အိမ်တစ်လုံးရဲ့ တစ်နှစ်စာ ငှားရမ်းစရိတ်က ဒေါ်လာ $20000 သာရှိခဲ့တာမို့ Menedes 300 SL ကားရဲ့ တန်ဖိုးငွေ ပမာဏက မြင့်မားလွန်းတယ်လို့ ဆိုရမှာပါ။ သာမန် မိသားစုစီးတဲ့ ကားတစ်စီးကို ဒေါ်လာ 2000 လောက်နဲ့ ရနိုင်ပါတယ်။ အခုအချိန်အခါမှာတော့ Gull Wing ကားရဲ့တန်ဖိုးက ဒေါ်လာ $100,000 လောက်တန်ကြေးရှိနေပြီဖြစ်ပေမယ့် ခေတ်ပေါ် modern supercars ကားတွေထက်တော့ စျေးနှုန်း သက်သာပါလိမ့်မယ်။ Porshce 911 carrera S မှာတော့ 300 SL ကားထက် Speedometer နဲ့ Manual steering တွေကို ရွေးချယ်နိုင်တဲ့အခွင့် အရေးပိုရှိပေမယ့် နီးနီးစပ်စပ် တူညီမှုမျိုးတော့ မရှိခဲ့ပါဘူး။ Mercedes – Benz 300 SL ကား ကတော့ ကမ္ဘာပေါ်မှာ အကောင်းဆုံး Sport Car အဖြစ် အဲဒီအချိန်တုန်းက ခိုင်ခိုင် မာမာရပ်တည် နိုင်ခဲ့ပါတယ်။

1954 ခုနှစ်ကတည်းက ထုတ်လုပ်ခဲ့တဲ့ Mercedes 300 SL ကားရဲ့ ထူးခြားတဲ့အရည် အသွေးနဲ့ ကောင်းမွန်တဲ့ ဂုဏ်သတင်းတွေကြောင့် အခုလက်ရှိ လေလံဝယ်ယူသူတွေက အမေရိ ကန်ဒေါ်လာ $2.5 သန်း နဲ့ classic ကားအဖြစ် စျေးနှုန်းသတ်မှတ်ပေးခဲ့ကြပြီး ရှားပါးကားအမျိုး အစားအဖြစ် သတ်မှတ်ခံရတဲ့ Ferrari 250 GT ကားကိုတော့ ဒေါ်လာသန်း $30 အောက်လေ လံစျေးပေးခဲ့ကြပါတယ်။ ဒီလိိုစျေးနှန်းတွေ သတ်မှတ်ပေးခြင်းဟာ ကားတစ်စီးရဲ ဂုဏ်သတင်း ကျော်ကြားမှုအတွက် အရေးပါတဲ့ ရှုမြင်သုံး သပ်ချက်တွေပဲ ဖြစ်ပါ တယ်။

ဂျာမနီကားဖြစ်တဲ့ 300 SL ကားကို အစီးရေ 1400 ခန့် ထုတ်လုပ်ခဲ့ရာမှာ အမေရိကန် နိုင်ငံကို 80 ရာခိုင်နှုန်း တင်ပို့ရောင်းချခဲ့ပြီး ကျန်တဲ့ 20 ရာခိုင်နှုန်းကိုတော့ ဂျာမနီနိုင်ငံမှာ ရောင်းချခဲ့ တာပါ။ Gullwing ကား ထုတ်လုပ်မှုကြောင့် Mercedes – Benz ကုမ္ပဏီအတွက် ကြီးမားတဲ့ အောင်မြင်မှုကို ရရှိစေခဲ့ပါတယ်။ အမေရိကန် နိုင်ငံမှာ Gullwing ကားက ပြောင်းလဲပေးတဲ့ Mercedes ကုမ္ပဏီရဲ့ ကောင်းမွန်သတင်းဟာ Luxury ကားထုတ် လုပ်တဲ့ကား လောကမှာ သက် တမ်းရှည်ကြာစွာ ရပ်တည်နိုင်ခဲ့ပြီး စွမ်းဆောင် ရည်မြင့်မားတဲ့ Sport Cars ထုတ်လုပ်မှုအတွက် လည်း ထင်ရှားတဲ့ ပုံရိပ်ကို ရရှိစေခဲ့ပါတယ်။

