Fisker သည်လက်ရှိမိတ်ဆက်ထားသည့် Fisker Ocean Model အပါအဝင် Fisker Lineup Model အသစ် (၄) မျိုးအား 2025 အတွင်း မိတ်ဆက်မည်ဖြစ်သည်။ Fisker Brand အနေဖြင့် EVs Model များအား 2027 အတွင်းကျယ်ပြန့်စွာ ဖန်တီးရန်ရည်မှန်းထားသည်ဟု Designer and CEO ဖြစ်သူ Mr Henrik Fisker မှပြောကြားပါသည်။ Fisker သည် PEAR ခေါ် Personal Electric Automotive Revolution အား 2023 တွင်ဖန်တီးမည်ဖြစ်သည်။ ကားဒီဇိုင်းအားဖန်တီးပြီးဖြစ်ကာ Car များအား U.S.A Ohio ပြည်နယ်ရှိ GM US ကားစက်ရုံတွင် ထုတ်လုပ်မည်ဖြစ်ပြီး တနှစ်လျှင်ကားအစင်းရေ (၅) သိန်းခန့် ဖန်တီးနိုင်ရန်စီစဉ်ထားပါသည်။ Fisker PEAR အတွက်မိတ်ဖက်အနေဖြင့် ထိုင်ဝမ်အခြေစိုက် နည်းပညာကုမ္ပဏီဖြစ်သည့် Foxconn သည်ပါဝင်မည်ဖြစ်ပြီး ၎င်းသည် Pear Factory ကိုပိုင်ဆိုင်ထားမည်ဖြစ်ကာ Fisker ၏ Control of Design နှင့် Engineering ဆိုင်ရာများနှင့် Megna-Built Ocean Model တို့အားဖန်တီးထုတ်လုပ်မည်ဖြစ်သည်။

 

Fisker Pear အား (USD – 29900) ခန့်ဈေးနှုန်းဖြင့် ရောင်းချမည်ဖြစ်ကာ Car ၏အလျားသည် (4500 mm ) ခန့်ရှည်လျားပါမည်။ Car Design သည်တမူထူးခြားသည့် ပုံစံရှိမည်ဖြစ်ကာ ကားရောင်းချမှုအား U.S.A ၊ ဥရောပ ၊ India နှင့် တရုတ်ဈေးကွက်တို့တွင် ကျယ်ပြန့်စွာရောင်းချနိုင်ရန် စီစဉ်ထားပါသည်။ တတိယမြောက် Fisker EV Model သည် Luxury Sport Car အမျိုးအစားဖြစ်မည်ဟု Fisker မှဆိုထားပြီး ၎င်းအား Fisker Magic Works မှ Development အနေဖြင့် ဖန်တီးမည်ဖြစ်သည်။ ၎င်းတွင်ကြီးမားသည့် အင်ဂျင်နှင့် Large Rear-Mounted Fuel Tank စသည့်အခင်းအကျင်းများ ပါဝင်မည့်အပြင် GTs Model များကဲ့သို့ ရှည်လျားသည့် Tail Design ပုံစံလည်းပါဝင်မည်။

#DriveMediaMyanmar