Fisker ၏ စတုတ္ထမြောက် ( Luxury Crossver ) ထွက်ရှိခြင်း

Automotive Designer နှင့်စွန့်ဦးတီထွင်သူတစ်ဦးဖြစ်သည့် Henrik Fisker ၏ စတုတ္ထမြောက် Model ဖြစ်သည့် SUV Model အား Luxury Electric SUV အနေဖြင့် ထုတ်လုပ်ပြီး Production အတွက် အဓိကရည်ရွယ်သည့် Prototype Model အား 2020 January တွင် Fisker မှ ထုတ်ဖေါ် ပြသမည်ဖြစ်သည်။ တရားဝင်မိတ်ဆက်မည့် အချိန်တွင် Fisker ၏ EV Charging Network အတွက် မိတ်ဖက်လက်တွဲသည့် ကုမ္ပဏီကိုလည်း ထည့်သွင်းမိတ်ဆက် မည်ဖြစ်သည်။ ထို့နောက် အဆိုပါ Prototype Model အား Production အနေဖြင့် 2021 နှစ်ကုန်ခန့်တွင် လုပ်မည်ဖြစ်ပြီး 2022 Model Year အနေဖြင့် ရောင်းချမည်ဟု Fisker မှ စီစဉ်ထားပါသည်။ SUV ၏ မိတ်ဆက် Video တွင် ကားအရှေ့ပိုင်း ၊ ရှေ့မီးကြီးများနှင့် Bumper တို့ပါဝင်ပြီး အလွိုင်းဘီးများသည် 7 Spoke Wheels များဖြစ်ကြသည်။ တံခါးလက်ကိုင်များကို တောက်ပသည့်အရောင်များထည့်သွင်း ထားပါသည်။ ယခုထွက်ရှိသည့် Crossover Concept တွင် Solar Panel Rooftop ကိုထည့်သွင်း ထားမည်ဖြစ်ပြီး အဆိုပါ Solar အမိုးအား 2011 ထုတ် Fisker Karma မှ ရယူထားခြင်း ဖြစ်သည်။ Frisker သည် အဆိုပါ SUV မိတ်ဆက်ပွဲ၌ အသစ်ဖန်တီးထုတ်လုပ်မည့် New Battery Electric Pickup Truck ကိုလည်း တပါတည်း မိတ်ဆက်ပြသမည်ဖြစ်သည်။ Luxury Crossover Concept တွင်လျှပ်စစ် အသုံးပြုမှုအတွက် အနည်းဆုံး 80 KWh Output ရရှိမည့် lithium-ion Battery ကိုထည့်သွင်းထားမည်ဖြစ်ပြီး လျှပ်စစ်မီးသန့်ဖြင့် ခရီးမိုင် ၃၀၀ ခန့် အသုံးပြုနိုင်ရန် Frisker မှစီစဉ်ထားပါသည်။

Fisker ၏ စတုတၳေျမာက္ ( Luxury Crossver ) ထြက္ရွိျခင္း
Automotive Designer ႏွင့္စြန္႔ဦးတီထြင္သူတစ္ဦးျဖစ္သည့္ Henrik Fisker ၏ စတုတၳေျမာက္ Model ျဖစ္သည့္ SUV Model အား Luxury Electric SUV အေနျဖင့္ ထုတ္လုပ္္ၿပီး Production အတြက္ အဓိကရည္ရြယ္သည့္ Prototype Model အား 2020 January တြင္ Fisker မွ ထုတ္ေဖၚ ျပသမည္ျဖစ္သည္။ တရား၀င္မိတ္ဆက္မည့္ အခ်ိန္တြင္ Fisker ၏ EV Charging Network အတြက္ မိတ္ဖက္လက္တြဲသည့္ ကုမၸဏီကိုလည္း ထည့္သြင္းမိတ္ဆက္ မည္ျဖစ္သည္။ ထို႔ေနာက္ အဆိုပါ Prototype Model အား Production အေနျဖင့္ 2021 ႏွစ္ကုန္ခန္႔တြင္ လုပ္မည္ျဖစ္ၿပီး 2022 Model Year အေနျဖင့္ ေရာင္းခ်မည္ဟု Fisker မွ စီစဥ္ထားပါသည္။ SUV ၏ မိတ္ဆက္ Video တြင္ ကားအေရွ႔ပိုင္း ၊ ေရွ႔မီးႀကီးမ်ားႏွင့္ Bumper တို႔ပါ၀င္ၿပီး အလိြဳင္းဘီးမ်ားသည္ 7 Spoke Wheels မ်ားျဖစ္ၾကသည္။ တံခါးလက္ကိုင္မ်ားကို ေတာက္ပသည့္အေရာင္မ်ားထည့္သြင္း ထားပါသည္။ ယခုထြက္ရွိသည့္ Crossover Concept တြင္ Solar Panel Rooftop ကိုထည့္သြင္း ထားမည္ျဖစ္ၿပီး အဆိုပါ Solar အမိုးအား 2011 ထုတ္ Fisker Karma မွ ရယူထားျခင္း ျဖစ္သည္။ Frisker သည္ အဆိုပါ SUV မိတ္ဆက္ပြဲ၌ အသစ္ဖန္တီးထုတ္လုပ္မည့္ New Battery Electric Pickup Truck ကိုလည္း တပါတည္း မိတ္ဆက္ျပသမည္ျဖစ္သည္။ Luxury Crossover Concept တြင္လွ်ပ္စစ္ အသံုးျပဳမႈအတြက္ အနည္းဆံုး 80 KWh Output ရရွိမည့္ lithium-ion Battery ကိုထည့္သြင္းထားမည္ျဖစ္ၿပီး လွ်ပ္စစ္မီးသန္႔ျဖင့္ ခရီးမိုင္ ၃၀၀ ခန္႔ အသံုးျပဳႏိုင္ရန္ Frisker မွစီစဥ္ထားပါသည္။

LEAVE A REPLY

Please enter your comment!
Please enter your name here