2010 ခုနှစ်မှာ MB ကုမ္ပဏီက 300 SL ကားနဲ့ ဆက်နွယ်ပြီး ဖန်တီးမှု အစိတ်အပိုင်းသစ် တစ်ရပ်အဖြစ် Gullwing SLS ကားကို ထပ်မံ ထုတ်လုပ်ခဲ့ရာမှာ အင်ဂျင်ပါ၀ါပိုင်းကို စွမ်းအားမြှင့် တင်ပေးခဲ့တာ ဖြစ်ပါတယ်။ မြင်းကောင်ရေ 536 bhp ထွက်ရှိပြီး စင်ရော် တောင်ပံတံခါးကိုလည်း တပ်ဆင်ခဲ့ပါတယ်။ Popular ကားနဲ့ ကိုက်ညီတဲ့ စျေးနှုန်းအဆင့်ကိုသတ်မှတ်ပြီး လွန်ခဲ့တဲ့ ငါးနှစ်က ထုတ်လုပ်ခဲ့တာ ဖြစ်ပါတယ်။ အချိန် တစ်နှစ်ကျော် ကြာတဲ့အထိ ထုတ်လုပ်ခဲ့ပေမယ့် SLS ကားသစ်ကို ခေတ်သစ် Super cars အဖြစ် မှတ်တမ်း အတင်ခံ ရခြင်း မရှိခဲ့ပါဘူး။ ဒါပေမယ့် Mercedes ရဲ့ ဂန္တဝင်မြောက် 300 SL ကားကတော့ စတင်ထုတ် လုပ်စဉ်အချိန်ကနေ အခုလက်ရှိအချိန်ထိ တန်ဖိုး ရှိတဲ့ ဂုဏ်သတင်းနဲ့ ထင်ပေါ်ကျော်ကြားနေတာ ကတော့ ဒဏ္ဍာရီဆန်လွန်းလှတယ်လို့ဘဲ ဆိုချင် ပါတယ်။ 300 SL ကားရဲ့ History ကို စာဖတ်သူ တွေ သိရှိနိုင်ဖို့ ဖော်ပြပေးလိုက်ပါတယ်။

Engine : 3.0 litre fuel injected inline 6-cylinder

Horsepower: 220 bhp

Torque : 200 lb-ft

0-100km/hr – 8.5 seconds

Top Speed : 260 km/ hr

Weight :1295 kg

Price : 1954 – $ 7,500

2016 – Up to US$ 2,500,000

ဆရာပါ၀ါ

Zawgyi version..

ကမၻာေက်ာ္ကား ထုတ္လုပ္ေရးကုမၸဏီ တစ္ခုျဖစ္တဲ့ Mercedes က လြန္ခဲ့ေသာ ႏွစ္ေပါင္း ေျခာက္ေက်ာ္မွာ ကမၻာ့ပထမဆံုး Super car တစ္စီးကို ထုတ္လုပ္ခဲ့ပါတယ္္။ 1954 ခုႏွစ္မွာထုတ္လုပ္ခဲ့တဲ့ ကမၻာ့အျမန္ဆံုး Super Classic Car ျဖစ္တဲ့ Mercedes – Benz 300 SL ကို ကမၻာ ေက်ာ္ေဟာလီး၀ုဒ္ရုပ္ရွင္မင္းသမီး Sofia Loren (ဆိုဖီယာေလာရင့္)က ႏွစ္သက္ျမတ္ႏိုးစြာ စီးခဲ့တာ ျဖစ္ပါတယ္။ ကားရဲ႕ ေဘးတံခါးႏွစ္ဖက္ကို စင္ ေရာ္ငွက္ေတာင္ပံလို ျဖန္႔ကားၿပီး မတင္ထားႏိုင္တဲ့ အတြက္ ကားရဲ႕ ရုပ္သြင္က ငွက္တစ္ေကာင္ (သို႔) ေလယာဥ္တစ္စီး ေလထဲမွာ ပ်ံ၀ဲေနတဲ့ ဟန္ပန္မ်ဳိး ေတြ႕ျမင္ရမွာပါ။ ဒီကားကို ရုပ္ရွင္ ဇာတ္လမ္းရိုက္ ကူးေရးမွာ ထည့္သြင္းအသံုးျပဳခဲ့ၿပီး လွပဆန္းၾကယ္ တဲ့ ကားဒီဇိုင္းကို တီထြင္ႏိုင္ခဲ့တဲ့ Mercedes ကုမၸဏီရဲ႕ ပံုရိပ္ကို လည္း ပထမအဆင့္ ေနရာမွာ ရပ္တည္ႏုိင္ေအာင္ စြမး္ ေဆာင္ေပးႏုိင္ခဲ့ပါတယ္။ ယေန႔အခ်ိန္အထိ ကမၻာ့ကားထုတ္လုပ္ေရး ေလာ ကမွာ အလွပဆံုးနဲ႕ ဆန္းသစ္တီ ထြင္မႈအျမင့္မား ဆံုးကို လုပ္ေဆာင္ႏုိင္ခဲ့တဲ့ Top Car Designers စာရင္းထဲမွာ ကားရဲ႕ ဒီဇိုင္းကို တီထြင္ေပးခဲ့တဲ့ ပညာရွင္က Top Ten စာရင္း၀င္ျဖစ္ခဲ့ပါတယ္။ Mercedes 300 SL Gullwing ကားကို လမ္းေပၚမွာ ပထမဆံုးအႀကိမ္စတင္ေမာင္းႏွင္စဥ္မွာပဲ  ဒီလိုကား မ်ဳိးဟာ ၀ယ္ယူစုေဆာင္းထားသင့္တဲ့ ကားျဖစ္ တယ္လို႔ မွတ္ခ်က္ခ်ခဲ့ၾကရပါတယ္။

