Zawgyi Version…
Unicode Version…
Ferrari မှအသစ်ထုတ်မည့် Hybrid Model ကိုယခုလအကုန်တွင် မိတ်ဆက်မည်
Ferrari သည် Hybrid Super Car အသစ်အား မကြာခင် ထုတ်လုပ်မည်ဟု CEO ဖြစ်သူ Louis Camilleri မှ အတည်ပြုပြောကြားပါသည်။ ၎င်းအား Q1 2019 ဟု သတ်မှတ်ပြီး အထူး စွမ်းဆောင်ရည်နှင့် ဆန်းသစ်သည့်ဒီဇိုင်းတို့ဖြင့် ဖန်တီးမည်ဖြစ်ပြီး ( Top – of – the – line – Hybrid ) အဆင့်ကို ထည့်သွင်းထားပါမည်။ ၎င်းအား Maranello တွင် မိတ်ဆက်ပြသမည်ဖြစ်ကာ ခန့်မှန်းမှုများ အရ အဆိုပါ Super car တွင် Twin turbo V6 Engine ( 723 hp )ဖြင့် ပထမဆုံး မိတ်ဆက်မည် ဖြစ်ပြီး V8 Hybrid Engine အား ၎င်းနောက်တွင် ဆက်လက်မိတ်ဆက်မည်ဟု ခန့်မှန်းထားပါသည်။ CEO ၏ အဆိုအရ ၎င်း၏ စွမ်းဆောင်ရည်သည် Ferrari 812 Super fast ထက်သာလွန်မည်ဖြစ်ပြီး 812 Super fast တွင် ( 6.5 L V12 Engine ) ကို တပ်ဆင်ထားပါသည်။ Ferrari သည် Hybrid Engine စနစ်အား ယခင်ကလည်း အနည်းငယ်စမ်းသပ်ခဲ့ပြီး Le Ferrari တွင် တပ်ဆင်ခဲ့ပြီး HY -KERS Unit မှ ထောက်ပံ့သည့် 6.3 LV12 Engine နှင့် Total ( 950 lb ) ထွက်ရှိသည့် လျှပ်စစ်မော်တာတ့ို ပေါင်းစပ် ပါဝင်ခဲ့ပါသည်။ ၎င်းအား ကျယ်ပြန့်စွာ ထုတ်လုပ်ခဲ့ခြင်း မရှိပါ။ ယခုထွက်ရှိမည့် Ferrari Hybrid တွင် Le Ferrari ၏ Hybrid Powertrain ကို ဆက်လက် အသုံးပြုခြင်း ရှိ / မရှိကို သေချာစွာ မသိရှိပါ။ အသစ်ထုတ်လုပ်မည့် Hybrid Ferrari အား 2019 May လကုန်ခန့်တွင် စတင်မိတ်ဆက်မည်ဖြစ်သည်။