( Ford of Europe ) အနေဖြင့် 7-Speed Dual-Clutch Auto gear အား Puma နှင့် Fiesta တို့တွင် မိတ်ဆက်ထည့်သွင်းပေးမည်ဖြစ်သည်။ ၎င်းတို့တွင် အဆိုပါ Dual-Clutch အား Mild – Hybrid 1.0 L Engine တွင် Optional အနေဖြင့် ထည့်သွင်းပေးမည်ဖြစ်သည်။ အဆိုပါ Hybrid Engine သည် 1.0 L Eco Boost Engine နှင့် တူညီမည်ဖြစ်သော်လည်း Hybrid Version အတွက် BDSG ခေါ် Belt-Driven Starter – Generator ပေါင်းစပ်ထားမည်ဖြစ်ကာ Battery အနေဖြင့် အရွယ် သေးငယ်သည့် – 48-Volt lithium-ion Battery Pack ကို ထည့်သွင်းထားပါမည်။ ယခု New 7 Speed Gear အနေဖြင့် 0 to 60 mph တွင် ရရှိမည့် Performance ကို ပုံမှန်ထက် (4.0%) ပို၍ လျှှုင်မြန်မည်ဟု FORD မှပြောထားပါသည်။ Manual Gear ကူးပြောင်းရန် အဆင်ပြေစေမည့် Steering Paddle Shift များကိုလည်း Trim level ပေါ်မူတည်ကာ ထည့်သွင်းထားပါသည်။ ယခု အသစ်ထည့်သွင်းသည့် 7 Speed Dual-Clutch Gear သည် ပေါ့ပါးပြီး ချောမွေ့သည့် ဂီယာအကူး အပြောင်းကို ရရှိနိုင်မည် ဟုလည်း Ford မှ ကတိပေးထားပါသည်။ အထက်ပါ New Gearbox အပြင် အခြားသော ပါဝင်မှုအသစ် (၂) မျိုးကိုလည်း Ford Puma နှင့် Ford Fiesta Hybrid Models များတွင် ထည့်သွင်းထားပြီး ၎င်းတို့မှာ – Adaptive Cruise Control စနစ်နှင့် ချိတ်ဆက်ထားသည့် Stop-and-go function ဖြစ်ပြီး AT Model များတွင် ရရှိနိုင်သည်။ ၎င်းစနစ်သည် Traffic အခြေအနေတွင် အန္တရာယ် တွေ့ပါကလည်း ယာဉ်သည် ချက်ချင်း ရပ်တန့်သွားမည်ဖြစ်ပြီး အရှိန်ထိန်းစနစ်လည်း ပါဝင် မည်ဖြစ်သည်။ အခြား Function မှာ Remote Start Function ဖြစ်ပြီး ၎င်းအား ( Ford Pass Mobile Apps ) မှ တဆင့် ချိတ်ဆက် အသုံးပြုနိုင်မည်ဖြစ်ကာ ယာဉ်ကို အဝေးထိန်းစနစ်ဖြင့် စက်နှိုးနိုင်မည် ဖြစ်သည်။

28 May 2021
0