ဒုတိယကမၻာ့စစ္ပြဲႀကီး ၿပီးဆံုးသြားတဲ့ ေနာက္(၇)ႏွစ္အၾကာမွာ ဥေရာပတိုက္မွာရွိတဲ့ ႏိုင္ငံ ေတြနဲ႕ အဂၤလန္ႏိုင္ငံတို႔ဟာ စစ္ေဘးဒဏ္ေၾကာင့္ ပ်က္စီးခဲ့ရတဲ့ ၿမိဳ႕ေတာ္ေတြကို ျပန္လည္ထူ ေထာင္ေရးလုပ္ငန္းေတြ လုပ္ေဆာင္ေနရတဲ့အ တြက္ စီးပြားေရးဖြံ႕ၿဖိဳးတိုးတက္မႈ ေနွးေကြးေန ခ်ိန္မွာ အေမရိကန္ကေတာ့ စစ္လက္နက္ ထုတ္ လုပ္တဲ့ စက္ရံုေတြကို လူထုအတြက္ အသံုးတည့္ မယ့္ ကုန္ပစၥည္းေတြကို ထုတ္လုပ္ေပးႏုိင္တဲ့ စက္ရံုေတြအျဖစ္ ေျပာင္းလဲႏုိင္ခဲ့လို႔ စီးပြားေရး အေျခအေန တိုးတက္လာခဲ့ပါတယ္။

တိုးတက္ဖြံ႕ၿဖိဳးလာခဲ့တဲ့ အေမရိကန္ႏုိင္ငံ သားေတြအတြက္ Sport Car ေတြကို ထုတ္လုပ္ တင္သြင္းဖို႔ Mercedes က စိတ္ကူးသစ္ရရွိခဲ့ ပါတယ္။ အေမရိကန္ ျပည္သူေတြရဲ႕ ေနထုိင္တဲ့ အိမ္ကို အဆင့္သံုးမ်ဳိး သတ္မွတ္ၿပီး MB brand ကားေတြကို ထုတ္လုပ္သြားဖို႔ စဥ္စားခဲ့ၾကတာပါ။ နာမည္ႀကီး ကားၿပိဳင္ပြဲ၀င္ အားကစားသမား ေတြ အတြက္ ရည္ရြယ္ၿပီး ကုမၸဏီက 1952 300 SL ၿပိဳင္ကားကို စတင္ထုတ္လုပ္ခဲ့ပါတယ္။ စစ္ပြဲအၿပီး စတင္ခဲ့တဲ့ ပထမဆံုးအႀကိမ္ ၿပိဳင္ပြဲေတြမွာ ကားကို အသံုးျပဳသူေတြက ေအာင္ပြဲခံႏိုင္ခဲ့ၾကပါတယ္။

