Unicode version..
(Ferrari) သည် အီတလီအခြေစိုက် ကမ္ဘာကျော်ပြိုင်ကားများထုတ်လုပ်သည့် (Automaker)ဖြစ်ပြီး ၄င်း၏ ကမ္ဘာ့အကောင်းဆုံးစာရင်းဝင်ပြိုင်ကားများကြောင့် အကျော်ဒေးယျဖြစ်သည့် (Brand)လည်းဖြစ်ပါ သည်။ (Ferrari) ဆိုသည်နှင့် (High – performance Sport Cars) များကို တွဲဖက်မြင်တွေ့ရသည်အထိ ၄င်းသည် အောင်မြင်မှုရရှိထားပါသည်။(Ferrari)၏ အီတလီအဓိပ္ပါယ်မှာ (Scuderia Ferrari) ဖြစ်ပြီး ၄င်းအား (Outfit Founder) တစ်ဦးဖြစ်သူ (Mr. Enzo Ferrari) မှ အပျော်တမ်းကားပြိုင်ပွဲများတွင် ပါ၀င်ရန်အတွက် (1929)တွင်တည်ထောင်ခဲ့ပါသည်။ (Mr. Ferrari ) သည် ကားပြိုင်ပွဲ များစွာတွင် ချံပီယံ ရရှိထားသည့် (Racer)လည်း ဖြစ်ပါသည်။ ထို့ကြောင့် Ferrari ၏အမှတ်တံဆိပ်အား (ခုန်ပေါက်နေသည့် မြင်းတစ်ကောင်)အမှတ်အသားဖြင့် ဖန်တီးထားခြင်း ဖြစ်ပါသည်။(1930)တွင် (Ferrari)အား သေချာခိုင်မာ စွာ အုတ်မြစ်ချခဲ့ပြီး (1940)တွင် ပထမဆုံး (Model)(၂)မျိုးအား ထုတ်လုပ်ခဲ့ပါသည်။ ၄င်းတို့သည် (Mille Miglia) ကားပြိုင်ပွဲတွင် ပါ၀င်ခဲ့သော်လည်း ဒုတိယကမ္ဘာစစ်ကာလအတွင်း (Maranello) ဒေသရှိ ၄င်းတို့ ၏စက်ရုံဗုံးကြဲခံရမှုကြောင့် ကားထုတ်လုပ်မှုအား ရပ်နားခဲ့ရပါသည်။ (1946)တွင် ပြန်လည်ပြုပြင်ခဲ့ပြီး (125 S Model)အားစတင်ထုတ်လုပ်ခဲ့ပါသည်။ အဆိုပါကားသည် (1950)တွင် ကျင်းပခဲ့သည့် (British Grand Prix) ကားပြိုင်ပွဲတွင် ကမ္ဘာ့ချံပီယံဆုအားရရှိခဲ့ပါသည်။ (1950-1960)အထိ ကားပြိုင်ပွဲများစွာတွင် Ferrari သည်အောင်မြင်မှုများရရှိခဲ့ပြီး (250 California / 275 GTB / 365 GTB4 Daytona and Dino / 246 GT)အမည်ရသည့် ပြိုင်ကားများအား ဆက်တိုက်ထုတ်လုပ်ခဲ့ပါသည်။ (1970) ပြည့်နှစ်များတွင် (Ferrari)၏ ရှယ်ယာ (၅၀%)အား (Fiat)မှ ပိုင်ဆိုင်ခဲ့သော်လည်း (Ferrari) ၏ လုပ်ငန်းများအား ၀င်ရောက် စွက်ဖက်ခြင်းလုံးဝမပြုလုပ်ခဲ့ပါ။ ထိုကာလများတွင် 308 GT , 308 GTB , GT 4 BB အမည်ရ သည့် ပြိုင်ကားများ ထုတ်လုပ်ခဲ့ပါသည်။ (1980)ပြည့်နှစ်များတွင် Ferrari ၏ ရှယ်ယာ (၉၀%)အထိ (Fiat) မှပိုင်ဆိုင်ခဲ့ပါသည်။ (1988)တွင် (Ferrari)၏ (Founder)ဖြစ်သူ (Mr. Enzo Ferrari) သည် (Modena)တွင်ကွယ်လွန်ခဲ့ပါသည်။ (1980)ပြည့်နှစ်ကုန်ပိုင်းကာလများတွင် (Mondial 288 GTO / F40 / Testarossa) တို့အား ထုတ်လုပ်ခဲ့ပါသည်။ (Ferrari) အနေဖြင့် (Mr. Enzo) ကွယ်လွန်ပီးနောက်တွင် ကားပြိုင်ပွဲများရှိ ၄င်း၏ကျော်ကြားမှုကို အခိုက်အတန့် စွန့်လွှတ်လိုက်ရသော်လည်း (1990) နှစ်အလယ်ပိုင်း နှစ်များတွင် ကမ္ဘာကျော်ပြိုင်ကားမောင်းသမား (Mr. Michael Schumcher) မှ တဆင့် အောင်မြင်မှုများစွာကို ပြန်လည်ရရှိခဲ့ပါသည်။ ထို့နောက်ပိုင်းတွင် (New V12 grand sports car) နှင့်
(F 50 super car)တို့အား ထုတ်လုပ်ခဲ့ပါသည်။ (၂၁)ရာစု၏ ပထမဆယ်စုနှစ်တွင် (F430 / Enzo / 599 GTB Fiorano / 458 Italia)ကဲ့သို့ နာမည်ကျော်ကားများစွာကို ထုတ်လုပ်နိုင်ခဲ့ပါသည်။
ယခု မျက်မှောက်ကာလတွင် Ferrari သည် ကမ္ဘာ့အကောင်းဆုံးစာရင်းဝင်ပြိုင်ကားမျိုးစုံကို အောင်မြင်စွာထုတ်လုပ်နေသည့် (Brand)တစ်ခုအနေဖြင့် ကမ္ဘာ့ကားလောကတွင် ရပ်တည်နေသည်ကို တွေ့ရပါမည်။
Zawgyi version…