Unicode version…

Ford Ranger ဆိုရင် မာကျောမှု၊အကြမ်းခံမှု၊လုံခြုံရေးစနစ်ကောင်းမွန်မှုတို့မှာ စံထားရလောက်တဲ့ Pick up မော်ဒယ်အဖြစ်လူသိများထင်ရှားလှပါတယ်။ အခုအသစ်ထွက်ရှိကြေညာလိုက်တဲ့ Ford Ranger Raptor ဟာဆိုရင်လည်း နာမည်ကျော် F-150 Raptor နဲ့ဆင်တူပြီး New Version အနေနဲ့ထွက်ရှိလာတာဖြစ်သလို ထိုင်းနဲ့ပစိဖိတ်ဒေသတွေအတွက် အဓိကထုတ်လုပ်ခဲ့တာဖြစ်ပြီး ကမ္ဘာအနှံ့မှာ အောင်မြင်မှုတွေ ရရှိနိုင်ဖို့ ရည်မှန်းထားပါတယ်။ဒီကားကို Ford Thailand Manufacturing (FTM) မှဖန်တီးခဲ့တာလို့သိရပါတယ်။ ဒီကားကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ရ ရက်နေ့က ဘန်ကောက်ရှိ Impact Challenger မှာမိတ်ဆက်ပွဲ အခမ်းအနားပြုလုပ်ခဲ့ပြီး အဲဒီအခမ်းအနားကို Drive Magazine မှ မြန်မာပြည်ရဲ့တစ်ခု တည်းသော မီဒီယာအဖြစ်တက်ရောက်ခွင့်ရရှိခဲ့ပါတယ်။ ဒါကြောင့် Ford Ranger Raptor အကြောင်းကိုပရိ သတ်တွေ သိရှိနိုင်ဖို့ ပြန်လည်ဝေမျှချင်ပါတယ်။ ပွဲကျင်းပခါနီးအထိ Ford ရဲ့ပထမဆုံးထုတ်လုပ်တဲ့ Ranger Raptor ကိုမြင်တွေ့ရသေးခြင်းမရှိပါဘူး။ Presenter ဖိတ်ခေါ်လိုက်မှ နောက်က Background ထဲကဖောက် ထွက်ပြီး ကွင်းပြင်တစ်ခုပုံစံလုပ်ထားတဲ့ Event ဧရိယာထဲကို ဝိုင်း ဒိုင်းကြဲဝင်ရောက်လာတဲ့ Ranger Raptor ရဲ့အသွင် သဏ္ဍာန်ကလုံးဝကို ခပ်မိုက်မိုက်စက်ရုပ်တစ်ကောင် အလားထင်မှတ်ချင်စရာပါ။ ထူးခြားတဲ့သူ့ ရုပ်သွင်က နေစပြီး လေ့လာကြရအောင်ပါ။