အမ်ားျပည္သူလမ္းေတြေပၚမွာ စီးနင္း ႏုိင္ဖို႔ ၿပိဳင္ကားထက္ (၂၅)ရာခိုင္ႏႈန္း အင္ဂ်င္ပါ၀ါပို မ်ားတဲ့ ကားေတြကို ထပ္မံထုတ္လုပ္ခဲ့ၿပီး 1954 NY Auto Show မွာ ျပသခဲ့ပါတယ္။ ၿပိဳင္ကားအသြင္သ႑ာန္ တူညီတဲ့ 300 SL ကားရဲ႕ ကိုယ္ထည္ကို Aluminium (အလူမီနီယံ) သတၱဳနဲ႔ ျပဳလုပ္ထားၿပီး ေတာက္ပတဲ့ အေရာင္အဆင္းရွိသ လို ေပါ့ပါးၿပီး ခိုင္ခန္႔မႈရွိေအာင္ တည္ေဆာက္ထား တာပါ။ တံခါးကေတာ့ ျမင့္ၿပီး က်ယ္ျပန္႔တဲ့ ေဘာင္ ကို ျပဳလုပ္ထားပါတယ္။ ေဘးတံခါး ႏွစ္ဖက္ကို စင္ေရာ္ငွက္ေတာင္ပံလို အေပၚကို ျဖန္႔ကားၿပီး မတင္ထားႏိုင္ဖို႔အတြက္ ရည္ရြယ္ျပဳလုပ္ထားတာ ျဖစ္ပါတယ္။ ပံုမွန္အရြယ္အစားအတုိင္း ျပဳလုပ္ထား မယ္ဆိုရင္ တံခါးေတြကို ပင့္တင္ထားဖို႔ မျဖစ္ႏုိင္ပါ ဘူး၊ စတိုင္အတြက္ အဓိကထားၿပီး လုပ္ေဆာင္ခဲ့ တာ မဟုတ္ပဲ ကားေမာင္းေနခ်ိန္မွာ ျပင္ပေလ ေအးေအးရဲ႕ ထိေတြ႕မႈ အရသာကို ခံစားႏိုင္ဖို႔ပါ။

အင္ဂ်င္ (၆)လံုးကို တစ္တန္းတည္း တပ္ဆင္ထားၿပီး ျမင္းေကာင္ေရ 220hp ထြက္ရွိ ခဲ့တဲ့ ပထမဆံုး ေလာင္စာစြမ္းအင္ျမင့္မားတဲ့ ကား အျဖစ္ တီထြင္ထုတ္လုပ္ႏုိင္ခဲ့တာ ျဖစ္ပါတယ္။ ယေန႔ ေခတ္ေပၚကားေတြနဲ႕ အင္ဂ်င္ပါ၀ါ စြမ္းရည္ တူညီမႈ မရွိႏုိင္ေပမယ့္ Road Car ေတြအေနနဲ႕ ျပန္လည္သံုးသပ္ၾကည့္ရင္ အင္ဂ်င္ပါ၀ါအား ေကာင္းမြန္တယ္လို႔ ဆိုရပါလိမ့္မယ္။ အထူးသျဖင့္ ကားရဲ႕အေလးခ်ိန္က ေပါ့ပါးလို႔ပါပဲ။ တစ္နာရီကို 260 ကီလိုမီတာ ေမာင္းႏုိင္တဲ့အတြက္ ယေန႔ေခတ္ ေပၚကားေတြရဲ႕ စြမ္းေဆာင္ႏုိင္ရည္ထက္သာ လြန္ ေကာင္းမြန္တယ္လို႔ဆိုႏိုင္ၿပီး အဲဒီအခ်ိန္က ထုတ္ လုပ္ထားတဲ့ ျမန္ႏႈန္းျမင့္ကားတြထက္ ပိုျမန္တယ္ လို႔ ေျပာရမွာပါ။ သာမန္ မဟုတ္တဲ့ Speed နဲ႕ ကားကို ေမာင္းခဲ့ရင္ေတာင္ ပါ၀ါကို  အေထာက္ အကူျပဳေပးႏုိင္တဲ့ Brakes (ဘရိတ္) စနစ္ပါရွိ ပါတယ္။ 1954 ခုႏွစ္မွာ ထင္ရွားခဲ့တဲ့ Super Car ဆိုေပမယ့္ ေခတ္ၿပိဳင္ Super ကားေတြနဲ႕ ယွဥ္ရင္ Mercedes 300 SL ကားရဲ႕ ထင္ေပၚေက်ာ္ၾကား မႈက ယေန႔အခ်ိန္အထိ တည္တန္႔ေနဆဲပါဘဲ။ 2016 Ferrari ကားရဲ႕ ရုပ္သြင္က 90’s Lamborghini ကားကို ျပန္ ၾကည့္ေနရလိုျဖစ္ေနၿပီး ကားေဟာင္းေတြထဲမွာ တစ္ စီးအပါအ၀င္ျဖစ္ခဲ့တဲ့ 90’s Lamborghini ရဲ႕ စြမ္းေဆာင္ ရည္ကေတာ့ Mercedes 300 SL နဲ႕ မယွဥ္ႏုိင္ခဲ့ပါဘူး။

