

Zawgyi Version……

Unicode Version….
ဒေါ်လာ ၁.၂ သန်း တန်ကြေးရှိသည့် စူပါကား Ford GT MK II
———————————————-
Ford သည် ၎င်း၏ နာမည်ကျော် GT ထက်ပို၍သာလွန်သည့် GT Mk II Super Car အား
Track – only version အဖြင့် ဖန်တီးလိုက်ပါသည်။
Ford GT MK II အား အစင်းရေ ( ၄၅ ) စင်းသာ ကန့်သတ် ထုတ်လုပ်မည်ဖြစ်ပြီး ( USD 1.2 million ) ဖြင့် ရောင်းချမည်ဖြစ်သည်။
ထူးခြားမှုမှာ GT Mk II ကို ဝယ်ယူမည့်သူများသည် ၎င်းတို့ စိတ်ကြိုက်ဖန်တီးမှုများကို ပြုလုပ်ဖန်တီးနိုင်မည် ဖြစ်ပြီး Customize အနေဖြင့် Ford နှင့် Multimatic တို့မှ လက်ခံဆောင်ရွက်ပေးမည် ဖြစ်သည်။
၎င်း၏ အပြင်ပုံစံကို လေခွင်းအားကို အထူးတုန့်ပြန်နိုင်သည့် ဒီဇိုင်းဖြင့် Maximum Down force ပုံစံဖန်တီးထားသည်။ အနောက်ဖက်တွင် အတောင်ပံကြီးတစ်ခုနှင့် Splitter တို့လည်းပါဝင်မည်ဖြစ်၍ မြားကဲ့သို့ လျှင်မြန် သည့် အရှိန်ကို ဖစ်ပေါ်စေရန် ၎င်းတို့မှ ကူညီပေးပါမည်။
ယခု Super car ၏ Down force သည် ပုံမှန် GT ထက် ( 400% ) အထိသာလွန်ကြောင်း Ford မှ ဆိုထားပါသည်။ အလားတူ Super Car ၏ အလေးချိန်သည် ( ၃၀၆၄ ပါင် ) သာရှိသည်အတွက် ပြိုင်ပွဲသုံး Racecar များထက် ( ၂၄၄ ပါင် ) သာ ပို၍ လးပြီး အထူးပေါ့ပါးမှုရှိသည်ကိုတွေ့ရပါမည်။ ကားအနှိမ့် ၊ အမြင့်နှင့် Drive Mode System များလည်း ပါရှိမည့်အပြင် ပုံစံ ( ၅ ) မျိုးထိန်း ညှိနိုင်သည့် DSSV Damper နှင့် Low Fix Ride Height တို့ကိုလည်း Ford မှထည့်သွင်းထားမည်ဖြစ်သည်။
Ford GT MK II ၏ အသေးစိတ် အချက်များအား Ford မှထပ်မံကြေငြာမည်ဖြစ်ပါသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here