Drive Magazine ရဲ့ပုံမှန်ပြုလုပ်နေကြ Cover Shooting ကတော့ အမြဲတမ်းကြိုးစားပမ်းစားပြုလုပ်ရပါတယ်။ သာမန်နဲ့မတူဘဲ ကွဲထွက်ချင်အောင်ပြုလုပ်ချင်တော့လည်း အပင်ပန်းခံရတာပေါ့။ဒါပေမဲ့ အပင်ပန်းခံရကြိုးနပ်လောက်အောင်ကိုလည်း လှပတဲ့ Cover ပုံ တွေထွက်ရှိလာတော့ Drive အဖွဲ့သားတွေဝမ်းသာကြည်နူးခဲ့ရပါတယ်။ ဒီတစ်ခေါက် Cover ရိုက်ကူးရေးမှာ ပူးပေါင်းပါဝင်လာတာက တော့ တကယ့်ကောင်းပေ့ဆိုတဲ့ စပေါ့ကားတွေကိုထုတ်လုပ်လေ့ရှိတဲ့ Ferrari ရဲ့ 458 italia ပဲဖြစ်ပါတယ်။ ဒီကားလေးကတော့ ဆုတံဆိပ်တွေအများအပြားဆွတ်ခူးရရှိထားခဲ့တာဖြစ်ပြီး စပေါ့ကားလောကမှာ ဆရာတစ်ဆူလို့ဆိုရအောင်ကို ထင်ရှာကျော်ကြားတဲ့ ဝိသေဒတွေကို ပိုင်ဆိုင်ထားတာလည်းဖြစ်ပါတယ်။ ဆိုတော့ကာ Ferrari 458 italia ရဲ့အကြောင်းလေးတွေကို မျှဝေပေးချင်ပါတယ်။