ဒီဇိုင်းပိုင်း

Ford Ranger Raptor ကထူးခြားတဲ့ရုပ်သွင်ကိုပိုင်ဆိုင်ထားပြီး ကြည့်တာနဲ့တင်သာမန် Pick up တစ်စီး မဟုတ်ဘူးဆိုတာ ဝန်ခံပါရစေ။ သူ့ရဲ့စွမ်းအင်ပြည့်ဝပြီး သန်မာတဲ့ပုံပေါက်နေတဲ့ရှေ့ရှဲ (grille)၊ ကြီးမားတဲ့ ရှေ့နောက်ဘန်ပါတွေ၊ ရှေ့ဘန်ပါအောက်က ကာဗာတွေ၊ ဘီးတွေအပေါ်ကာဗာတွေ၊ alloy wheels နဲ့ off-road တာယာတွေကြောင့် ဘယ်လိုလမ်းမျိုးကိုမဆိုမောင်းနှင်နိုင်စွမ်းရှိတယ်ဆိုတာပြသနေသယောင်ပါပဲ။ ရှေ့ ဘန်ပါမှာ new LED fog lamps တွေပါဝင်သလို လေစုပ်ပေါက်တွေပါဝင်ပြီး အဲဒါတွေက ကားကို လေရဲ့ဖိအားဒဏ်ကို လျှော့ချပေး နိုင်ပါတယ်။ ဆိုက်အနေနဲ့တော့ အမြင့်က 1873mm ၊ အကျယ်က 2180mm နဲ့ အရှည် 5398mm ရှိပြီး မြေပြင်ကင်းလွတ်ပမာဏကတော့ ၁၁ လက်မအထိတိုးမြှင့် ထားပါတယ်။ နောက်ပိုင်းတည်ဆောက်ပုံက ရိုးရှင်းပေမယ့် ဘန်ပါမှာ နောက်ကနေဆွဲလို့ရအောင် ချိတ်ထည့်သွင်းထားပြီး လှပတဲ့နောက်မီးခွက်တွေကိုတွေ့မြင့်ရမှာပါ။ ဒီကားရဲ့ဝန်တင်ဆောင်နိုင်စွမ်းကတော့ 2500kg ဖြစ်ပါတယ်။ Ford ရဲ့စွမ်းဆောင်ရည်မြင့် DNA ဖြစ်တဲ့ Ranger Raptor ရဲ့အတွင်းခန်းမှာတော့ အမြင့်ဆုံးသော လက်မှုပညာတွေကို မြင်တွေ့ရမှာဖြစ်ပြီး လိုက်ဘက်လွန်းတဲ့အရောင်သုံးစွဲမှုတွေ၊ Off-road နဲ့နေ့စဉ်မောင်းနှင်မှုတွေအတွက် အသုံးပြုရလွယ်ကူစေမယ့် ပစ္စည်းတွေကိုထည့်သွင်းပေးထားပါတယ်။ ထိုင်ခုံ တွေကလည်း ဆိတ်သားရေအစစ်တွေနဲ့ချုပ်လုပ်ထားပြီး အပြာရောင်ချူပ်ရိုးလိုင်းတွေက လှပစွာပေါ်လွင် နေမှာဖြစ်သလို off-road တွေမှာ high speed မောင်းရင် စီးနင်းသူတွေကို တုန်ခါမှုတွေလျော့နည်းစေပြီး သက်တောင့်သက်သာဖြစ်အောင်လုပ်ပေးနိုင်စွမ်းရှိပါတယ်။ ခရီးရှည်မောင်းနှင်တဲ့အခါမှာ လည်း လူတွေကို စီးနင်းရတာ အဆင်ပြေသက်သာစေပါလိမ့်မယ်။ နောက်ပြီးတော့ လှပတယ်၊ ရှင်းလင်းစွာမြင်နိုင်တယ်၊ မောင်းသူအတွက် အချက်အလက်အစုံအလင်ကို ပြသပေးနိုင်တဲ့ ဒိုင်ခွက်လည်းပါရှိပါတယ်။ စတီယာရင် ပိုင်းမှာလည်း ပေါ့ပါးတဲ့ မဂ္ဂနီဆီယမ်နဲ့လုပ်ထားတဲ့ paddle shifters တွေကလည်း အရှိန်ကိုလို သလိုထိန်းချူပ်နိုင်ပါတယ်။ ပြီးတော့ ဒတ်ရှ်ဘုတ်အလယ်တည့်တည့်မှာပါတဲ့ LCD Screen မှာ အသံနဲ့ ထိန်းချူပ်ညွှန်ကြားနိုင်တဲ့စနစ်တွေ၊လမ်းကြောင်းပြစနစ်တွေ၊Audioတွေကိုနားထောင်နိုင်ဖို့အတွက်လုပ်ဆောင် နိုင်မှုတွေပါဝင်ပါသေးတယ်။

