Unicode version…

Everest Titanium —

ချောမောလှပတဲ့ တောကောင်ကြီး

အခုအချိန်မှာ heavy-duty 4WD ဝက်ဂွန်တွေကိုဝယ်ဖို့ရှိတဲ့ ဝယ်သူတွေဟာဆိုရင် တွေးစရာအများကြီးရှိပါတယ်။ အရင်တုန်းကဆိုရင် ရွေးစရာသိပ်မရှိပါဘူး။ ဈေးသက်သာတဲ့ ute-based contender ဖြစ်တဲ့ (Holden Colorado 7, Isuzu MU-X, Mitsubishi Challenger) နဲ့ တိုယိုတာ လန်ခရူဇာတို့လောက်သာ ရွေးစရာရှိပါတယ်။ အခုတော့ အားလုံးပြောင်းလဲသွားခဲ့ပါပြီ။ မိသားစုစီး SUV အတွက် ဖို့ဒ်ရဲ့ အထင်ကြီးစရာကောင်းတဲ့ (၇)ယောက်စီး စံနှုန်းအသစ်ဖြစ်တဲ့ကားလာပါပြီ။ အမေရိကန် ကားထုတ်လုပ်သူသည် လေ့လာမှု၊ မှတ်သားထားမှု၊ စူးစမ်းမှုတွေဆီမှ သေချာစွာစီစဉ်ပြီးတော့မှ ပြန်ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။ အခုမိတ်ဆက်ခဲ့တာကတော့ ပထမဦးဆုံး မျိုးဆက်အသစ်ဖြစ်တဲ့ Midsize ဒီဇယ် SUV ဖြစ်ပါတယ်။everest-01262

အရှေ့ဘက်မှာ SUV သည် ဖို့ဒ်ကော်ပိုရေးရှင်းအသစ်ရဲ့ သံဇကာပေါက်တွေ တပ်ဆင်ထားပါတယ်။ ဒီဇိုင်နာသည် အတွင်းဘက်နဲ့ အပြင်ဘက်ဒီဇိုင်းများကို ၄င်းရဲ့ ဆိုဒ်သည် compact ဖြစ်သော်လည်း ညီမျှအောင် ပြုလုပ်ထားပါတယ်။ တိုက်တေနီယမ်ဖြစ်တဲ့ ခုံအခင်း အပြင်တွေနဲ့အတူ ၃ ဒသမ ၂ လီတာ ဆလင်ဒါ (၅)ခုပါ တာဗိုဒီဇယ် အင်ဂျင် (ရိမ်းဂျားနဲ့တူညီပါတယ်)။ အများဆုံး ကီလို ၃ဝဝဝ တင်အားရှိပြီး လမ်းကြမ်းမောင်းနှင်နိုင်တဲ့ ဟတ်ဝဲလ် (လေးဘီးမောင်းစနစ်ကို ပြောင်းလဲနိုင်သော၊ တောင်ကုန်းအဆင်း၊ တောင်ကုန်းအတက် အကူ၊ rear diff lock) စသည်တို့ပါဝင်ပါတယ်။ford

အန္တရာယ်ကင်းရှင်းမှုအတွက် အနောက်ကင်မရာ ပါဝင်ပြီး ထိုင်ခုံ သုံးတန်းလုံးမှာ တိကျတဲ့ လေအိတ်တွေ ပါဝင်ပါတယ်။ နောက်ထပ်အနေနဲ့ ဖို့ဒ်ဟာ အရုပ်တွေ အများကြီးနဲ့ ခရစမတ်လိုနေ့တိုင်းဖြစ်စေတယ်လို့ သင်ထင်ကောင်းထင်နေနိုင်ပါတယ်။ ဒါတွေကတော့ သင့်ရဲ့ ဖုန်းကို ထိန်းချုပ်နိုင်တဲ့ ရှစ်လက်မရှိတဲ့ TFT touchscreen အော်ဒီယိုစနစ်၊ လေအေးပေးစနစ်၊ အလိုအလျောက်ဖြစ်စေတဲ့ ခေါင်းထက်က မီးသီးများ၊ ဝိုက်ဘာတို့ပဲ ဖြစ်ပါတယ်။ Everest ဟာ ၄င်းနဲ့ ယှဉ်ပြိုင်ဘက်တွေထက် ပိုမိုသာလွန်စွာ features တွေကို စီစဉ်ပေးထားပါတယ်။