Ferrari 458 Italia ဆိုတာ…
အီတလီစပေါ့ကားထုတ်လုပ်တဲ့ ကုမ္ပဏီ Ferrari ကိုတော့ အထူးတလည်မိတ်ဆက်ပေးစရာမလိုတော့ဘူး ထင်ပါတယ်။ သူတို့က ထုတ်တဲ့ ကားတွေတိုင်းဟာ ကမ္ဘာကျော်ကြားလူကြိုက်များသလို တန်ဖိုးကလည်းမသေးပါဘူး။ ပြီးတော့ ဒီဇိုင်း၊စွမ်းဆောင်ရည်၊ လုံခြုံရေးအပိုင်းတွေမှာပါ ပြည့်စုံကောင်းမွန်တာကြောင့် နာမည်ကျော် Brand တစ်ခုအဖြစ်ရပ်တည်နိုင်ခဲ့တာဖြစ်ပါတယ်။ အခုမိတ် ဆက်ပေးမယ့် Ferrari 458 Italia ကပထမဆုံး mid-rear engine (အနောက်အလယ်ဘက်မှာထိုင်ထားတဲ့အင်ဂျင်) sports car အမျိုးအစားဖြစ်ပြီး အင်ဂျင်အထိုင်ကအလျားလိုက်ဖြစ်ပါတယ်။သူကFerrari F430 နေရာမှာအစားထိုးထုတ်လုပ်ပေး ခဲ့တာဖြစ်ပါတယ်။ ထုတ်လုပ်မှုသက်တမ်းက 2009 ကနေ 2015 အထိပဲဖြစ်ပြီး လက်ရှိမှာတော့ သူ့နေရာကို Ferrari 488 ကအစားထိုးဝင် ရောက်နေရာယူသွားခဲ့ပြီဖြစ်ပါတယ်။ ကားရဲ့ထုတ်လုပ်မှုပုံစံ က 2 door Coupe နဲ့ 2 door Convertible တို့နဲ့ထုတ်လုပ်ထားပြီး Ferrari က ဒီကားအတွက် နည်းပညာနဲ့ဒီဇိုင်းပိုင်းမှာများပြားစွာသော ရင်းနှီးမြှုပ်နှံမှုတွေလုပ်ထားပါတယ်။
ဒီဇိုင်းပိုင်း
ဒီကားကို Ferrari ရဲ့မူပိုင်ဒီဇိုင်းရေးဆွဲရေးဌာန Pininfarina ကနေရေးဆွဲခဲ့တာဖြစ်ပြီး မာကျောမှုနဲ့ aerodynamic ပုံသဏ္ဍာန်ဖြစ်ဖို့ကို အဓိကထားထားသလို သန့်ရှင်းစင်ကြယ်မှု၊ ရိုးရှင်းမှု၊နည်းပညာ၊အကျိုးရလဒ်များဖို့၊ပေါ့ပါးဖို့ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ ထုတ်ုလပ်ခဲ့ တာဖြစ်ပါတယ်။ ရှေ့ဘက်ရုပ်ဒီဇိုင်းပိုင်းက သိပ်ပြီးထူးထူးဆန်းဆန်းလုပ်ထားတာမျိုးမရှိဘဲ နှာပေါက်က ဖွင့်ထားတဲ့ Single ရှဲတွေ သာပါဝင်ပြီးကြီးမားတဲ့ air intakesတွေနဲ့တွဲစပ်ထားပါတယ်။ ကားရဲ့နှာခေါင်းမှာရှိတဲ့ အတောင်ပံအသေး၂ခုကတော့ကားမြန်နှုန်း မြင့်ချိန်မှာ ပုံစံပြောင်းသွားမှာဖြစ်ပါတယ်။ ကားအလယ်ပိုင်းမှာတော့ အတွင်းလေတွေကိုRadiatorနဲ့ ကားအောက်ပိုင်းကိုကား အလယ် ပိုင်းကနေလေသွားလမ်းဖြစ်အောင်လုပ်ထားပါတယ်။လေစီးဆင်းမှုကောင်းတဲ့အတွက် ကားရဲ့အမြန်နှုန်းက အရမ်းကို မြန်ဆန်သွား မှာဖြစ်ပါတယ်။ရှေ့မီးကလည်း 458Italia ကိုသီးခြားထင်ရှားအောင်လုပ်ထားပါတယ်။အဓိကကတော့ လိုက်ပါကွေ့ပေးနိုင်တဲ့ bi-xenon