Unicode version…

စက်ဘီးများသည် မော်တော်ယာဉ်များကဲ့သို့ လူကြိုက်များသည့် (အသုံးအဆောင်)များဖြစ်ကြပြီး ကားချစ်သူအများစုသည် စက်ဘီးများလည်း ပိုင်ဆိုင်ကြပါသည်။ ကားချစ်သူများသည် ခရီး နီး/ဝေး သွားလာ ရာတွင်၄င်းတို့၏ စက်ဘီးများအား အများအားဖြင့် တပါတည်းယူဆောင်လိုကြပါသည်။သို့သော် စက်ဘီးများ အတွက် (အရွယ်ကြီးမားသည့်ကားများ)(SUV ဆိုသော်လည်း နောက်ဖုံးရှိပါက ဖြုတ်ပြီးမှသာ စက်ဘီးတင်နိုင် ခြင်း)(ဆလွန်းကားများတွင် အဆင်မပြေခြင်း)စသည့်အခက်အခဲများတွေ့ရပြီး (Bike race -စက်ဘီးတင်စင်) သည်ကားများအတွက် (အပိုပါ၀င်မှု)အဖြစ် အထူးလိုအပ်ကြောင်း(Automakers) များမှ သတိပြုမိကြပါသည်။ (Ford)သည် အထက်ပါအချက်အား သုံးသပ်ပြီး အကောင်းဆုံးနှင့် အလွယ်ကူ ဆုံး (Idea)အဖြစ် ကိုယ်ပိုင် တီထွင်မှုအားပြုလုပ်ခဲ့ကာ (U.S)တွင်ကျင်းပခဲ့သည့် (Reilly Brennan and FPO)ပြပွဲတွင် ၄င်း၏နောက်ဆုံးပေါ် (Build – in rack system)အား ပြသခဲ့ပါသည်။ အဆိုပါစနစ်သည် ဆလွန်းကားအပါအဝင်ကားမျိုးစုံတွင် အသုံးပြုနိုင်မည်ဖြစ်ပါသည်။(Bike Races)များတွင် (အမိုးပေါ်တွင် ထားရှိခြင်း)(အနောက်ဘက်ချိတ်နေရာတွင်ထားရှိခြင်း)နှင့် (Suction Cup တွင်ထားရှိခြင်း)ဟူ၍ပုံစံ(၃)မျိုး ရှိပြီး (Ford)၏စနစ်မှာ (နောက်ဖုံးအောက်ချိတ်)တွင် ထားရှိခြင်းဖြစ်ပါသည်။ ၄င်းအနေဖြင့် (Tailgate step)အား (F-150)ကားများတွင် ပထမဆုံးထည့်သွင်းခဲ့ပြီး ယခုနည်းပညာအသစ်သည်(အလိုအလျောက် ခေါက်သိမ်း)ခြင်းကို ပြုလုပ်နိုင်မည်ဖြစ်ပါသည်။ (Ford)၏ အဆိုပါတီထွင်မှုအား (Mustang Model)တွင် သရုပ်ပြတပ်ဆင်ခဲ့ပြီး (Sport Car) အနေဖြင့် ပထမဆုံးတီထွင်မှု ဖြစ်ပါသည်။

(အမိုးကိုင်း)တွင်တပ်ဆင်သည့် (Bike Rack) စနစ်များသည် ဆင်ခြေလျောပုံစံအမိုးရှိသည့်ကား များတွင်မူ များစွာအခက်အခဲဖြစ်သည်ကို လေ့လာတွေ့ရှိရပါသည်။ (Suction Cup)သည်လည်း အသုံးပြု မှုနည်းပါးပါသည်။ထို့ကြောင့် (Ford)၏ များစွာအဆင့်မြင့်သည့် (Retractable Bike Race)သည် နည်းပညာအရသာမက စျေးကွက်တွင်လည်း အောင်မြင်မှုရရှိမည်ဟု ထင်မြင်မိပါသည်။