တကယ်တမ်း အဲဒီလို စီစဉ်ပေးထားတဲ့ပုံစံ မပေါက်သော်လည်း (အထူးသဖြင့် အပြင်ဘက်တွင်) Everest Titanium သည် လူ ခုနစ်ယောက်ဆံ့ပါ တယ်။ အရှေ့ဘက် ထိုင်ခုံနှစ်တန်းကို လယ်သာတွေနဲ့ကွပ်ထားပါတယ်။ လျှပ်စစ်နဲ့ ထိန်းချုပ်နိုင်တဲ့ အနောက်ဘက်တန်းကတော့ Sport တပ်ဆင်မှုအတွက် တစ်ဝက်လောက် ဟိုဘက် ဒီဘက် ခွဲထားလို့ရပါတယ်။ ရှေ့ဘက်က ထိုင်ခုံနှစ်ခုံကတော့ အပူပေးစနစ်တွေပါဝင်ပြီး ထိန်းညှိနိုင်တဲ့ Lumber support တွေ ပါဝင်ပါတယ်။ အနောက်ဘက်တန်းကတော့ သင့်လိုအပ်မှုပေါ်မူတည်ပြီး လွယ်ကူစွာ ပြောင်းလဲနိုင်ပါတယ်။ ခြေထောက်ထည့်ဖို့နေရာကိုလည်း ဆန္ဒရှိသလို အနည်းငယ်လှည့်ပြုနိုင်ပါတယ်။

ထိုအနောက်ဘက်ထိုင်ခုံသည် အရပ်အမောင်းနိမ့်သူအတွက်လည်း ခရီးရှည်တွေမှာပဲ ဖြစ်ဖြစ် အဆင်ပြေစေပါတယ်။ အလယ်ဘက်တန်းမှာတော့ ထိုင်ခုံရှည်ပြီး ပြားပါတယ်။ အရန်ဘီးကတော့ ယာဉ်ရဲ့ အောက်မှာ ရှိပါတယ်။ ထိုမော်ဒယ်အတွက် Sync 2 ကတော့ ဖို့ဒ်ရဲ့ ယာဉ်ဆက်သွယ်ချိတ်ဆက်ခြင်းနဲ့ ဖျော်ဖြေရေးပလက်ဖောင်းဖြစ်ပါတယ်။ Sync 2 သည် Function ကို လေးမျိုးခွဲထားပါတယ်။ ဒါတွေကတော့ ဖုန်း၊ ရေဒီယို၊ ရာသီဥတုနဲ့ ဖျော်ဖြေရေးတို့ပဲ ဖြစ်ပါတယ်။ ဒါတွေအကုန်လုံးနီးပါးကို စတီယာရင်ပေါ်က ခလုတ်တစ်ခုကို အသုံးပြုပြီး ပုံမှန်အသံအမိန့်ပေးခြင်းနဲ့ အသုံးပြုလို့ ရပါတယ်။

Everest သည် role ကွဲပြားပြီး ပြန်လည်ထုတ်လုပ်ထားသော်လည်း သူ့ရဲ့ ညီအကို ရိမ်းဂျားမော်ဒယ်လိုပဲ ၃ ဒသမ ၂ လီတာ ဆလင်ဒါ ငါးခုသုံး၊ တာဗိုဒီဇယ်အင်ဂျင်နဲ့ ဖြစ်ပါတယ်။ စွမ်းအားအနည်းငယ်လျော့ပြီး (143kW versus 147kW) ထုတ်လုပ်ထားပြီး 470Nm လိမ်အားနဲ့လည်း ထုတ်ပါတယ်။ အနည်းငယ်နည်းတဲ့နှုန်း (1750rpm to 2500rpm) မှာပေါ့။ ဒါပေမဲ့ ဒီနှုန်းတွေသည် အခြားယှဉ်ပြိုင်ဘက်တွေထက်တော့ ပိုသာပါတယ်။ တာဗိုဒီဇယ်သည် တာဗိုနဲ့ လမ်းပေါ်မှာ ကောင်းကောင်းစွမ်းရည်ပြသပါတယ်။ တိုက်တေနီယမ်ကားရဲ့ ကီလို ၂၅၀ဝ ရှိတဲ့ အလေးချိန်နဲ့ အခြားဘယ်ကားမှ မရှိသေးပါဘူး။ ဒီလိုအမြန်နှုန်းနဲ့ ပေါ့ပါးမှုရှိတဲ့ကားလည်း မရှိသေးပါဘူး။ အော်တိုဂီယာ