မီးဖြစ်ပြီးကားရဲ့ လှုပ်ရှားမှုကိုလိုက်ပြီး မီးထိုးပေးတဲ့စနစ်ဖြစ်ပါတယ်။ ဒီမီးရဲ့အပေါ်မှာတော့ လင်းအားကောင်းတဲ့ LEDမီးလုံး၂၀ ကိုတပ်ဆင််ထားပြီး daylight running lights တွေဖြစ်ပါတယ်။ ကားအရှေ့မီးအပေါ်မှာတော့ Radiatorအတွက် လေထွက်ပေါက်ကို တပ်ဆင်ထားပါတယ်။ နောက်ပြီးတော့ ကားရဲ့အနောက်ကလေခွင်းအစိတ်အပိုင်းများနဲ့အတူ လေထွက်ပေါက်အကြီး၂ခုနဲ့ ထင်ရှားပြီး လှပတဲ့နောက်မီးတွေကို တပ်ဆင်ထားပါတယ်။ ကားရဲ့ပုံစံက ဂန္ထဝင်ကားတစ်စီးဖြစ်တဲ့ F40အပေါ်အခြေခံထားပြီး 458Italia ကိုပြိုင် ကားဆန်တဲ့ဒီဇိုင်းမျိုးဖြစ်အောင်တည်ဆောက်ထားပါတယ်။ဒီကားက Ferrari ကထုတ်တဲ့ 8-cylinder ပြိုင်ကားတွေလိုလည်းအင်ဂျင်ကို နောက်ဘက်မျက်နှာပြင်ကနေတွေ့မြင်ရမှာဖြစ်ပါတယ်။ ကားရဲ့အပြင်ပန်းဗိသုကာကလည်းအလေးချိန်ပေါ့အောင်လုပ်ထားပြီးအရှေ့ ပိုင်းကကမ္ဘာရဲ့ဆွဲအားကိုလျှော့ချပြီးကားရဲ့အလယ်ဗဟိုကိုငြိမ်အောင်လုပ်ထားပါတယ်။ ကားကိုဒီလိုပုံစံလုပ်ထားတော့ Handaling ကို ကောင်းမွန်စေပြီး wheelbase,overhangs အပြင် အရှေ့နဲ့အနောက်track များရဲ့အချိုးကိုမှန်ကန်စေပါတယ်။
အတွင်းခန်း
ဒီအပိုင်းမှာတော့ Ferrari 458 ကိုဖက်ရှင်ဖြစ်စေဖို့နဲ့ လူတစ်ဦးတစ်ယောက်အတွက် ကားစီးရင်အရာရာအဆင်ပြေဆုံးဖြစ်အောင်ကို ဖန်တီးပေးထားပါတယ်။Ferrari ရဲ့ကားအအတွင်းပိုင်းဒီဇိုင်းတွေကအသုံးဝင်ပြီး သက်သာစရာဖြစ်အောင်လုပ်ထားတာဖြစ်ပါတယ်။ instrument panel တွေကိုလည်း သားရေအခွံ(၂)ခုနဲ့ပြုလုပ်ထားပြီး အလူမီနီတွေနဲ့ဘောင်ကွပ်ထားပါတယ်။ စတီယာရင်ကိုလည်း Ferrari ဂန္တဝင်ပုံစံနဲ့လုပ်ထားပြီး indicator , Wiper ခလုတ်တွေကို စတီယာရင်ပေါ်မှာစုထားပါတယ်။ ပြီးတော့ ကားအလယ်ဗဟိုက အလျူမီနီယမ်သတ္တုနဲ့ပြုုလပ်ထားပြီး F1 gearshift panel နဲ့ ထိန်းချုပ်ရေးခလုတ်၊နောက်ပြန်နဲ့ အော်တိုဂီယာပြောင်းလဲဖို့ ခလုတ် တွေကိုပြောင်းလဲဖို့အတွက် ဖန်တီးပေးထားပါတယ်။
စွမ်းဆောင်ရည်
