First Polestar model could be a 600 – horse power hybrid coupe

(Volvo)အနေဖြင့် ၄င်း၏ (Standalone Branch) တစ်မျိုးအား (Polestar)အမည်ဖြင့် ထပ်မံဖန်တီး မည်ဟု မကြာမီက ကြေငြာထားခဲ့ပါသည်။ အဆိုပါ (Polestar)ကားများအား (Performance electric vehicle) သီးသန့်အနေဖြင့် ထုတ်လုပ်မည်ဖြစ်ပြီး (Volvo)၏ အမည်နာမ (Logo)တို့ကိုလည်းသုံးစွဲမည် မဟုတ်ပါ။သို့သော်လည်း (Volvo)၏ မည်သည့်ကားများအား (Upgrade)ပြုလုပ်ထုတ်လုပ်မည်ကို မသိရ သေးသော်လည်း ကမ္ဘာကျော်(Auto car)၏ ယူဆချက်အရ အချို့သော (Volvo car) များ၏ Platform ကို အသုံးပြုနိုင်မည်ဖြစ်ပြီး အများစုအား အသွင်သစ်/ အမြင်သစ်ဖြင့် ဖန်တီးမည်ဟုဆိုပါသည်။(Polestar)၏ ပထမဆုံးမိတ်ဆက်မည့်ကားသည် (600-hp Coup Model)အမျိုးအစားဖြစ်မည်ဟုလည်း (Auto car) မှ သုံးသပ်ထားပါသည်။

(အနာဂတ်တွင် Volvo နှင့် Polestar တို့သည် လျှပ်စစ်ဓါတ်အားတပ်ဆင်ခြင်းဆိုင်ရာ ယာဉ်များ အားဆက်နွယ်ဖန်တီးနိုင်မည်)ဟုယခင်က (Volvo)၏ (Design Chief) ဖြစ်ခဲ့ပြီး ယခု (New Polestar’s CEO) ဖြစ်သူ (Mr. Thomas Ingenlath) မှ ပြောကြားခဲ့ပါသည်။ (Polestar)၏ (Models) များအား အနည်းဆုံး (Hybrids)မှ အစပြု၍ (Teslar) ကဲ့သို့ (Pure EVs)များကို အဓိကထုတ်လုပ်ရန် ရည်ရွယ်ထား ပါသည်။

(Volvo)အနေဖြင့် (Polestar)၏ ကားအသစ်များအား ယခုလာမည့် (2017 September) တွင် ဂျာမနီနိုင်ငံတွင်ကျင်းပမည့် (Frankfurt Motor Show)တွင် ပါဝင်ပြသမည်ဖြစ်ပါသည်။ (Volvo) ၏ (Polestar) သည် (Mercedes – Benz)၏ (2010)တွင် စတင်ထုတ်လုပ်ခဲ့သည့် (SLS Class) ကဲ့သို့ မည်သူမျှ ပေါင်းစပ်ပါဝင်ခြင်းမရှိသည့် (Design and Built Model )ကဲ့သို့ သီးသန့်ဆန်စွာ ဖန်တီး ထုတ်လုပ်မည်ဟု ကားချစ်သူများမှ ယူဆကြပါသည်။