Fisker သည်၎င်း၏ ပထမဆုံး Model ဖြစ်သည့် Ocean အား 2021 November  တွင်မိတ်ဆက်ခဲ့သည်။ Fisker သည် Model ( ၃ ) မျိုးထုတ်လုပ်ရန်စီစဉ်ထားပြီး တတိယမြောက် Model ဖြစ်သည့် EV Grand Touring Sport Car အမျိုးအစား Ronin အားယခုအခါ မိတ်ဆက်လိုက်သည်။ Fisker Ronin သည် 4 – Seater အမျိုးအစားဖြစ်ပြီး Ronin အမည်အား 1998 ခုနှစ်တွင်ထွက်ရှိခဲ့သည့်နာမည်ကျော်  Ronin ရုပ်ရှင်အမည်ကို ရယူခဲ့ခြင်းဖြစ်သည်။ ၎င်းရုပ်ရှင်သည် ပြင်သစ်တွင်ရိုက်ကူးခဲ့ပြီး ဥရောပထုတ် ကားများစွာပါဝင်ခဲ့ပါသည်။ Fisker Ronin တွင်တမူထူးခြားသည့် အချက်တချက်ပါဝင်ပြီး၎င်းသည်ကမ္ဘာတွင် EV Range အများဆုံးရရှိနိုင်မည့် Sport Car ဖြစ်ကြောင်း Fisker မှအထူးမှတ်ချက်ပြုထားပါသည်။ လက်ရှိထုတ်လုပ်ထားသည့် Lurid Air သည် EV သီးသန့်ဖြင့် ( မိုင် ၅၂၀ ) ခန့်အထိအသုံးပြုနိုင်သည့်အတွက် Fisker Ronin ၏ EV Range သည်၎င်းတို့ထက်ပိုသာလွန်နိုင်ပါမည်။

 

ထို့အပြင် ( An Innovation Battery Design ) ဆိုသည့်ထူးခြားချက်လည်းပါဝင်ကာ အဆိုပါစနစ်သည် Battery Pack အားကား၏ Body Structure တွင်ပေါင်းစပ် ဖန်တီးခြင်းဖြစ်သည်။ ထို့အပြင်စွမ်းဆောင်ရည်ကောင်းမွန်စေရန်အတွက် – Active Aerodynamics နှင့် Lightweight Materials ကဲ့သို့ Features များလည်းပါဝင်မည့်အပြင် Unique Door Design ကိုလည်း ခံစားရမည်ဖြစ်သည်။ ကားအတွင်းခန်းအခင်းအကျင်းအား Luxury ဆန်ဆန်ဖြင့် အဓိကခင်းကျင်းထားမည်ဟု Fisker မှဆိုထားပါသည်။ Fisker သည် Project Ronin အား 2023 August တွင်အပြည့်အစုံပြသမည်ဖြစ်ကာ 2024 တွင်စတင်ထုတ်လုပ်ပါမည်။ Fisker ၏ဒုတိယမြောက် Model ဖြစ်သည့် Pear Crossover အား 2024 တွင်စတင်ရောင်းချမည်ဖြစ်ပါသည်။

#DriveMediaMyanmar