Ferrari 458မှာV8အင်ဂျင်ဖြစ်ပြီး continuously variable timingကို inlet နဲ့ exhaust cam တွေမှာတပ်ထားပါတယ်။ ဒါက ကားစွမ်းဆောင်ရည်ကောင်းစေပြီးနဲ့လောင်စာဆီသုံးစွဲမှုကိုတော့လျှော့ချပေးနိုင်ပါတယ်။ကားရဲ့exhaustစနစ်ကလည်း Ferrari V8 ပိုင်ရှင်တွေအတွက် နှစ်လိုဖွယ်ရာအတွေ့အထိကိုပေးနိုင်ပါတယ်။ exhaustရဲ့အဓိကရည်ရွယ်ချက်ကတော့အလေးချိန် လျှော့ချဖို့ လုပ်ထားတာဖြစ်ပါတယ်။ဒီကားမှာ ၉၀၀၀RPMပါရှိပြီး၁၂:၅:၁ အချိုးနဲ့အမြင့်ဆုံးပါဝါထွက်ရှိမှုက 562 HP ရှိပါတယ်။ဒါက Ferrari ကားတွေထဲမှာ ပထမဆုံးအကြိမ် မြင့်မားတဲ့ဆလင်ဒါစွမ်းရည်ရှိကားတစ်စီးဖြစ်ခဲ့ပါတယ်။ ပြီးတော့ လိမ်အား(Torque) ကလည်းတော် တော်များပြီး ၅၄၀NM @ ၆၀၀၀ RPM ရှိကာ ၈၀%ကျော်ကျော်ကို ၃၂၅၀ RPMမှာရရှိမှာဖြစ်သလို လိမ်အားအထွက် ၁၂၀Nm/l ကလည်းစံချိန် အသစ်တစ်ခုဖြစ်ပါတယ်။ဓါတ်ဆီစနစ်သုံးဖြစ်ကာ direct fuel injection စနစ်ဖြစ်ပါတယ်။ ဂီယာပိုင်းမှာတော့ dual-clutch 7-speed Getrag gearbox ကိုသုံးထားပြီး Manual Gear Option တော့မရနိုင်ပါဘူး။ ဒီနည်းပညာက စုံနဲ့မ ဂီယာ တွေကိုလွတ်လပ်တဲ့စီမံခန့်ခွဲမှု အပေါ်အခြေခံထားတာဖြစ်ပါတယ်။ ဂီယာအပြောင်းအလဲမလုပ်ဘူးဆိုရင် ဘီးတွေပေါ်မှာ အင်ဂျင် လိမ်အား သက်ရောက်မှုရှိတော့မှာမဟုတ်ပါဘူး။
အင်ဂျင်အစိတ်အပိုင်းတွေရဲ့ဒီဇိုင်းကလည်းပြိုင်ကားနည်းပညာနဲ့ပြုလုပ်ထားတယ်ဆိုတော့စွမ်းဆောင်ရည်နဲ့လောင်စာသုံးစွဲမှုများမှာဖြစ် ပေမယ့် မီးခိုးထုတ်လွှတ်တာကိုတော့ နိုင်ငံတကာသတ်မှတ်စံနှုန်းနဲ့ညီအောင်ပြုလုပ်ထားပါတယ်။ အဲဒီအပြင် ပစ္စတင် အမြင့်ကို လည်းလျှော့ထားပြီးပြိုင်ကားအင်ဂျင်တွေနဲ့တူညီအောင်လုပ်ထားပါတယ်။နောက်ပြီး ပိုမိုပါးလွှာတဲ့ compression rings တွေကို အသုံးပြုထားတော့ပစ္စတင်နဲ့Linerတွေ ရဲ့ပွတ်တိုက်အားကိုလည်းလျှော့ချထားနိုင်ခဲ့ပါတယ်။ နောက်တစ်ခုက ဂီယာဘောက် အကြောင်း ဖြစ်ပါတယ်။ California ဂီယာအုံနဲ့ယှဉ် လိုင်ရင်တုံ့ပြန်မှုအချိန်လျှော့သွားပြီး 458 Italia ကတိကျတဲ့ပြိုင် ကားဂီယာအချိုး တွေနဲ့ဆိုတော့ပါဝါနဲ့လိမ်အားတွေကV8 အင်ဂျင်နဲ့ကိုက်ညီပြီးနိမ့်တဲ့ RPMတွေမှာတောင်လိမ်အား များများ ရရှိနိုင်ပါတယ်။ E-Diff3 လျှပ်စစ် differential ကလည်းဂီယာအုံထဲမှာတပ်ဆင်ထားတော့ကျစ်လစ်ပြီးပေါ့ပါးတဲ့ မောင်းနှင်မှုကို ရရှိနိုင်ပါတယ်။
ရရှိခဲ့သောဆုများ
-Best Performance Engine and Best Engine Above 4-litres of the year
-Best Super Car of the Year 2012(GQ)
-Car of the year 2009 (Top Gear)