ခြောက်ချက်သည် ဂီယာနဲ့ ဆလင်ဒါ ငါးခုရှိတဲ့ အင်ဂျင်ကို ရွေးချယ်ခြင်းအတွက် ကောင်းမွန်မှုတစ်ခု ဖြစ်ပါတယ်။ ဆူညံသံပယ်ဖျက်ပေးတဲ့ နည်းပညာကို အသုံးပြုထားခြင်းကိုလည်း တွေ့ရမှာဖြစ်ပါတယ်။ အရွယ်အနေနဲ့စာလျှင် သင့်တော်ပြီး သင်ဟာ Compact ကားတစ်စီးထဲကို ရောက်နေသလို ခံစားရမှာ ဖြစ်ပါတယ်။ ပါကင်ထိုးတဲ့အခါ စတီယာရင်က အပြည့်အဝကူညီပေးထားပြီး လက်ကိုလုံးဝမနာစေပါဘူး။ ကားကို အချင်းဝက်ပမာဏ လှည့်တဲ့အခါ ၄င်းရဲ့ ကိုယ်ထည်အတွက် လှည့်ရတာအဆင်ပြေလှပြီး အနောက်ဘက်ကင်မရာ၊ အနောက်ဘက် cross-traffic alert စနစ်တို့ဟာ ပါကင်ထိုးရာမှာ အဆင်ပြေလှပါတယ်။ ကားမောင်းနှင်နေစဉ်အတွင်း တိကျတဲ့ အစိတ်အပိုင်းတွေဟာ ယာဉ်ကို ကိုင်တွယ်ရတာ ပိုမိုလွယ်ကူအောင် ပြုလုပ်ပေးပါတယ်။ blind spot monitoring စနစ်သည် သင်ကားမောင်းနှင်နေစဉ်အတွင်း သင့်ရဲ့ မမြင်ရတဲ့နေရာကနေ ကားများဝင်ရောက်လာတဲ့အခါ သင့်ကို အချက်ပေးမှာ ဖြစ်ပါတယ်။

