Fiat သည် Fiat 500X Compact Crossover တမျိူးကိုသာ U.S.A သို့ရောင်းချထားပါသည်။ သို့သော် ပြောင်းလဲမှုအသစ်အနေဖြင့် ALL-New Global Model အသစ် ( ၅ ) မျိုးအား Development အနေဖြင့် တိုးချဲ့ဖန်တီးမည်ဟု Fiat ၏ CEO ဖြစ်သူ Mr. Oliver Francois မှပြောကြားပါသည်။ Fiat သည် ၎င်း၏ Parent Group ဖြစ်သည့် Stellantis ၏ Dare Forward 2030 အစီအစဉ်တွင် အဓိကပါဝင်သည့် Brand မဟုတ်သည့်အပြင် Brand အတွက် အနာဂတ်ထုတ်လုပ်မည့် Model Lineup များအတွက် အစီအစဉ်အသစ်များလည်း ရှိထားပါသည်။ ( Fiat အနေဖြင့် People’s Tesla ဟုဆိုရမည့် လျှပ်စစ်ကားသီးသန့် အခြေအနေသို့ ကူးပြောင်းရန် လျာထားပြီး 2027 အတွင်း အဆင့်သင့်ဖြစ်စေရန် ကြိုးစားနေသည် ) ဟု Mr Oliver မှပြောကြားပါသည်။ အသစ်ထွက်ရှိသည့် All New Model (၄) မျိုးတို့၏ Design များအား Fiat မှအတည်ပြုပေးခဲ့ပြီး ၎င်းတို့အပြင်စုစုပေါင်း Model အသစ်(၁၀) မျိုးခန့်အား 2030 တွင်အပြီးသတ်ဖန်တီးရန် ရည်မှန်းထားပါသည်။

 

New Strada Plan အားတောင်အမေရိကတွင် စတင်နိုင်ခဲ့ပြီး ၎င်းအစီအစဉ်မှ ဥရောပဈေးကွက်အတွက် Commercial Model အသစ်(၄)မျိုးနှင့် U.S.A အပါအဝင် Global အတွက် Model အသစ် (၅) မျိုးခန့်ကို ဖန်တီးမည်ဖြစ်သည်။ Passenger Model အသစ် (၅) မျိုးလုံးသည် Crossover Model များသာဖြစ်သည်။ Fiat သည်လျှပ်စစ်ကားအနေဖြင့် New 500 EV Model ကိုထုတ်လုပ်ထားပါသည်။ ကားအသစ်များအတွက် ဒီဇိုင်းအား Fiat Centoventi Concept Car ထံမှအများစုရယူမည်ဖြစ်ကာ Fiat 500 / Fiat Panda တို့အား New Lineup အနေဖြင့် ဖန်တီးပါမည်။ Fiat Panda Model အား မကြာခင်နှစ်များအတွင်း U.S.A တွင် ရောင်းချသည့် Fiat 500X Model ၏အစားထိုး Model အနေဖြင့် ပြောင်းလဲနိုင်ဖွယ်ရှိပါသည်။

#DriveMediaMyanmar