  • Best Car of the Year 2012(MotorPresse Iberica)
  • 1st Top 10 automotive 2010 (New York Times)

Specification
Engine Type V8 – 90°
Gearbox Dual-clutch, 7-speed F1
Total displacement 274.4 cu in (4497 cc)
Maximum power 419 kW (570 CV)** @ 9000 rpm
Maximum torque 398 lbs/ft (540 Nm) @ 6000 rpm
Maximum speed >202 mph (>325 km/h)
0-100 km/h <3.4 s
Fuel consumption 13.3/100 km

Zawgyi version

ၿပိဳင္ကားေလာကရဲ့ ရွင္ဘုရင္တစ္ဆူ (သို႔) Ferrari 458 italia

Drive Magazine ရဲ႕ပုံမွန္ျပဳလုပ္ေနၾက Cover Shooting ကေတာ့ အျမဲတမ္းၾကိဳးစားပမ္းစားျပဳလုပ္ရပါတယ္။ သာမန္နဲ႔မတူဘဲ ကြဲထြက္ခ်င္ေအာင္ျပဳလုပ္ခ်င္ေတာ့လည္း အပင္ပန္းခံရတာေပါ့။ဒါေပမဲ့ အပင္ပန္းခံရၾကိဳးနပ္ေလာက္ေအာင္ကုိလည္း လွပတဲ့ Cover ပုံ ေတြထြက္ရွိလာေတာ့ Drive အဖဲြ႕သားေတြဝမ္းသာၾကည္ႏူးခဲ့ရပါတယ္။ ဒီတစ္ေခါက္ Cover ရုိက္ကူးေရးမွာ ပူးေပါင္းပါဝင္လာတာက ေတာ့ တကယ့္ေကာင္းေပ့ဆုိတဲ့ စေပါ့ကားေတြကုိထုတ္လုပ္ေလ့ရွိတဲ့ Ferrari ရဲ႕ 458 italia ပဲျဖစ္ပါတယ္။ ဒီကားေလးကေတာ့ ဆုတံဆိပ္ေတြအမ်ားအျပားဆြတ္ခူးရရွိထားခဲ့တာျဖစ္ျပီး စေပါ့ကားေလာကမွာ ဆရာတစ္ဆူလုိ႔ဆုိရေအာင္ကုိ ထင္ရွာေက်ာ္ၾကားတဲ့ ဝိေသဒေတြကုိ ပုိင္ဆုိင္ထားတာလည္းျဖစ္ပါတယ္။ ဆုိေတာ့ကာ Ferrari 458 italia ရဲ႕အေၾကာင္းေလးေတြကုိ မွ်ေဝေပးခ်င္ပါတယ္။

Ferrari 458 Italia ဆုိတာ…

အီတလီစေပါ့ကားထုတ္လုပ္တဲ့ ကုမၸဏီ Ferrari ကုိေတာ့ အထူးတလည္မိတ္ဆက္ေပးစရာမလုိေတာ့ဘူး ထင္ပါတယ္။ သူတုိ႔က ထုတ္တဲ့ ကားေတြတုိင္းဟာ ကမာၻေက်ာ္ၾကားလူၾကိဳက္မ်ားသလုိ တန္ဖုိးကလည္းမေသးပါဘူး။ ျပီးေတာ့ ဒီဇုိင္း၊စြမ္းေဆာင္ရည္၊ လုံျခဳံေရးအပုိင္းေတြမွာပါ ျပည့္စုံေကာင္းမြန္တာေၾကာင့္ နာမည္ေက်ာ္ Brand တစ္ခုအျဖစ္ရပ္တည္ႏိုင္ခဲ့တာျဖစ္ပါတယ္။ အခုမိတ္ ဆက္ေပးမယ့္ Ferrari 458 Italia ကပထမဆုံး mid-rear engine (အေနာက္အလယ္ဘက္မွာထုိင္ထားတဲ့အင္ဂ်င္) sports car အမ်ိဳးအစားျဖစ္ျပီး အင္ဂ်င္အထုိင္ကအလ်ားလုိက္ျဖစ္ပါတယ္။သူကFerrari F430 ေနရာမွာအစားထုိးထုတ္လုပ္ေပး ခဲ့တာျဖစ္ပါတယ္။ ထုတ္လုပ္မွဳသက္တမ္းက 2009 ကေန 2015 အထိပဲျဖစ္ျပီး လက္ရွိမွာေတာ့ သူ႕ေနရာကုိ Ferrari 488 ကအစားထုိးဝင္ ေရာက္ေနရာယူသြားခဲ့ျပီျဖစ္ပါတယ္။ ကားရဲ႕ထုတ္လုပ္မွဳပုံစံ က 2 door Coupe နဲ႕ 2 door Convertible တုိ႔နဲ႕ထုတ္လုပ္ထားျပီး Ferrari က ဒီကားအတြက္ နည္းပညာနဲ႕ဒီဇုိင္းပုိင္းမွာမ်ားျပားစြာေသာ ရင္းႏွီးျမွဳပ္ႏွံမွဳေတြလုပ္ထားပါတယ္။