အရှိန်တချို့ရနေတဲ့အခါ စတီယာရင်သည် တည်ငြိမ်လာပါတယ်။ လမ်းဟာ မညီညာသော်လည်း Everest

ဟာ အမြန်ဆုံးနှုန်းမှာ ကောင်းမွန်စွာသွားလာနိုင်မှာ ဖြစ်ပါတယ်။ Radar-guided cruise ထိန်းချုပ်မှုနဲ့အတူ သင့်အမြန်နှုန်းကို ချိန်လိုက်တဲ့အခါ Everest ဟာ အလိုအလျောက် အရှိန်ကို လျှော့ပေးမှာဖြစ်ပြီး အရှေ့မှာရှိတဲ့ ယာဉ်ရဲ့အရှိန်ကို ကိုက်ညီပေးမှာ ဖြစ်ပါတယ်။ မီးပွိုင့်ကို ရောက်လို့ ယာဉ်အရှိန်လျှော့ရတဲ့အခါ တစ်ခါပြန် အရှိန်မြှင့်တင်တဲ့လုပ်ဆောင်မှုမျိုးကို လုပ်ဆောင်ပေးမှာ ဖြစ်ပါတယ်။ Everest တွင် Land Rover-esque terrain control စနစ်လည်း Built-in ပါဝင်ပါတယ်။ သင်လုပ်ရမှာက လမ်းအမျိုးအစားကို ရွေးရုံပါပဲ။ ရွှံ့ထူတဲ့လမ်းမျိုးလား၊ ကျောက်တုံးတွေများတဲ့ လမ်းမျိုးလား၊ ကားဟာ လမ်းရွေးချယ်ပြီးတာနဲ့ သူ့ဘာသာသူ လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ လမ်းကြမ်းတွေမှာ သွားလာနိုင်တဲ့ ကောင်းမွန်တဲ့ လုပ်ဆောင်မှုတစ်ခုလည်း ရှိပါသေးတယ်။ ဒါကတော့ မြေပြင်ပေါ်မှာဆိုရင် 225mm လောက်အနက်ကို ရှင်းလင်းသွားလာနိုင်ပါတယ်။ ရေ၊ ရွှံ့တွေထဲမှာဆိုလျှင် 800mm သွားလာနိုင်တဲ့အပြင် competitive approach/departure angles တို့ပါဝင်ပါတယ်။ နောက်ထပ်အနေနဲ့ ရုန်းအားကောင်းတဲ့ 4WD စနစ်၊ ဒါကတော့ အကောင်းဆုံးဆွဲအား၊ ကွဲပြားတဲ့ လုပ်ဆောင်မှုတွေဖြစ်တဲ့ (ပုံမှန်၊ နှင်း၊ ရွှံ့၊ မြက်၊ ကျောက်တုံးနဲ့ သဲ) စတဲ့ အခြေအနေတွေမှာ သွားလာနိုင်စေဖို့ပဲ ဖြစ်ပါတယ်။ သင်ဟာ ခေတ်ဆန်တဲ့ကားတွေကို မောင်းနှင်ခြင်းအတွက် အသုံးဝင်လှတဲ့ heavy-duty 4WD ဝက်ဂွန်တွေကို မဝယ်ဘူးလား။ ဒါပေမဲ့ Everest ဟာ အရာအားလုံးထက် ပိုပြီး သဘာဝကျပါတယ်။ ကားအမျိုးအစားကတော့ ချဲဆီးလ်ပေါ်မူတည်ပြီး ကွဲမှာ ဖြစ်ပြီး လေးဘီးမောင်းစနစ်တွေလည်း ရှိပါတယ်။ ကားမီးတွေနဲ့ ဘန်ပါတွေဟာ နူးညံ့သိမ်မွေ့မှုတွေနဲ့ ပြည့်နေပါတယ်။ ကားတစ်စီးမျက်နှာချင်းဆိုင်လာနေတဲ့ အခါ လျှပ်စစ်ရောင်ခြည်တန်းကို အလိုအလျောက် ပိတ်ပေးတဲ့ ကားရှေ့မီးတွေကဲ့သို့ အချို့အစိတ်အပိုင်းတွေ ပါဝင်ပါတယ်။ မရှိတဲ့ အစိတ်အပိုင်းတွေက GPS နဲ့ စမတ်ကီးကဲ့သို့ စနစ်တွေ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒါဟာလည်း အကောင်းဆုံးတပ်ဆင်ထားတဲ့ SUV ကားကြီးရောင်းချဖို့အတွက် မပြောပလောက်ပါဘူး။ Ford’s Everest ရဲ့ အနောက်ဘက်နားမှာ တိုက်တေနီယမ်နဲ့ ပြုလုပ်ထားပါတယ်။ 4×4 range ၊ ၃ ဒသမ ၂ လီတာ ဒီဇယ်ဖြစ်ပြီး voice-controlled GPS ? panoramic power sunroof ၊ လက်မ ၂၀ရှိတဲ့ အလွိုင်းဘီးတို့ ပါရှိပါတယ်။ ဒေါ်လာ $၆၀ဝဝဝ ကျော်လောက်နဲ့ Everest အသစ်တစ်စီးကို ရယူနိုင်ပါတယ်။ Base-level ဖြစ်တဲ့ Ambiente နဲ့ Titanium

ကြားမှာ ဈေးနှုန်းနည်းနည်းကွာပါတယ်။ တိုက်တေနီယမ်ကတော့ $၈၉ဝဝဝ မှာရှိပြီး လုံခြုံရေးအစိတ်အပိုင်းတော်တော်များများ ပါဝင်ပါတယ်။

နိဂုံးချုပ်ရသော် ဈေးကွက်ထဲမှာ ဖို့ Everest သည် ဝန်ပိုပိုသာသာတင်နိုင်တဲ့ SUV တစ်စီးဖြစ်ပါတယ်။ ပြီးတော့ Midsize ဒီဇယ် SUV မျိုးဆက်သစ်ထဲက ပထမဆုံးလည်း ဖြစ်ပါတယ်။

