Satellanti ၏ အဖွဲ့ဝင်ဖြစ်သည့် နာမည်ကျော် Fiat သည် လျှပ်စစ်ကားသီးသန့် Brand သို့ 2030 အတွင်း ပြောင်းလဲမည်ဟု ပိုင်ရှင်ဖြစ်သူ Mr Oliver Francois မှ ပြောကြားလိုက်သည်။ အလားတူ Fiat ၏ ရောင်းအားကို 2030 အ တွင်း ဥရောပသို့ ( 70 % ) နှင့် U.S.A သို့ ( 30% ) ခန့် ရရှိရန်လည်း Fiat မှ မျှော်မှန်းထားပါသည်။ Fiat အနေဖြင့်လျှပ်စစ်ကားထုတ်လုပ်မှုအား 2025 မှ 2030 အတွင်း စတင်နိုင်ရန် စီစဉ်ထားသည့်အပြင် U.S.A ဈေးကွက်ကိုလည်း ရောင်းချရန်အတွက် ပါဝင်သည်။ ယခု 2021 Model အနေဖြင့် 500 X ၊ 500 L ၊ 124 Spider တို့ကို Fiat မှ ရောင်းချမည် ဖြစ်သည်။ ပုံစံအသစ်ဖြစ်သည့် EV 500 X ကဲ့သို့ EV Crossover အသစ်များကိုလည်း ယခု (၁၀)စုနှစ် အတွင်း တိုးတက်ထုတ်လုပ်မည်ဖြစ်သည်။ Fiat အပါအဝင် နာမည်ကျော် ဥရောပ Car Brand များစွာ ပေါင်းစပ်ထားသည့် Stellanti သည်လည်း EVs Car ထုတ်လုပ်မှုအတွက် ပမာဏ များစွာ ရင်းနှီးမြုပ်နှံရန် စီစဉ် ထားပါသည။ ယခုလက်ရှိ ဥရောပနိုင်ငံများတွင် EV ကားငယ်များစွာ တွေ့မြင်ရသည့် အတွက် Fiat အနေဖြင့် EV ကားငယ်များကို အလေးထား ထုတ်လုပ်မည်ဖြစ်သည်။ မျိုးဆက်သစ်အနေဖြင့် ထွက်ရှိ လာမည့် Fiat EV များအား Fiat ၏ Centoventi Concept တွင် အခြေခံထုတ်လုပ်မည်ဖြစ်ပြီး လျှပ်စစ် သီးသန့်ဖြင့် ( မိုင် ၃၁၀ )ခန့်အထိ အသုံးပြုနိုင်မည့် Model များကိုလည်း ဖန်တီးရန် စီစဉ်ထားပါသည်။ FIAT သည် 2030 တွင် ၎င်း၏ လက်ရှိထုတ်လုပ်သည့် သမားရိုးကျ အင်ဂျင်စနစ်သုံးကားများ အစား လျှပ်စစ်ကားများကို ပြောင်းလဲဖန်တီးမည်ဖြစ်ပါသည်။

07 Jun 2021
0