ဒီဇုိင္းပုိင္း

ဒီကားကုိ Ferrari ရဲ႕မူပုိင္ဒီဇုိင္းေရးဆဲြေရးဌာန Pininfarina ကေနေရးဆဲြခဲ့တာျဖစ္ျပီး မာေက်ာမွဳနဲ႕ aerodynamic ပုံသ႑ာန္ျဖစ္ဖုိ႔ကုိ အဓိကထားထားသလုိ သန္႔ရွင္းစင္ၾကယ္မွဳ၊ ရုိးရွင္းမွဳ၊နည္းပညာ၊အက်ိဳးရလဒ္မ်ားဖုိ႔၊ေပါ့ပါးဖုိ႔ဆုိတဲ့ ရည္ရြယ္ခ်က္ေတြနဲ႔ ထုတ္ုလပ္ခဲ့ တာျဖစ္ပါတယ္။ ေရွ႕ဘက္ရုပ္ဒီဇုိင္းပိုင္းက သိပ္ျပီးထူးထူးဆန္းဆန္းလုပ္ထားတာမ်ိဳးမရွိဘဲ ႏွာေပါက္က ဖြင့္ထားတဲ့ Single ရွဲေတြ သာပါဝင္ျပီးၾကီးမားတဲ့ air intakesေတြနဲ႕တဲြစပ္ထားပါတယ္။ ကားရဲ့ႏွာေခါင္းမွာရွိတဲ့ အေတာင္ပံအေသး၂ခုကေတာ့ကားျမန္ႏွဳန္း ျမင့္ခ်ိန္မွာ ပုံစံေျပာင္းသြားမွာျဖစ္ပါတယ္။ ကားအလယ္ပိုင္းမွာေတာ့ အတြင္းေလေတြကိုRadiatorနဲ႔ ကားေအာက္ပိုင္းကိုကား အလယ္ ပိုင္းကေနေလသြားလမ္းျဖစ္ေအာင္လုပ္ထားပါတယ္။ေလစီးဆင္းမွဳေကာင္းတဲ့အတြက္ ကားရဲ႕အျမန္ႏွဳန္းက အရမ္းကုိ ျမန္ဆန္သြား မွာျဖစ္ပါတယ္။ေရွ႕မီးကလည္း 458Italia ကိုသီးျခားထင္ရွားေအာင္လုပ္ထားပါတယ္။အဓိကကေတာ့ လုိက္ပါေကြ႕ေပးႏိုင္တဲ့ bi-xenon မီးျဖစ္ၿပီးကားရဲ့ လွဳပ္ရွားမွဳကိုလိုက္ၿပီး မီးထိုးေပးတဲ့စနစ္ျဖစ္ပါတယ္။ ဒီမီးရဲ့အေပၚမွာေတာ့ လင္းအားေကာင္းတဲ့ LEDမီးလုံး၂၀ ကိုတပ္ဆင္္ထားျပီး daylight running lights ေတြျဖစ္ပါတယ္။ ကားအေရွ႕မီးအေပၚမွာေတာ့ Radiatorအတြက္ ေလထြက္ေပါက္ကုိ တပ္ဆင္ထားပါတယ္။ ေနာက္ျပီးေတာ့ ကားရဲ့အေနာက္ကေလခြင္းအစိတ္အပိုင္းမ်ားနဲ႕အတူ ေလထြက္ေပါက္အႀကီး၂ခုနဲ႔ ထင္ရွားျပီး လွပတဲ့ေနာက္မီးေတြကို တပ္ဆင္ထားပါတယ္။ ကားရဲ့ပံုစံက ဂႏၳဝင္ကားတစ္စီးျဖစ္တဲ့ F40အေပၚအေျခခံထားၿပီး 458Italia ကိုၿပိဳင္ ကားဆန္တဲ့ဒီဇိုင္းမ်ိဳးျဖစ္ေအာင္တည္ေဆာက္ထားပါတယ္။ဒီကားက Ferrari ကထုတ္တဲ့ 8-cylinder ၿပိဳင္ကားေတြလိုလည္းအင္ဂ်င္ကို ေနာက္ဘက္မ်က္ႏွာျပင္ကေနေတြ႕ျမင္ရမွာျဖစ္ပါတယ္။ ကားရဲ႕အျပင္ပန္းဗိသုကာကလည္းအေလးခ်ိန္ေပါ့ေအာင္လုပ္ထားၿပီးအေရွ႕ ပိုင္းကကမာၻရဲ႕ဆြဲအားကိုေလၽွာ့ခ်ၿပီးကားရဲ့အလယ္ဗဟိုကိုၿငိမ္ေအာင္လုပ္ထားပါတယ္။ ကားကိုဒီလိုပုံစံလုပ္ထားေတာ့ Handaling ကို ေကာင္းမြန္ေစျပီး wheelbase,overhangs အျပင္ အေရွ႕နဲ႔အေနာက္track မ်ားရဲ့အခ်ိဳးကိုမွန္ကန္ေစပါတယ္။

