Zawgyi Version…
အီတလီအေျခစိုက္ ကမၻာေက်ာ္ၿပိဳင္ကားမ်ားထုတ္လုပ္သည့္ Ferrari သည္ ေနာက္ဆံုးမိတ္ဆက္လိုက္သည့္ Hypercar SF90 Stradale တြင္ Ferrari ကားမ်ားအနက္ Plug-in Hybrid နည္းပညာကို ပထမဆံုးအႀကိမ္ စတင္ ထည့္သြင္းလာသည္။
Ferrari SF90 Stradale သည္ Ferrari ၏ ပထမဆံုး mid-engine အသံုးျပဳထားၿပီး All-wheel-Drive စနစ္ႏွင့္ ျဖစ္ကာ ျမင္းေကာင္ေရ 986-hp ထိ စြမ္းအားထြက္ရိွမည္ျဖစ္သည္။
အင္ဂ်င္ပိုင္းတြင္ အလြန္စြမ္းေဆာင္မႈအားေကာင္းေသာ V-8 (eight-cylinder) တပ္ဆင္ထားၿပီး electric motor (၃)လံုး ပါဝင္မည္ျဖစ္ကာ ေရွ႕ဝင္႐ိုး၌ (၂)လံုး၊ အင္ဂ်င္ႏွင့္ eight-speed dual-clutch transmission ၾကားတြင္ရွိမည့္ (၁)လံုးကို 7.9-KWh Lithium-ion battery က စြမ္းအင္ေထာက္ပံ႔ ေပးထားသည္။
Electric Motor (၃)လံုးသည္ အျမင့္ဆံုး ျမင္းေကာင္ေရ 217-hp ထိ စြမ္းအင္ထုတ္လုပ္ေပးႏုိင္မည္ ျဖစ္ၿပီး V8 အင္ဂ်င္ႏွင့္ Electric Motor (၃)လံုး၏ ႏွစ္ခုေပါင္း စြမ္းအင္ထုတ္လုပ္မႈအျဖစ္ 986-hp အထိ စြမ္းေဆာင္ေပးႏုိင္မည္ျဖစ္သည္။
ကားဒီဇုိင္းပိုင္းတြင္ ပံုမွန္ျမင္ေတြ႕ေနက် Ferrari ေမာ္ဒယ္မ်ားအတိုင္း အနည္းအငယ္သာ အေျပာင္း အလဲ ျပဳလုပ္ထားသည္ကို ျမင္ေတြ႕ရၿပီး အတြင္းဒီဇုိင္းပိုင္းတြင္ Dashboard က Ferrari ၏ေနာက္ဆံုး Cabin Styling ဒီဇုိင္း၊ ၁၆ လက္မ Curved display ပါဝင္လာသည္။
Steering မွာရိွသည့္ ထိန္းခ်ဳပ္ခလုတ္မ်ားကို eManettino စနစ္ Touch ႏွင့္ အသံုးျပဳႏိုင္မည္ျဖစ္ၿပီး EV-only mode၊ Hybrid mode၊ Performance mode ႏွင့္ အျမင့္ဆံုးေမာင္းႏွင္မႈအျဖစ္ Qualify mode မ်ားကို ေျပာင္းလဲေမာင္းႏွင္ႏိုင္မည္ျဖစ္သည္။







Unicode Version…
ပထမဆုံး Plug-In Hybrid နည်းပညာသုံး မြင်းကောင်ရေ 986 hp ထွက်ရှိမည့် Ferrari SF90 Stradale
အီတလီအခြေစိုက် ကမ္ဘာကျော်ပြိုင်ကားများထုတ်လုပ်သည့် Ferrari သည် နောက်ဆုံးမိတ်ဆက်လိုက်သည့် Hypercar SF90 Stradale တွင် Ferrari ကားများအနက် Plug-in Hybrid နည်းပညာကို ပထမဆုံးအကြိမ် စတင် ထည့်သွင်းလာသည်။
Ferrari SF90 Stradale သည် Ferrari ၏ ပထမဆုံး mid-engine အသုံးပြုထားပြီး All-wheel-Drive စနစ်နှင့် ဖြစ်ကာ မြင်းကောင်ရေ 986-hp ထိ စွမ်းအားထွက်ရှိမည်ဖြစ်သည်။
အင်ဂျင်ပိုင်းတွင် အလွန်စွမ်းဆောင်မှုအားကောင်းသော V-8 (eight-cylinder) တပ်ဆင်ထားပြီး electric motor (၃)လုံး ပါဝင်မည်ဖြစ်ကာ ရှေ့ဝင်ရိုး၌ (၂)လုံး၊ အင်ဂျင်နှင့် eight-speed dual-clutch transmission ကြားတွင်ရှိမည့် (၁)လုံးကို 7.9-KWh Lithium-ion battery က စွမ်းအင်ထောက်ပံ့ ပေးထားသည်။
Electric Motor (၃)လုံးသည် အမြင့်ဆုံး မြင်းကောင်ရေ 217-hp ထိ စွမ်းအင်ထုတ်လုပ်ပေးနိုင်မည် ဖြစ်ပြီး V8 အင်ဂျင်နှင့် Electric Motor (၃)လုံး၏ နှစ်ခုပေါင်း စွမ်းအင်ထုတ်လုပ်မှုအဖြစ် 986-hp အထိ စွမ်းဆောင်ပေးနိုင်မည်ဖြစ်သည်။
ကားဒီဇိုင်းပိုင်းတွင် ပုံမှန်မြင်တွေ့နေကျ Ferrari မော်ဒယ်များအတိုင်း အနည်းအငယ်သာ အပြောင်း အလဲ ပြုလုပ်ထားသည်ကို မြင်တွေ့ရပြီး အတွင်းဒီဇိုင်းပိုင်းတွင် Dashboard က Ferrari ၏နောက်ဆုံး Cabin Styling ဒီဇိုင်း၊ ၁၆ လက်မ Curved display ပါဝင်လာသည်။
Steering မှာရှိသည့် ထိန်းချုပ်ခလုတ်များကို eManettino စနစ် Touch နှင့် အသုံးပြုနိုင်မည်ဖြစ်ပြီး EV-only mode၊ Hybrid mode၊ Performance mode နှင့် အမြင့်ဆုံးမောင်းနှင်မှုအဖြစ် Qualify mode များကို ပြောင်းလဲမောင်းနှင်နိုင်မည်ဖြစ်သည်။