Zawgyi version…

Everest Titanium —

ေခ်ာေမာလွပတဲ႔ ေတာေကာင္ႀကီး

အခုအခ်ိန္မွာ heavy-duty 4WD ဝက္ဂြန္ေတြကိုဝယ္ဖို႔ရွိတဲ့ ဝယ္သူေတြဟာဆိုရင္ ေတြးစရာအမ်ားႀကီးရွိပါတယ္။ အရင္တုန္းကဆိုရင္ ေရြးစရာသိပ္မရွိပါဘူး။ ေဈးသက္သာတဲ့ ute-based contender ျဖစ္တဲ့ (Holden Colorado 7, Isuzu MU-X, Mitsubishi Challenger) နဲ႔ တိုယိုတာ လန္ခ႐ူဇာတို႔ေလာက္သာ ေရြးစရာရွိပါတယ္။ အခုေတာ့ အားလံုးေျပာင္းလဲသြားခဲ့ပါၿပီ။  မိသားစုစီး SUV အတြက္ ဖို႔ဒ္ရဲ႕ အထင္ႀကီးစရာေကာင္းတဲ့ (၇)ေယာက္စီး စံႏႈန္းအသစ္ျဖစ္တဲ့ကားလာပါၿပီ။ အေမရိကန္ ကားထုတ္လုပ္သူသည္ ေလ့လာမႈ၊ မွတ္သားထားမႈ၊ စူးစမ္းမႈေတြဆီမွ ေသခ်ာစြာစီစဥ္ၿပီးေတာ့မွ ျပန္ေရာက္ရွိလာခဲ့တာ ျဖစ္ပါတယ္။ အခုမိတ္ဆက္ခဲ့တာကေတာ႔ ပထမဦးဆံုး မ်ိဳးဆက္အသစ္ျဖစ္တဲ႔ Midsize ဒီဇယ္ SUV ျဖစ္ပါတယ္။everest-01262

အေရွ႕ဘက္မွာ SUV သည္ ဖို႔ဒ္ေကာ္ပိုေရးရွင္းအသစ္ရဲ႕ သံဇကာေပါက္ေတြ တပ္ဆင္ထားပါတယ္။ ဒီဇိုင္နာသည္ အတြင္းဘက္နဲ႔ အျပင္ဘက္ဒီဇိုင္းမ်ားကို ၄င္းရဲ႕ ဆိုဒ္သည္ compact ျဖစ္ေသာ္လည္း ညီမွ်ေအာင္ ျပဳလုပ္ထားပါတယ္။ တိုက္ေတနီယမ္ျဖစ္တဲ့ ခံုအခင္း အျပင္ေတြနဲ႔အတူ ၃ ဒသမ ၂ လီတာ ဆလင္ဒါ (၅)ခုပါ တာဗိုဒီဇယ္ အင္ဂ်င္ (ရိမ္းဂ်ားနဲ႔တူညီပါတယ္)။ အမ်ားဆံုး ကီလို ၃ဝ၀ဝ တင္အားရွိၿပီး လမ္းၾကမ္းေမာင္းႏွင္ႏိုင္တဲ့ ဟတ္ဝဲလ္ (ေလးဘီးေမာင္းစနစ္ကို ေျပာင္းလဲႏိုင္ေသာ၊ ေတာင္ကုန္းအဆင္း၊ ေတာင္ကုန္းအတက္ အကူ၊ rear diff lock) စသည္တို႔ပါဝင္ပါတယ္။ford

အႏၱရာယ္ကင္းရွင္းမႈအတြက္ အေနာက္ကင္မရာ ပါဝင္ၿပီး ထိုင္ခံု သံုးတန္းလံုးမွာ တိက်တဲ့ ေလအိတ္ေတြ ပါဝင္ပါတယ္။ ေနာက္ထပ္အေနနဲ႔ ဖို႔ဒ္ဟာ အ႐ုပ္ေတြ အမ်ားႀကီးနဲ႔ ခရစမတ္လိုေန႔တိုင္းျဖစ္ေစတယ္လို႔ သင္ထင္ေကာင္းထင္ေနႏိုင္ပါတယ္။ ဒါေတြကေတာ့ သင့္ရဲ႕ ဖုန္းကို ထိန္းခ်ဳပ္ႏိုင္တဲ့ ရွစ္လက္မရွိတဲ့ TFT touchscreen  ေအာ္ဒီယိုစနစ္၊ ေလေအးေပးစနစ္၊ အလိုအေလ်ာက္ျဖစ္ေစတဲ့ ေခါင္းထက္က မီးသီးမ်ား၊ ဝိုက္ဘာတို႔ပဲ ျဖစ္ပါတယ္။ Everest ဟာ ၄င္းနဲ႔ ယွဥ္ၿပိဳင္ဘက္ေတြထက္ ပိုမိုသာလြန္စြာ features ေတြကို စီစဥ္ေပးထားပါတယ္။