အတြင္းခန္း

ဒီအပုိင္းမွာေတာ့ Ferrari 458 ကုိဖက္ရွင္ျဖစ္ေစဖုိ႔နဲ႔ လူတစ္ဦးတစ္ေယာက္အတြက္ ကားစီးရင္အရာရာအဆင္ေျပဆုံးျဖစ္ေအာင္ကုိ ဖန္တီးေပးထားပါတယ္။Ferrari ရဲ့ကားအအတြင္းပိုင္းဒီဇိုင္းေတြကအသုံးဝင္ၿပီး သက္သာစရာျဖစ္ေအာင္လုပ္ထားတာျဖစ္ပါတယ္။ instrument panel ေတြကုိလည္း သားေရအခြံ(၂)ခုနဲ႔ျပဳလုပ္ထားျပီး အလူမီနီေတြနဲ႕ေဘာင္ကြပ္ထားပါတယ္။ စတီယာရင္ကုိလည္း Ferrari ဂႏၲဝင္ပုံစံနဲ႔လုပ္ထားၿပီး indicator , Wiper ခလုတ္ေတြကုိ စတီယာရင္ေပၚမွာစုထားပါတယ္။ ျပီးေတာ့ ကားအလယ္ဗဟိုက အလ်ဴမီနီယမ္သတၱဳနဲ႕ျပဳုလပ္ထားျပီး F1 gearshift panel နဲ႔ ထိန္းခ်ဳပ္ေရးခလုတ္၊ေနာက္ျပန္နဲ႔ ေအာ္တိုဂီယာေျပာင္းလဲဖုိ႔ ခလုတ္ ေတြကိုေျပာင္းလဲဖုိ႔အတြက္ ဖန္တီးေပးထားပါတယ္။

စြမ္းေဆာင္ရည္

Ferrari 458မွာV8အင္ဂ်င္ျဖစ္ျပီး continuously variable timingကို inlet နဲ႔ exhaust cam ေတြမွာတပ္ထားပါတယ္။ ဒါက ကားစြမ္းေဆာင္ရည္ေကာင္းေစျပီးနဲ႔ေလာင္စာဆီသုံးစြဲမွဳကိုေတာ့ေလၽွာ့ခ်ေပးနိုင္ပါတယ္။ကားရဲ့exhaustစနစ္ကလည္း Ferrari V8 ပိုင္ရွင္ေတြအတြက္ ႏွစ္လုိဖြယ္ရာအေတြ႕အထိကုိေပးႏိုင္ပါတယ္။ exhaustရဲ့အဓိကရည္ရြယ္ခ်က္ကေတာ့အေလးခ်ိန္ ေလၽွာ့ခ်ဖို႔ လုပ္ထားတာျဖစ္ပါတယ္။ဒီကားမွာ ၉၀၀၀RPMပါရွိၿပီး၁၂:၅:၁ အခ်ိဳးနဲ႕အျမင့္ဆုံးပါဝါထြက္ရွိမွဳက 562 HP ရွိပါတယ္။ဒါက Ferrari ကားေတြထဲမွာ ပထမဆုံးအႀကိမ္ ျမင့္မားတဲ့ဆလင္ဒါစြမ္းရည္ရွိကားတစ္စီးျဖစ္ခဲ့ပါတယ္။ ျပီးေတာ့ လိမ္အား(Torque) ကလည္းေတာ္ ေတာ္မ်ားျပီး ၅၄၀NM @ ၆၀၀၀ RPM ရွိကာ ၈၀%ေက်ာ္ေက်ာ္ကို ၃၂၅၀ RPMမွာရရွိမွာျဖစ္သလုိ လိမ္အားအထြက္ ၁၂၀Nm/l ကလည္းစံခ်ိန္ အသစ္တစ္ခုျဖစ္ပါတယ္။ဓါတ္ဆီစနစ္သုံးျဖစ္ကာ direct fuel injection စနစ္ျဖစ္ပါတယ္။ ဂီယာပုိင္းမွာေတာ့ dual-clutch 7-speed Getrag gearbox ကုိသုံးထားျပီး Manual Gear Option ေတာ့မရႏိုင္ပါဘူး။ ဒီနည္းပညာက စုံနဲ႔မ ဂီယာ ေတြကိုလြတ္လပ္တဲ့စီမံခန္႔ခြဲမွဳ အေပၚအေျခခံထားတာျဖစ္ပါတယ္။ ဂီယာအေျပာင္းအလဲမလုပ္ဘူးဆိုရင္ ဘီးေတြေပၚမွာ အင္ဂ်င္ လိမ္အား သက္ေရာက္မွဳရွိေတာ့မွာမဟုတ္ပါဘူး။

