Ford Myanmar သည် SUV Line-up အသစ်ဖြစ်သည့် All New Ford Territory ကားသစ်ကြီးကို ပြည်တွင်း ဈေးကွက်အတွင်း Online မှ တဆင့် ယနေ့ မိတ်ဆက်သွားခဲ့သည်။
ပြည်တွင်းဈေးကွက်ထဲ တရားဝင်စတင်ဝင်ရောက်လာခဲ့သည့် All New Ford Territory သည် ကျစ်လစ်ပြီးခေတ်ဆန်သောဒီဇိုင်း၊ မြင့်မားသော စွမ်းဆောင်ရည်များနှင့် ဆန်းသစ်သော နည်းပညာများ ပါဝင်ဖြည့်ဆည်းပေးထားသည့် SUV မော်ဒယ်တစ်ခုဖြစ်သည်။
Ford Territory သည် (၅) ယောက်စီး Compact-SUV မော်ဒယ်ဖြစ်ပြီး 1.5 Eco Boost Engine နဲ့အတူ CVT ဂီယာဘောက်ကို တွဲဆက်ထားသည့်အတွက် မောင်းနှင်ရာတွင် လွန်စွာချောမွေ့ပြီး ဆီစားနှုန်းလည်း သက်သာမည်ဖြစ်သည်။
နည်းပညာပိုင်းအရလည်း Ford Territory သည် Ford Co-Pilot 360 ပါဝင်ကာ Drive-assist နည်းပညာအဖြစ် Active Park Assist with parallel-parking အထောက်အပံ့ပေးပြီး compact SUV segment တွင် ထောင့်မှန်ကျထိုးနိုင်သည့် perpendicular parking ပထမဆုံးပါဝင်လာခြင်းဖြစ်သည်။
All New Ford Territory ကို အရောင်(၆)ရောင်ဖြင့် ရရှိနိုင်မည်ဖြစ်ပြီး တစ်နိုင်ငံလုံးရှိ Ford အရောင်းကိုယ်စားလှယ်များတွင် Territory 1.5 Trend MY20 ကို ဒေါ်လာ ၃၂,၉၀၀ ဖြင့်လည်းကောင်း၊ Territory 1.5 Titanium+ MY20 ကို ဒေါ်လာ ၃၄,၉၀၀ ဖြင့်လည်းကောင်း Booking တင်ထားနိုင်ပြီဖြစ်သည်။