အရွိန္ျပင္းျပင္းေမာင္းႏွင္ေပမယ့္ သက္ ေသာင့္ သက္သာရွိတဲ့ Suspension စနစ္မ်ဳိးကို တည္ေဆာက္ထားၿပီး အေကြ႕အခ်ဳိးေတြမွာလည္း ၿငိမ့္ေညာင္းမႈရွိေစ ပါလိမ့္မယ္။ ေနာက္၀င္ရိုးမွာရွိတဲ့ rear suspension စနစ္က 160 Km/hr အထက္ ရွိတဲ့ speeds မ်ဳိးနဲ႕  ေမာင္းႏွင္ရင္ေတာင္ လႈပ္ခါမႈ မရွိပဲ တည္ၿငိမ္ေနမွာ ျဖစ္ပါတယ္။

ၿပိဳင္ကားေမာင္းရတာကို ႏွစ္သက္တဲ့ အေမရိကန္ျပည္သူေတြကို ေရာင္းခ်ဖို႔ ရည္ရြယ္ ထုတ္လုပ္ခဲ့တာျဖစ္ၿပီး ကားထုတ္လုပ္တဲ့ အခ်ိန္မွာ အေမရိကန္ေဒၚလာ $7500 နဲ စတင္ေရာင္းခ် ခဲ့တာပါ။ အဲဒီအခ်ိန္တုန္းက လူတစ္ဦးရဲ႕ တစ္ႏွစ္ ပွ်မ္းမွ်၀င္ေငြက အေမရိကန္ေဒၚလာ $4000 ဘဲရွိခဲ့ၿပီး အိပ္ခန္း (၃)ခန္းပါတဲ့ အိမ္တစ္လံုးရဲ႕ တစ္ႏွစ္စာ ငွားရမ္းစရိတ္က ေဒၚလာ $20000 သာရွိခဲ့တာမို႔ Menedes 300 SL ကားရဲ႕ တန္ဖိုးေငြ ပမာဏက ျမင့္မားလြန္းတယ္လို႔ ဆိုရမွာပါ။ သာမန္ မိသားစုစီးတဲ့ ကားတစ္စီးကို ေဒၚလာ 2000 ေလာက္နဲ႕ ရႏိုင္ပါတယ္။  အခုအခ်ိန္အခါမွာေတာ့ Gull Wing ကားရဲ႕တန္ဖိုးက ေဒၚလာ $100,000 ေလာက္တန္ေၾကးရွိေနၿပီျဖစ္ေပမယ့္ ေခတ္ေပၚ modern supercars ကားေတြထက္ေတာ့ ေစ်းႏႈန္း သက္သာပါလိမ့္မယ္။ Porshce 911 carrera S မွာေတာ့ 300 SL ကားထက္ Speedometer နဲ႔ Manual steering ေတြကို ေရြးခ်ယ္ႏုိင္တဲ့အခြင့္ အေရးပိုရွိေပမယ့္ နီးနီးစပ္စပ္ တူညီမႈမ်ဳိးေတာ့ မရွိခဲ့ပါဘူး။ Mercedes – Benz 300 SL ကား ကေတာ့ ကမၻာေပၚမွာ အေကာင္းဆံုး Sport Car အျဖစ္ အဲဒီအခ်ိန္တုန္းက ခိုင္ခိုင္ မာမာရပ္တည္ ႏုိင္ခဲ့ပါတယ္။

1954 ခုႏွစ္ကတည္းက ထုတ္လုပ္ခဲ့တဲ့ Mercedes 300 SL ကားရဲ႕ ထူးျခားတဲ့အရည္ အေသြးနဲ႕ ေကာင္းမြန္တဲ့ ဂုဏ္သတင္းေတြေၾကာင့္ အခုလက္ရွိ ေလလံ၀ယ္ယူသူေတြက အေမရိ ကန္ေဒၚလာ $2.5 သန္း နဲ႕ classic ကားအျဖစ္ ေစ်းႏႈန္းသတ္မွတ္ေပးခဲ့ၾကၿပီး ရွားပါးကားအမ်ဳိး အစားအျဖစ္ သတ္မွတ္ခံရတဲ့ Ferrari 250 GT ကားကိုေတာ့ ေဒၚလာသန္း $30 ေအာက္ေလ လံေစ်းေပးခဲ့ၾကပါတယ္။ ဒီလိိုေစ်းနွန္းေတြ သတ္မွတ္ေပးျခင္းဟာ ကားတစ္စီးရဲ ဂုဏ္သတင္း ေက်ာ္ၾကားမႈအတြက္ အေရးပါတဲ့ ရႈျမင္သံုး သပ္ခ်က္ေတြပဲ ျဖစ္ပါ တယ္။