အင္ဂ်င္အစိတ္အပိုင္းေတြရဲ့ဒီဇိုင္းကလည္းၿပိဳင္ကားနည္းပညာနဲ႔ျပဳလုပ္ထားတယ္ဆိုေတာ့စြမ္းေဆာင္ရည္နဲ႕ေလာင္စာသုံးစြဲမွဳမ်ားမွာျဖစ္ ေပမယ့္ မီးခုိးထုတ္လႊတ္တာကုိေတာ့ ႏိုင္ငံတကာသတ္မွတ္စံႏွဳန္းနဲ႕ညီေအာင္ျပဳလုပ္ထားပါတယ္။ အဲဒီအျပင္ ပစၥတင္ အျမင့္ကို လည္းေလၽွာ့ထားျပီးၿပိဳင္ကားအင္ဂ်င္ေတြနဲ႔တူညီေအာင္လုပ္ထားပါတယ္။ေနာက္ျပီး ပိုမုိပါးလႊာတဲ့ compression rings ေတြကို အသုံးျပဳထားေတာ့ပစၥတင္နဲ႔Linerေတြ ရဲ့ပြတ္တိုက္အားကိုလည္းေလၽွာ့ခ်ထားႏိုင္ခဲ့ပါတယ္။ ေနာက္တစ္ခုက ဂီယာေဘာက္ အေၾကာင္း ျဖစ္ပါတယ္။ California ဂီယာအုံနဲ႔ယွဥ္ လိုင္ရင္တုံ႔ျပန္မွဳအခ်ိန္ေလၽွာ့သြားၿပီး 458 Italia ကတိက်တဲ့ၿပိဳင္ ကားဂီယာအခ်ိဳး ေတြနဲ႕ဆိုေတာ့ပါဝါနဲ႔လိမ္အားေတြကV8 အင္ဂ်င္နဲ႔ကိုက္ညီၿပီးနိမ့္တဲ့ RPMေတြမွာေတာင္လိမ္အား မ်ားမ်ား ရရွိႏိုင္ပါတယ္။ E-Diff3 လၽွပ္စစ္ differential ကလည္းဂီယာအုံထဲမွာတပ္ဆင္ထားေတာ့က်စ္လစ္ၿပီးေပါ့ပါးတဲ့ ေမာင္းႏွင္မွဳကုိ ရရွိႏိုင္ပါတယ္။

ရရွိခဲ့ေသာဆုမ်ား

-Best Performance Engine and Best Engine Above 4-litres of the year

-Best Super Car of the Year 2012(GQ)

-Car of the year 2009 (Top Gear)

– Best Car of the Year 2012(MotorPresse Iberica)

– 1st Top 10 automotive 2010 (New York Times)

Specification

Engine Type V8 – 90°

Gearbox Dual-clutch, 7-speed F1

Total displacement 274.4 cu in (4497 cc)

Maximum power 419 kW (570 CV)** @ 9000 rpm

Maximum torque 398 lbs/ft (540 Nm) @ 6000 rpm

Maximum speed >202 mph (>325 km/h)

0-100 km/h <3.4 s

Fuel consumption 13.3/100 km