Fisker သည် EV Crossover ဖြစ်သည့် Ocean အား 2020 CES ပြပွဲ၌ မိတ်ဆက်ပြသမည် ဖြစ်ကာ ၎င်းအား မကြာမီထုတ်လုပ်မည့် Tesla Model Y နှင့် လက်ရှိထုတ်လုပ်ထားသည့် Ford Mustang Mach – E တို့နှင့် ဈေးကွက်ယှဉ်ပြိုင်ဖက်အနေဖြင့် Fisker မှ ရည်ရွယ်ပါသည်။ Fisker Ocean EV တွင် ထူးခြားသည့် Features အချို့ပါဝင်မည်ဖြစ်သည်။ California Mode အမည်ရှိ Function ကို အသုံးပြုပါက ပြတင်းပေါက် ( ၆ ) ခုနှင့် Sunroof တို့ တပြိုင်တည်းဖွင့် ၊ ပိတ် နိုင်မည်ဖြစ်သည်။ Ocean တွင် Lithium – ion Battery Pack တို့ ထည့်သွင်းထားပြီး ( 80 kWh Capacity ) ပုံစံဖြစ်ပါမည်။ ဝန်းရိုးများတွင် တပ်ဆင်ထား သည့် လျှပ်စစ်မော်တာမှ AWD စနစ်အတွက် Power ကို ဖြန့်ဖြူးပေးပါမည်။ Fisker ၏ အဆိုအရ Ocean EV သည် မောင်းနှင်မှုအခြေအနေများ အပေါ်မူတည်ပြီး မိုင် ၂၅၀ မှ မိုင် ၃၀၀ အထိ EV Power သီးသန့်အသုံးပြုနိုင်မည်။ Fisker Ocean အား 2021 တွင် စတင်ထုတ်လုပ်မည်ဖြစ်ကာ 2022 အစောပိုင်းတွင် ရောင်းချနိုင်ရန် ရည်မှန်း ထားပါသည်။ အလားတူ Ocean ၏ Platform ကို အခြေခံပြီး ကား Model အသစ်အချို့အား 2022 မှ 2027 အတွင် ထုတ်လုပ်ရန်လည်း စီစဉ်ထားပါသည်။
Zawgyi………
Fisker သည္ Ocean EV အား 2020 CES ၌ မိတ္ဆက္
Fisker သည္ EV Crossover ျဖစ္သည့္ Ocean အား 2020 CES ျပပြဲ၌ မိတ္ဆက္ျပသမည္ ျဖစ္ကာ ၎အား မၾကာမီထုတ္လုပ္မည့္ Tesla Model Y ႏွင့္ လက္ရွိထုတ္လုပ္ထားသည့္ Ford Mustang Mach – E တို႔ႏွင့္ ေစ်းကြက္ယွဥ္ၿပိဳင္ဖက္အေနျဖင့္ Fisker မွ ရည္ရြယ္ပါသည္။ Fisker Ocean EV တြင္ ထူးျခားသည့္ Features အခ်ဳိ႔ပါ၀င္မည္ျဖစ္သည္။ California Mode အမည္ရွိ Function ကို အသုံးျပဳပါက ျပတင္းေပါက္ ( ၆ ) ခုႏွင့္ Sunroof တို႔ တၿပိဳင္တည္းဖြင့္ ၊ ပိတ္ ႏိုင္မည္ျဖစ္သည္။ Ocean တြင္ Lithium – ion Battery Pack တို႔ ထည့္သြင္းထားၿပီး ( 80 kWh Capacity ) ပုံစံျဖစ္ပါမည္။ ၀န္းရိုးမ်ားတြင္ တပ္ဆင္ထား သည့္ လွ်ပ္စစ္ေမာ္တာမွ AWD စနစ္အတြက္ Power ကို ျဖန္႔ျဖဴးေပးပါမည္။ Fisker ၏ အဆိုအရ Ocean EV သည္ ေမာင္းႏွင္မႈအေျခအေနမ်ား အေပၚမူတည္ၿပီး မိုင္ ၂၅၀ မွ မိုင္ ၃၀၀ အထိ EV Power သီးသန္႔အသုံးျပဳႏိုင္မည္။ Fisker Ocean အား 2021 တြင္ စတင္ထုတ္လုပ္မည္ျဖစ္ကာ 2022 အေစာပိုင္းတြင္ ေရာင္းခ်ႏိုင္ရန္ ရည္မွန္း ထားပါသည္။ အလားတူ Ocean ၏ Platform ကို အေျခခံၿပီး ကား Model အသစ္အခ်ဳိ႔အား 2022 မွ 2027 အတြင္ ထုတ္လုပ္ရန္လည္း စီစဥ္ထားပါသည္။