တကယ္တမ္း အဲဒီလို စီစဥ္ေပးထားတဲ့ပံုစံ မေပါက္ေသာ္လည္း (အထူးသျဖင့္ အျပင္ဘက္တြင္) Everest Titanium သည္ လူ ခုနစ္ေယာက္ဆံ့ပါ တယ္။ အေရွ႕ဘက္ ထိုင္ခံုႏွစ္တန္းကို လယ္သာေတြနဲ႔ကြပ္ထားပါတယ္။ လွ်ပ္စစ္နဲ႔ ထိန္းခ်ဳပ္ႏိုင္တဲ့ အေနာက္ဘက္တန္းကေတာ့ Sport တပ္ဆင္မႈအတြက္ တစ္ဝက္ေလာက္ ဟိုဘက္ ဒီဘက္ ခြဲထားလို႔ရပါတယ္။ ေရွ႕ဘက္က ထိုင္ခံုႏွစ္ခံုကေတာ့ အပူေပးစနစ္ေတြပါဝင္ၿပီး ထိန္းညႇိႏိုင္တဲ့ Lumber support ေတြ ပါဝင္ပါတယ္။ အေနာက္ဘက္တန္းကေတာ့ သင့္လိုအပ္မႈေပၚမူတည္ၿပီး လြယ္ကူစြာ ေျပာင္းလဲႏိုင္ပါတယ္။ ေျခေထာက္ထည့္ဖို႔ေနရာကိုလည္း ဆႏၵရွိသလို အနည္းငယ္လွည့္ျပဳႏိုင္ပါတယ္။

ထိုအေနာက္ဘက္ထိုင္ခံုသည္ အရပ္အေမာင္းနိမ့္သူအတြက္လည္း ခရီးရွည္ေတြမွာပဲ ျဖစ္ျဖစ္ အဆင္ေျပေစပါတယ္။ အလယ္ဘက္တန္းမွာေတာ့ ထိုင္ခံုရွည္ၿပီး ျပားပါတယ္။ အရန္ဘီးကေတာ့ ယာဥ္ရဲ႕ ေအာက္မွာ ရွိပါတယ္။ ထိုေမာ္ဒယ္အတြက္ Sync 2 ကေတာ့ ဖို႔ဒ္ရဲ႕ ယာဥ္ဆက္သြယ္ခ်ိတ္ဆက္ျခင္းနဲ႔ ေဖ်ာ္ေျဖေရးပလက္ေဖာင္းျဖစ္ပါတယ္။ Sync 2 သည္ Function ကို ေလးမ်ိဳးခြဲထားပါတယ္။ ဒါေတြကေတာ့ ဖုန္း၊ ေရဒီယို၊ ရာသီဥတုနဲ႔ ေဖ်ာ္ေျဖေရးတို႔ပဲ ျဖစ္ပါတယ္။  ဒါေတြအကုန္လံုးနီးပါးကို စတီယာရင္ေပၚက ခလုတ္တစ္ခုကို အသံုးျပဳၿပီး ပံုမွန္အသံအမိန္႔ေပးျခင္းနဲ႔ အသံုးျပဳလို႔ ရပါတယ္။

Everest သည္ role ကြဲျပားၿပီး ျပန္လည္ထုတ္လုပ္ထားေသာ္လည္း သူ႔ရဲ႕ ညီအကို ရိမ္းဂ်ားေမာ္ဒယ္လိုပဲ ၃ ဒသမ ၂ လီတာ ဆလင္ဒါ ငါးခုသံုး၊ တာဗိုဒီဇယ္အင္ဂ်င္နဲ႔ ျဖစ္ပါတယ္။  စြမ္းအားအနည္းငယ္ေလ်ာ့ၿပီး  (143kW versus 147kW) ထုတ္လုပ္ထားၿပီး 470Nm လိမ္အားနဲ႔လည္း ထုတ္ပါတယ္။ အနည္းငယ္နည္းတဲ့ႏႈန္း (1750rpm to 2500rpm) မွာေပါ့။ ဒါေပမဲ့ ဒီႏႈန္းေတြသည္ အျခားယွဥ္ၿပိဳင္ဘက္ေတြထက္ေတာ့ ပိုသာပါတယ္။ တာဗိုဒီဇယ္သည္ တာဗိုနဲ႔ လမ္းေပၚမွာ ေကာင္းေကာင္းစြမ္းရည္ျပသပါတယ္။ တိုက္ေတနီယမ္ကားရဲ႕ ကီလို ၂၅၀ဝ ရွိတဲ့ အေလးခ်ိန္နဲ႔ အျခားဘယ္ကားမွ မရွိေသးပါဘူး။ ဒီလိုအျမန္ႏႈန္းနဲ႔ ေပါ့ပါးမႈရွိတဲ့ကားလည္း မရွိေသးပါဘူး။ ေအာ္တိုဂီယာ