Zawgyi version…

စက္ဘီးမ်ားသည္ ေမာ္ေတာ္ယာဥ္မ်ားကဲ့သို႕ လူႀကိဳက္မ်ားသည့္ (အသံုးအေဆာင္)မ်ားျဖစ္ၾကၿပီး ကားခ်စ္သူအမ်ားစုသည္ စက္ဘီးမ်ားလည္း ပိုင္ဆိုင္ၾကပါသည္။ ကားခ်စ္သူမ်ားသည္ ခရီး နီး/ေ၀း သြားလာ ရာတြင္၄င္းတို႕၏ စက္ဘီးမ်ားအား အမ်ားအားျဖင့္ တပါတည္းယူေဆာင္လိုၾကပါသည္။သို႕ေသာ္ စက္ဘီးမ်ား အတြက္ (အ႐ြယ္ႀကီးမားသည့္ကားမ်ား)(SUV ဆိုေသာ္လည္း ေနာက္ဖံုး႐ွိပါက ျဖဳတ္ၿပီးမွသာ စက္ဘီးတင္ႏိုင္ ျခင္း)(ဆလြန္းကားမ်ားတြင္ အဆင္မေျပျခင္း)စသည့္အခက္အခဲမ်ားေတြ႕ရၿပီး (Bike race -စက္ဘီးတင္စင္) သည္ကားမ်ားအတြက္ (အပိုပါ၀င္မႈ)အျဖစ္ အထူးလိုအပ္ေၾကာင္း(Automakers) မ်ားမွ သတိျပဳမိၾကပါသည္။ (Ford)သည္ အထက္ပါအခ်က္အား သံုးသပ္ၿပီး အေကာင္းဆံုးႏွင့္ အလြယ္ကူ ဆံုး (Idea)အျဖစ္ ကိုယ္ပိုင္ တီထြင္မႈအားျပဳလုပ္ခဲ့ကာ (U.S)တြင္က်င္းပခဲ့သည့္ (Reilly Brennan and FPO)ျပပြဲတြင္ ၄င္း၏ေနာက္ဆံုးေပၚ (Build – in rack system)အား ျပသခဲ့ပါသည္။ အဆိုပါစနစ္သည္ ဆလြန္းကားအပါအ၀င္ကားမ်ိဳးစံုတြင္ အသံုးျပဳႏိုင္မည္ျဖစ္ပါသည္။(Bike Races)မ်ားတြင္ (အမိုးေပၚတြင္ ထား႐ွိျခင္း)(အေနာက္ဘက္ခ်ိတ္ေနရာတြင္ထား႐ွိျခင္း)ႏွင့္ (Suction Cup တြင္ထား႐ွိျခင္း)ဟူ၍ပံုစံ(၃)မ်ိဳး ႐ွိၿပီး (Ford)၏စနစ္မွာ (ေနာက္ဖံုးေအာက္ခ်ိတ္)တြင္ ထား႐ွိျခင္းျဖစ္ပါသည္။ ၄င္းအေနျဖင့္ (Tailgate step)အား  (F-150)ကားမ်ားတြင္ ပထမဆံုးထည့္သြင္းခဲ့ၿပီး ယခုနည္းပညာအသစ္သည္(အလိုအေလ်ာက္ ေခါက္သိမ္း)ျခင္းကို  ျပဳလုပ္ႏိုင္မည္ျဖစ္ပါသည္။ (Ford)၏ အဆိုပါတီထြင္မႈအား (Mustang Model)တြင္ သ႐ုပ္ျပတပ္ဆင္ခဲ့ၿပီး (Sport Car) အေနျဖင့္ ပထမဆံုးတီထြင္မႈ ျဖစ္ပါသည္။

(အမိုးကိုင္း)တြင္တပ္ဆင္သည့္ (Bike Rack) စနစ္မ်ားသည္ ဆင္ေျခေလ်ာပံုစံအမိုး႐ွိသည့္ကား မ်ားတြင္မူ မ်ားစြာအခက္အခဲျဖစ္သည္ကို ေလ့လာေတြ႕႐ွိရပါသည္။ (Suction Cup)သည္လည္း အသံုးျပဳ မႈနည္းပါးပါသည္။ထို႕ေၾကာင့္ (Ford)၏ မ်ားစြာအဆင့္ျမင့္သည့္ (Retractable Bike Race)သည္ နည္းပညာအရသာမက ေစ်းကြက္တြင္လည္း ေအာင္ျမင္မႈရ႐ွိမည္ဟု ထင္ျမင္မိပါသည္။