Fiat Chrysler သည် အကောင်းဆုံးဖန်တီးမှုများ ပါဝင်သည့် U connect 5 အား တီထွင်လိုက်ပါသည်။ ၎င်းတွင် အဆင့်မြှင့်တင်ထားသည့် Hardware စနစ်များရှင်းလင်းစွာ ပြသထားသည့် User Interface Graphic များ ပါဝင်မည်။ U connect 5 ၏ Power သည် လက်ရှိအသုံးပြုနေသည့် စနစ်ထက်များစွာ မြန်ဆန်မည်ဟု Fiat Chrysler မှ ဆိုထားပါသည်။ ၎င်းတွင် ( 6 Gigabyte RAM ) နှင့် ( 64 Gigabyte Internal Storage ) တို့ပါရှိပြီး Processor သည် 12.3 inch ရှိသည့် Screen ၌ 15 million Pixels ရှိသည့် Resolution ကို ပြုလုပ်ပေးမည်ဖြစ်သည်။ သတင်းအချက်အလက်များအတွက် Screen ( ၄ ) ခု ထည့်သွင်းထားမည်ဖြစ်သည်။ U connect 5 ၏ Firmware သည် Google ၏ Android Operation System အပေါ် တည်ဆောက်ထားခြင်း ဖြစ်ပါ သည်။ ၎င်းတွင် Alexia Integration ၊ Apple Car Play / Android Auto ၊ တို့အား Wireless စနစ်ဖြင့် အသုံးပြုနိုင်သည် အထိအဆင့်မြှင့်တင်ထားပါသည်။ Bluetooth ချိတ်ဆက်ခြင်းအား Hand Phone ( ၂ ) ခု တပြိုင်နက်ဆောင်ရွက်နိုင်ပြီး Wireless စနစ်လည်း အလားတူပြုလုပ်နိုင်ပါမည်။ U connect 5 အား ယခုနစ်အကုန်ခန့်တွင် စတင်အသုံးပြုနိုင်မည် ဖြစ်ပြီးသည့် Brand များ၌ ထည့်သွင်းမည်ကို Fiat Chrysler မှ ယခုအထိ ထုတ်ပြန်ထားခြင်းမရှိသေးပါ။

Zawgyi Version….
Fiat Chrysler သည် မျိုးဆက်သစ် U connect ကို ဖန်တီးခြင်း