ဂ်ာမနီကားျဖစ္တဲ့ 300 SL ကားကို အစီးေရ 1400 ခန္႔ ထုတ္လုပ္ခဲ့ရာမွာ အေမရိကန္ ႏုိင္ငံကို 80 ရာခိုင္ႏႈန္း တင္ပို႔ေရာင္းခ်ခဲ့ၿပီး က်န္တဲ့ 20 ရာခိုင္ႏႈန္းကိုေတာ့ ဂ်ာမနီႏိုင္ငံမွာ ေရာင္းခ်ခဲ့ တာပါ။ Gullwing ကား ထုတ္လုပ္မႈေၾကာင့္ Mercedes – Benz ကုမၸဏီအတြက္ ႀကီးမားတဲ့ ေအာင္ျမင္မႈကို ရရွိေစခဲ့ပါတယ္။ အေမရိကန္ ႏိုင္ငံမွာ Gullwing ကားက ေျပာင္းလဲေပးတဲ့ Mercedes  ကုမၸဏီရဲ႕ ေကာင္းမြန္သတင္းဟာ Luxury ကားထုတ္ လုပ္တဲ့ကား ေလာကမွာ သက္ တမ္းရွည္ၾကာစြာ ရပ္တည္ႏိုင္ခဲ့ၿပီး စြမ္းေဆာင္ ရည္ျမင့္မားတဲ့ Sport Cars ထုတ္လုပ္မႈအတြက္ လည္း ထင္ရွားတဲ့ ပံုရိပ္ကို ရရွိေစခဲ႔ပါတယ္။

2010 ခုႏွစ္မွာ MB ကုမၸဏီက 300 SL ကားနဲ႔ ဆက္ႏြယ္ၿပီး ဖန္တီးမႈ အစိတ္အပိုင္းသစ္ တစ္ရပ္အျဖစ္ Gullwing SLS ကားကို ထပ္မံ ထုတ္လုပ္ခဲ့ရာမွာ အင္ဂ်င္ပါ၀ါပိုင္းကို စြမ္းအားျမွင့္ တင္ေပးခဲ့တာ ျဖစ္ပါတယ္။ ျမင္းေကာင္ေရ 536 bhp ထြက္ရွိၿပီး စင္ေရာ္ ေတာင္ပံတံခါးကိုလည္း တပ္ဆင္ခဲ့ပါတယ္။ Popular ကားနဲ႕ ကိုက္ညီတဲ့ ေစ်းႏႈန္းအဆင့္ကိုသတ္မွတ္ၿပီး လြန္ခဲ့တဲ့ ငါးႏွစ္က ထုတ္လုပ္ခဲ့တာ ျဖစ္ပါတယ္။ အခ်ိန္ တစ္ႏွစ္ေက်ာ္ ၾကာတဲ့အထိ ထုတ္လုပ္ခဲ့ေပမယ့္ SLS ကားသစ္ကို ေခတ္သစ္ Super cars အျဖစ္ မွတ္တမ္း အတင္ခံ ရျခင္း မရွိခဲ့ပါဘူး။ ဒါေပမယ့္ Mercedes ရဲ႕ ဂႏၱ၀င္ေျမာက္ 300 SL ကားကေတာ့ စတင္ထုတ္ လုပ္စဥ္အခ်ိန္ကေန အခုလက္ရွိအခ်ိန္ထိ တန္ဖိုး ရွိတဲ့ ဂုဏ္သတင္းနဲ႕ ထင္ေပၚေက်ာ္ၾကားေနတာ ကေတာ့ ဒ႑ာရီဆန္လြန္းလွတယ္လို႔ဘဲ ဆိုခ်င္ ပါတယ္။ 300 SL ကားရဲ႕ History ကို စာဖတ္သူ ေတြ သိရွိႏုိင္ဖို႔ ေဖာ္ျပေပးလိုက္ပါတယ္။

Engine       : 3.0 litre fuel injected    inline      6-cylinder

Horsepower: 220 bhp

Torque       : 200 lb-ft

0-100km/hr – 8.5 seconds

Top Speed  : 260 km/ hr

Weight       :1295 kg

Price          : 1954 – $ 7,500

2016 – Up to US$ 2,500,000

ဆရာပါ၀ါ