ေျခာက္ခ်က္သည္ ဂီယာနဲ႔ ဆလင္ဒါ ငါးခုရွိတဲ့ အင္ဂ်င္ကို ေရြးခ်ယ္ျခင္းအတြက္ ေကာင္းမြန္မႈတစ္ခု ျဖစ္ပါတယ္။ ဆူညံသံပယ္ဖ်က္ေပးတဲ့ နည္းပညာကို အသံုးျပဳထားျခင္းကိုလည္း ေတြ႔ရမွာျဖစ္ပါတယ္။ အရြယ္အေနနဲ႔စာလွ်င္ သင့္ေတာ္ၿပီး သင္ဟာ Compact ကားတစ္စီးထဲကို ေရာက္ေနသလို ခံစားရမွာ ျဖစ္ပါတယ္။ ပါကင္ထိုးတဲ့အခါ  စတီယာရင္က အျပည့္အဝကူညီေပးထားၿပီး လက္ကိုလံုးဝမနာေစပါဘူး။ ကားကို အခ်င္းဝက္ပမာဏ လွည့္တဲ့အခါ ၄င္းရဲ႕ ကိုယ္ထည္အတြက္ လွည့္ရတာအဆင္ေျပလွၿပီး အေနာက္ဘက္ကင္မရာ၊ အေနာက္ဘက္ cross-traffic alert စနစ္တို႔ဟာ ပါကင္ထိုးရာမွာ အဆင္ေျပလွပါတယ္။ ကားေမာင္းႏွင္ေနစဥ္အတြင္း တိက်တဲ့ အစိတ္အပိုင္းေတြဟာ ယာဥ္ကို ကိုင္တြယ္ရတာ ပိုမိုလြယ္ကူေအာင္ ျပဳလုပ္ေပးပါတယ္။ blind spot monitoring စနစ္သည္ သင္ကားေမာင္းႏွင္ေနစဥ္အတြင္း သင့္ရဲ႕ မျမင္ရတဲ့ေနရာကေန ကားမ်ားဝင္ေရာက္လာတဲ့အခါ သင့္ကို အခ်က္ေပးမွာ ျဖစ္ပါတယ္။