စွမ်းဆောင်ရည်ပိုင်း

ဒီအပိုင်းမှာမဖြစ်မနေထည့်သွင်းဖော်ပြရမှာက Ranger Raptor ရဲ့အောက်ပိုင်းဆိန်းထိန်းစနစ် (Suspension) အကြောင်းပဲဖြစ်ပါတယ်။ Ford ကတော့ Ranger Raptor ရဲ့ chassis frame ပြိုင်ဘက်ကင်းတဲ့တည် ဆောက်ပုံမျိုးလို့ဆိုထားပါတယ်။ အထူးသဖြင့်တော့ Off road ခရီးသွားလာရာမှာ High speed နဲ့မောင်းနှင်မှု တွေအတွက် အကောင်းမွန်ဆုံးဖြစ်အောင်တည်ဆောက်ထားတာပဲဖြစ်ပါတယ်။ နောက်ပိုင်းက အသစ်တီထွင် ဆန်းသစ်ထားတဲ့ suspension စနစ်ကလည်း စီးနင်းမှုနဲ့ Handling ပိုင်းတွေကိုကောင်းမွန်အောင် ကူညီပ့ံပိုးပေးထားပါတယ်။ Ranger Raptor ရဲ့ဖရိန်မှာ အရမ်းကို သန်မာတဲ့ (HSLA) steel တွေကို အသုံးပြု ထားလို့ ကြမ်းတမ်းတဲ့မျက်နှာပြင်တွေမှာ အကောင်းဆုံးမောင်းနှင်နိုင်ပါလိမ့်မယ်။ Suspension မှာသုံးထားတဲ့ shock absorbers တွေက 46.6mm ပစ္စတင်တွေဖြစ်လို့ ငြိမ့်ညောင်းတဲ့စီးနင်းမှုပုံစံကို ရရှိနိုင်မှာပါ။ နောက်ထပ်ပြောမယ့်အပိုင်းကတော့ မောင်းနှင်မှုပုံစံအကြောင်းပဲဖြစ်ပါတယ်။ Ranger Raptor မှာ Mode ၆ မျိုးရွေးချယ်မောင်းနှင်လို့ရပြီး စတီယာရင်ပေါ်ရှိ Control တွေမှလည်း အဲဒီ Mode တွေကိုပြောင်းလဲလို့ရ နိုင်ပါတယ်။ On-road modes တွေအနေနဲ့ Normal နဲ့ Sport mode တွေကိုပြောင်းလဲမောင်းနှင်လို့ရနိုင် သလို Off-road modes အနေနဲ့ကျောက်စရစ်လမ်း၊မြက်ခင်းလမ်း၊နှင်းကျတဲ့လမ်းများအတွက် တစ်မျိုး၊ ရွှံ့လမ်း၊သဲလမ်းတွေအတွက် တစ်မျိုး၊ ကျောက်ဆောင်နေရာတွေအတွက် တစ်မျိုးနဲ့ Off road လမ်းတွေမှာ High Speed နဲ့မောင်းနှင်နိုင်ဖို့အတွက် တစ်မျိုးတို့ဖြစ်ပါတယ်။

Ranger Raptor မှာ အသစ်ထုတ်ထားတဲ့ 2.0-liter Bi-Turbo diesel engine ကိုသုံးထားပြီး 10-Speed transmission ကိုတပ်ဆင်ထားပါတယ်။ စွမ်းအင်ထွက်ရှိမှုကတော့ 213PS (မြင်းကောင်ရေ ၂၁၀အား) ရှိပြီး အမြင့်ဆုံးရုန်းအားက 500Nm ဖြစ်ပါတယ်။ ဒါ့အပြင် Ranger Raptor ဟာ အမြင့်ဆုံး ပါဝါ၊ရုန်အား၊ သက် သာသောဆီစားနှုန်း၊ ဂီယာပိုင်း၊စတီယာရင်ပိုင်း၊ဘရိတ်စနစ်တွေကို အကောင်းဆုံးဖြစ်အောင်ပြုလုပ်ထားတဲ့ မော်ဒယ်တစ်ခုလို့ ဆိုရလောက်အောင်ပြည့်စုံတဲ့နည်းပညာတွေပါဝင်ပါတယ်။

