Ford သည်နောက်ဆုံးတီထွင်ဖန်တီးထားသည့် Blue Cruise ခေါ်  Hands-Free Cruise Control နည်းပညာတွင် Features အသစ် ( ၃ ) ခုကိုပေါင်းစပ်ထည့်သွင်းမည်ဖြစ်သည်။ ထို့နောက်အဆင့်မြင့်တင်ထားသည့် Blue Cruise Tech အား 2023 Ford Mustang March-E Electric SUV တွင်မိတ်ဆက်ထည့်သွင်းမည်ဖြစ်သည်။ Blue Cruise 1.2 Version တွင်ပါဝင်မည့် Features အသစ် ( ၉ ) မျိုးတွင် Lane Change Maneuvers ကဲ့သို့ Driver Aids Tech များပါဝင်ပါသည်။ Blue Cruise အား Ford Model များတွင်ခေါ်ဆိုပြီး Lincoln Model များအတွက် Active Glide ဟုခေါ်ဆိုပါသည်။ အဆိုပါစနစ်သည် – ကင်မရာ ၊ Sensors နှင့် Software များကိုအဓိကအခြေခံကာ အသုံးပြုရသည့် Self  – Driving technology ဖြစ်သည်။ ၎င်းသည် Hands-Free Driving ဆိုသော်လည်းယာဉ်မောင်းသည် အမြဲသတိပြုကြည့်ရှူပေးရန် လိုအပ်ပါသည်။ သို့သော်ထိန်းချုပ်မှုအများစုကို System များမှ ပဲ့ကိုင်ထိန်းချုပ်ပေးမည်ဖြစ်ပါသည်။

Version 1.2 သည်ယခင် Versionများထက် ပိုပြီးအဆင့်မြင့်သည့်အတွက် Lane -Change Assist ကဲ့သို့ System တွင်မူ ယာဉ်ကျောပြောင်းလဲခြင်းအား တိကျမြန်ဆန်စွာဖြင့် Auto ပြုလုပ်ပေးခြင်းကဲ့သို့ တိုးတက်မှုများပါဝင်လာမည်ဖြစ်သည်။ အခြားသော Features ( ၂ ) မျိုးမှာ -Predictive-Speed Assist နှင့် In – Lane Repositioning တို့ဖြစ်ပြီး၎င်းတို့အား Driver Comfort အနေဖြင့် ဒီဇိုင်းထုတ်ထားပါသည်။ Ford သည်၎င်း၏ Blue Cruise အား GM ၏ Super Cruise System နှင့်ယှဉ်ပြိုင်နိုင်ရန် ရည်ရွယ်ထားပြီးမြောက်အမေရိကားရှိလမ်းများပေါ်တွင် ( မိုင်တသိန်း သုံးသောင်း )  ကျော်အထိကျယ်ပြန့်စွာစမ်းသပ်ထားပါသည်။

#DriveMediaMyanmar