ကမ္ဘာထိပ်တန်း Automatic Group (၂) ခုဖြစ်သည့် Fiat Chrysler နှင့် PSA Group တို့သည် တရားဝင်ပူးပေါင်းပြီးနောက် Stellantis ကို ဖွဲ့စည်းလိုက်ကာ ၎င်းတွင် Car Brand (၁၄) ခု ပါဝင်မည်ဖြစ်သည်။ လွန်ခဲ့သည့် တနှစ်ကျော်ခန့်တွင် စတင်ပူးပေါင်းခဲ့သည့် အဆိုပါ Group (၂) ခု၏ အမည်သစ်ဖြစ်သည့် Stellantis သည် ကမ္ဘာပေါ်တွင် တတိယမြောက် ပိုင်ဆိုင်မှု အကြီးမားဆုံး Automaker နှင့် စတုတ္ထမြောက် ရောင်းအား အကောင်းဆုံး Automaker အဆင့်သို့ ရရှိထား ပါသည်။ ယခုအသစ်ဖွဲ့စည်းလိုက်သည့် Stellantis ၏ ထီးရိပ်တွင် – Chrysler ၊ Dodge ၊ JEEP ၊ Ram ၊ Fiat ၊ Alfa Romeo ၊ Abarth ၊ Lancia ၊ Maserati တို့သည် ယခင် FCA Group ဖက်မှ ပါဝင်လာမည်ဖြစ်ကာ Citroën ၊ DS ၊ Opel ၊ Peugeot ၊ Vauxhall တို့သည် ယခင် Group PSA ဖက်မှ ပါဝင်လာပါမည်။ Stellentis ၏ ရုံးချုပ်အား နယ်သာလန်နိုင်ငံ၏ မြို့တော် Amsterdam တွင် အခြေစိုက်မည်ဖြစ်ကာ ပြင်သစ် ၊ အီတလီ နှင့် အမေရိကန်တို့တွင် Operation Center များဖွင့်လှစ်ထားပါမည်။ ( နာမည်ကျော် Automotive Group ( ၂ ) ခု ပူးပေါင်းပြီး ယခုကဲ့သို့ ဖွဲ့စည်းမူ အသစ်ပြုလုပ်ခြင်းသည် ကမ္ဘာ့ကားလောကအတွက် အကျိုးများစေမည်ဖြစ်ကာ ကြီးမားသည့် အခွင့်အလမ်းကောင်းများကိုလည်း ရရှိစေမည်ဟု ) Stellantis ၏ CEO ဖြစ်သူ Carlos Tavares မှ ပြောကြားပါသည်။ ၎င်းသည် ယခင်က PSA Group ၏ C.E.O ဖြစ်ပါသည်။ Fiat နှင့် Chrysler တို့သည် ယခုနှစ်များအတွင်း စိန်ခေါ်မှုများစွာကို ဖြတ်ကျော်ခဲ့ရသည်။ Stellentis ၏ အနာဂတ် အစီအစဉ်များတွင် EV Car အသစ်များကို ဖန်တီးရန်လည်း ပါဝင်ပြီး လက်ရှိတွင် ဈေးကွက် အတွင်း၌ EV Model (၂၉) မျိုးရောင်းချထားပြီး 2021 နှစ်ကုန်တွင် (၃၉) မျိုးအထိ ရောင်းချရန် စီစဉ်ထားပါသည်။
“This is a merger between two healthy companies,” Groupe PSA CEO Carlos Tavares said, noting the profitability both Peugeot and Fiat Chrysler have reached after enduring a recession.