လုံခြုံရေး

ဒီကားမှာ လုံခြံုရေးအတွက် The Satellite Navagation System ပါလို့ Off road မောင်းနှင်မှုတွေမှာ လမ်းပျောက်သွားတာမျိုးမှကာကွယ်ပေးနိုင်ပါတယ်။ နောက်ပြီး Electronic Stability Control (ESC),Trailer Sway Control (TSC), Hill Start Assist (HSA), Hill Descent Control (HDC), Load Adaptive Control (LAC) , Lane Departure Warning (LDW) with Lane Keep Assist (LKA) and Roll Over Mitigation (ROM) နဲ့Back Camera တို့ပါဝင်လို့ယုံကြည်စိတ်ချရတဲ့မောင်းနှင်မှုမျိုးကို ရရှိနိုင်မှာဖြစ်ပါတယ်။ Ranger Raptor ကိုမကြာခင်စျေးကွက်အတွင်းဖြန့်ဖြူးရောင်းချဖို့ရှိနေပြီး စျေးကိုတော့ထုတ်ပြန်ကြေညာသေးခြင်း မရှိပါဘူး။

Zawgyi version….

Ford Ranger ဆုိရင္ မာေက်ာမွဳ၊အၾကမ္းခံမွဳ၊လုံျခဳံေရးစနစ္ေကာင္းမြန္မွဳတုိ႕မွာ စံထားရေလာက္တဲ့ Pick up ေမာ္ဒယ္အျဖစ္လူသိမ်ားထင္ရွားလွပါတယ္။ အခုအသစ္ထြက္ရွိေၾကညာလုိက္တဲ့ Ford Ranger Raptor ဟာဆုိရင္လည္း နာမည္ေက်ာ္ F-150 Raptor နဲ႕ဆင္တူျပီး New Version အေနနဲ႔ထြက္ရွိလာတာျဖစ္သလုိ ထုိင္းနဲ႕ပစိဖိတ္ေဒသေတြအတြက္ အဓိကထုတ္လုပ္ခဲ့တာျဖစ္ျပီး ကမာၻအႏွံ႔မွာ ေအာင္ျမင္မွဳေတြ ရ၇ွိႏိုင္ဖုိ႕ ရည္မွန္းထားပါတယ္။ဒီကားကုိ Ford Thailand Manufacturing (FTM) မွဖန္တီးခဲ့တာလုိ႔သိရပါတယ္။ ဒီကားကုိ ျပီးခဲ့တဲ့ ေဖေဖာ္ဝါရီလ ၇ ရက္ေန႔က ဘန္ေကာက္ရွိ Impact Challenger မွာမိတ္ဆက္ပဲြ အခမ္းအနားျပဳလုပ္ခဲ့ျပီး အဲဒီအခမ္းအနားကုိ Drive Magazine မွ ျမန္မာျပည္ရဲ႕တစ္ခု တည္းေသာ မီဒီယာအျဖစ္တက္ေရာက္ခြင့္ရရွိခဲ့ပါတယ္။ ဒါေၾကာင့္ Ford Ranger Raptor အေၾကာင္းကုိပရိ သတ္ေတြ သိရွိႏုိင္ဖုိ႕ ျပန္လည္ေဝမွ်ခ်င္ပါတယ္။ ပဲြက်င္းပခါနီးအထိ Ford ရဲ႕ပထမဆုံးထုတ္လုပ္တဲ့ Ranger Raptor ကုိျမင္ေတြ႕ရေသးျခင္းမရွိပါဘူး။ Presenter ဖိတ္ေခၚလုိက္မွ ေနာက္က Background ထဲကေဖာက္ ထြက္ျပီး ကြင္းျပင္တစ္ခုပုံစံလုပ္ထားတဲ့ Event ဧရိယာထဲကုိ ဝိုင္း ဒုိင္းၾကဲဝင္ေရာက္လာတဲ့ Ranger Raptor ရဲ႕အသြင္ သ႑ာန္ကလုံးဝကုိ ခပ္မုိက္မိုက္စက္ရုပ္တစ္ေကာင္ အလားထင္မွတ္ခ်င္စရာပါ။ ထူးျခားတဲ့သူ႕ ရုပ္သြင္က ေနစျပီး ေလ့လာၾကရေအာင္ပါ။

