Ford Myanmar သည် လက်ရှိကျင်းပပြုလုပ်နေသည့် တတိယအကြိမ်မြောက် CarsDB Auto Show Mandalay 2020 ပြပွဲကြီးတွင် ပါဝင်ပြသလျက်ရှိနေပြီး မန္တလေးရှိ Ford ကားချစ်သူများအတွက် ထူးခြားသည့်အစီအစဉ်များဖြင့် လည်ပတ်ကြည့်ရှုနိုင်မည်ဖြစ်သည်။
CarsDB Auto Show Mandalay 2020 ပြပွဲကြီးတွင် Ford Myanmar မှ Ranger Double Cab Wildtrak၊ Everest Titanium၊ New EcoSport နှင့် Ford F150 Raptor တို့ကို ပြသရောင်းချသွားမည်ဖြစ်ပြီး ပြပွဲရက်အတွင်း Ranger Double Cab Wildtrak၊ Everest Titanium နှင့် New EcoSport တို့ကို စမ်းသပ်မောင်းနှင်နိုင်မည်ဖြစ်သည်။
Ford Myanmar သည် လက်ရှိကားပြပွဲကြီးမှာ Ford ကားတွေကို လာရောက်ဝယ်ယူအားပေးသော Ford Customer တိုင်းကို (၂) နှစ် (သို့) 20,000km အတွင်း လေးကြိမ် အခမဲ့ စစ်ဆေးခွင့်ရမည့် Service Package ကိုလည်း လက်ဆောင် ပေးသွားမှာဖြစ်ပြီး Promotion ကာလ အတွင်း လာရောက် ဝယ်ယူအား ပေးနိုင်ရန် Ford Myanmar ၏ မိတ်ဟောင်း မိတ်သစ် Customer များ အားလုံးကို ဖိတ်ခေါ်ထားသည်။

Zawgyi Version…
CarsDB Auto Show Mandalay တွင် Ford Myanmar မှ ပါဝင်ပြသ
———————————————————————-