အရွိန္တခ်ိဳ႕ရေနတဲ့အခါ စတီယာရင္သည္ တည္ၿငိမ္လာပါတယ္။ လမ္းဟာ မညီညာေသာ္လည္း Everest

ဟာ အျမန္ဆံုးႏႈန္းမွာ ေကာင္းမြန္စြာသြားလာႏိုင္မွာ ျဖစ္ပါတယ္။ Radar-guided cruise ထိန္းခ်ဳပ္မႈနဲ႔အတူ သင္႔အျမန္ႏႈန္းကို ခ်ိန္လိုက္တဲ့အခါ Everest ဟာ အလိုအေလ်ာက္ အရွိန္ကို ေလွ်ာ့ေပးမွာျဖစ္ၿပီး အေရွ႕မွာရွိတဲ့ ယာဥ္ရဲ႕အရွိန္ကို ကိုက္ညီေပးမွာ ျဖစ္ပါတယ္။ မီးပြိဳင့္ကို ေရာက္လို႔ ယာဥ္အရွိန္ေလွ်ာ့ရတဲ့အခါ တစ္ခါျပန္ အရွိန္ျမႇင့္တင္တဲ့လုပ္ေဆာင္မႈမ်ိဳးကို လုပ္ေဆာင္ေပးမွာ ျဖစ္ပါတယ္။ Everest တြင္ Land Rover-esque terrain control စနစ္လည္း Built-in ပါဝင္ပါတယ္။ သင္လုပ္ရမွာက လမ္းအမ်ိဳးအစားကို ေရြး႐ံုပါပဲ။ ရႊံ႕ထူတဲ့လမ္းမ်ိဳးလား၊ ေက်ာက္တံုးေတြမ်ားတဲ့ လမ္းမ်ိဳးလား၊ ကားဟာ လမ္းေရြးခ်ယ္ၿပီးတာနဲ႔ သူ႔ဘာသာသူ လုပ္ေဆာင္သြားမွာ ျဖစ္ပါတယ္။ လမ္းၾကမ္းေတြမွာ သြားလာႏိုင္တဲ့ ေကာင္းမြန္တဲ့ လုပ္ေဆာင္မႈတစ္ခုလည္း ရွိပါေသးတယ္။ ဒါကေတာ႔ ေျမျပင္ေပၚမွာဆိုရင္ 225mm ေလာက္အနက္ကို ရွင္းလင္းသြားလာႏိုင္ပါတယ္။ ေရ၊ ရႊံ႕ေတြထဲမွာဆိုလွ်င္ 800mm သြားလာႏိုင္တဲ့အျပင္ competitive approach/departure angles တို႔ပါဝင္ပါတယ္။ ေနာက္ထပ္အေနနဲ႔ ႐ုန္းအားေကာင္းတဲ့ 4WD စနစ္၊ ဒါကေတာ့ အေကာင္းဆံုးဆြဲအား၊ ကြဲျပားတဲ့ လုပ္ေဆာင္မႈေတြျဖစ္တဲ့ (ပံုမွန္၊ ႏွင္း၊ ရႊံ႕၊ ျမက္၊ ေက်ာက္တံုးနဲ႔ သဲ) စတဲ့ အေျခအေနေတြမွာ သြားလာႏိုင္ေစဖို႔ပဲ ျဖစ္ပါတယ္။ သင္ဟာ ေခတ္ဆန္တဲ့ကားေတြကို ေမာင္းႏွင္ျခင္းအတြက္ အသံုးဝင္လွတဲ့ heavy-duty 4WD ဝက္ဂြန္ေတြကို မဝယ္ဘူးလား။ ဒါေပမဲ့ Everest ဟာ အရာအားလံုးထက္ ပိုၿပီး သဘာဝက်ပါတယ္။ ကားအမ်ိဳးအစားကေတာ့ ခ်ဲဆီးလ္ေပၚမူတည္ၿပီး ကြဲမွာ ျဖစ္ၿပီး ေလးဘီးေမာင္းစနစ္ေတြလည္း ရွိပါတယ္။  ကားမီးေတြနဲ႔ ဘန္ပါေတြဟာ ႏူးညံ့သိမ္ေမြ႔မႈေတြနဲ႔ ျပည့္ေနပါတယ္။ ကားတစ္စီးမ်က္ႏွာခ်င္းဆိုင္လာေနတဲ့ အခါ လွ်ပ္စစ္ေရာင္ျခည္တန္းကို အလိုအေလ်ာက္ ပိတ္ေပးတဲ့ ကားေရွ႕မီးေတြကဲ့သို႔ အခ်ိဳ႕အစိတ္အပိုင္းေတြ ပါဝင္ပါတယ္။ မရွိတဲ့ အစိတ္အပိုင္းေတြက GPS နဲ႔ စမတ္ကီးကဲ့သို႔ စနစ္ေတြ ျဖစ္ပါတယ္။ ဒါေပမဲ့ ဒါဟာလည္း အေကာင္းဆံုးတပ္ဆင္ထားတဲ့ SUV ကားႀကီးေရာင္းခ်ဖို႔အတြက္ မေျပာပေလာက္ပါဘူး။ Ford’s Everest ရဲ႕ အေနာက္ဘက္နားမွာ တိုက္ေတနီယမ္နဲ႔ ျပဳလုပ္ထားပါတယ္။ 4×4 range ၊ ၃ ဒသမ ၂ လီတာ ဒီဇယ္ျဖစ္ၿပီး voice-controlled GPS ? panoramic power sunroof ၊ လက္မ ၂၀ရွိတဲ့ အလြိဳင္းဘီးတို႔ ပါရွိပါတယ္။ ေဒၚလာ $၆၀ဝ၀ဝ ေက်ာ္ေလာက္နဲ႔ Everest အသစ္တစ္စီးကို ရယူႏိုင္ပါတယ္။ Base-level ျဖစ္တဲ့ Ambiente နဲ႔ Titanium

ၾကားမွာ ေဈးႏႈန္းနည္းနည္းကြာပါတယ္။ တိုက္ေတနီယမ္ကေတာ့ $၈၉ဝ၀ဝ မွာရွိၿပီး လံုၿခံဳေရးအစိတ္အပိုင္းေတာ္ေတာ္မ်ားမ်ား ပါဝင္ပါတယ္။

နိဂံုးခ်ဳပ္ရေသာ္ ေဈးကြက္ထဲမွာ ဖို႔ Everest သည္ ဝန္ပိုပိုသာသာတင္ႏိုင္တဲ့ SUV တစ္စီးျဖစ္ပါတယ္။ ၿပီးေတာ့ Midsize ဒီဇယ္ SUV မ်ိဳးဆက္သစ္ထဲက ပထမဆံုးလည္း ျဖစ္ပါတယ္။