Ford သည် ၎င်း၏ Focus RS Model အား ယခုနှစ် ဧပြီ ၆တွင် နောက်ဆုံးထုတ်လုပ်မည်ဖြစ် ပြီး 2017ခုနှစ်ကတည်းက ထိုသို့ ရပ်စဲမည်ကြောင်းကြေညာထားခဲ့ပါသည်။ နောက်ဆုံးထုတ် Focus RS ၌ Ford Escort ၏ (နှစ်ငါးဆယ်ပြည့် အထိမ်းအမှတ်) Escort Model နှင့် UK ford မှ ထုတ်လုပ်သည့် 50- model တို့၏ အသွင်အပြင်နှင့် အဆင့်မြှင့်တင်မှုများ ပါ၀င်သည့် Heritage Edition ကိုထူးခြားစွာထုတ်လုပ်မည်ဖြစ်ပါသည်။
UK All-50 –model များသည် ညာမောင်းများဖြစ်ပြီး ဂျာမနီရှိ Ford စက်ရုံမှ တပ်ဆင် ထုတ်လုပ်ပါမည်။ အဆိုပါ အထူးထုတ်ကားများတွင် -Qraife Limited –slip Differential နှင့် FPM 375 Mountune Upgrade -၎င်းတွင် အဆင့်မြှင့်တင်ထားသည့် (တာဘိုလေပြန်၍ လှည့်လည်သည့် စနစ်)ပါသည့် အဆို့ရှင်ဘား / 2.3L Turbocharged I4 Engine (370hp) ၊ High –Flow Induction kit / တို့ပါ၀င်ကြပါမည်။ အဆိုပါ (All50 car ) များသည် UK Model များဖြစ်ကြ၍ Tief Orange အရောင် ကို အလုံးရွေးချယ်ထားမည်ဖြစ်ကာ ဆီးဖုံး ၊ Mirror Cap /နှင့် Spoiler တို့သည် အမည်းရောင် ဖြစ်ကြ မည်။ ၎င်းတို့တွင် (Recaro Seats ၊Rear Parking Sensors ၊ Tinted Windows ) တို့ပါရှိကြပါမည်။ ၎င်းတို့တွင် (AWD System ) နှင့် (6-Speed Automatic Gearbox) တို့ပါရှိကြပါသည်။ Ford Focus RS Heritage Edition များအား (စတာလင်ပေါင် ၃၉၈၉၆) တို့ (အမေရိကန်ဒေါ်လာ ၅၅၆၅၇) ဖြင့် စတင်ရောင်းချမည်ဖြစ်ပြီး ပုံမှန်ထုတ်လုပ်ထားသည့် (Base Focus RS ) ကားထက်(စတာလင်ပေါင်၃၆၀၀) ခန့်ပိုမည်ဖြစ်ပါသည်။ ၎င်းတို့အား အစီးရေ အကန့်အသတ် ဖြင့်သာထုတ်လုပ်မည်ဖြစ်ပါသည်။
Zawgyi version….