ဒီဇုိင္းပုိင္း

Ford Ranger Raptor ကထူးျခားတဲ့ရုပ္သြင္ကုိပုိင္ဆုိင္ထားျပီး ၾကည့္တာနဲ႕တင္သာမန္ Pick up တစ္စီး မဟုတ္ဘူးဆုိတာ ဝန္ခံပါရေစ။ သူ႔ရဲ႕စြမ္းအင္ျပည့္ဝျပီး သန္မာတဲ့ပုံေပါက္ေနတဲ့ေရွ႕ရွဲ (grille)၊ ၾကီးမားတဲ့ ေရွ႕ေနာက္ဘန္ပါေတြ၊ ေရွ႕ဘန္ပါေအာက္က ကာဗာေတြ၊ ဘီးေတြအေပၚကာဗာေတြ၊ alloy wheels နဲ႕ off-road တာယာေတြေၾကာင့္ ဘယ္လုိလမ္းမ်ိဳးကုိမဆုိေမာင္းႏွင္ႏုိင္စြမ္းရွိတယ္ဆုိတာျပသေနသေယာင္ပါပဲ။ ေရွ႕ ဘန္ပါမွာ new LED fog lamps ေတြပါဝင္သလုိ ေလစုပ္ေပါက္ေတြပါဝင္ျပီး အဲဒါေတြက ကားကုိ ေလရဲ႕ဖိအားဒဏ္ကုိ ေလွ်ာ့ခ်ေပး ႏုိင္ပါတယ္။ ဆုိက္အေနနဲ႕ေတာ့ အျမင့္က 1873mm ၊ အက်ယ္က 2180mm နဲ႕ အရွည္ 5398mm ရွိျပီး  ေျမျပင္ကင္းလြတ္ပမာဏကေတာ့  ၁၁ လက္မအထိတုိးျမွင့္ ထားပါတယ္။ ေနာက္ပုိင္းတည္ေဆာက္ပုံက ရုိးရွင္းေပမယ့္ ဘန္ပါမွာ ေနာက္ကေနဆဲြလုိ႔ရေအာင္ ခ်ိတ္ထည့္သြင္းထားျပီး လွပတဲ့ေနာက္မီးခြက္ေတြကုိေတြ႕ျမင့္ရမွာပါ။ ဒီကားရဲ႕ဝန္တင္ေဆာင္ႏိုင္စြမ္းကေတာ့ 2500kg ျဖစ္ပါတယ္။ Ford ရဲ႕စြမ္းေဆာင္ရည္ျမင့္ DNA ျဖစ္တဲ့ Ranger Raptor ရဲ႕အတြင္းခန္းမွာေတာ့ အျမင့္ဆုံးေသာ လက္မွဳပညာေတြကုိ ျမင္ေတြ႕ရမွာျဖစ္ျပီး လုိက္ဘက္လြန္းတဲ့အေရာင္သုံးစြဲမွဳေတြ၊ Off-road နဲ႕ေန႕စဥ္ေမာင္းႏွင္မွဳေတြအတြက္ အသုံးျပဳရလြယ္ကူေစမယ့္ ပစၥည္းေတြကုိထည့္သြင္းေပးထားပါတယ္။ ထုိင္ခုံ ေတြကလည္း ဆိတ္သားေရအစစ္ေတြနဲ႕ခ်ဳပ္လုပ္ထားျပီး အျပာေရာင္ခ်ဴပ္ရုိးလုိင္းေတြက လွပစြာေပၚလြင္ ေနမွာျဖစ္သလုိ off-road ေတြမွာ high speed ေမာင္းရင္ စီးနင္းသူေတြကုိ တုန္ခါမွဳေတြေလ်ာ့နည္းေစျပီး သက္ေတာင့္သက္သာျဖစ္ေအာင္လုပ္ေပးႏုိင္စြမ္းရွိပါတယ္။ ခရီးရွည္ေမာင္းႏွင္တဲ့အခါမွာ လည္း လူေတြကုိ စီးနင္းရတာ အဆင္ေျပသက္သာေစပါလိမ့္မယ္။  ေနာက္ျပီးေတာ့ လွပတယ္၊ ရွင္းလင္းစြာျမင္ႏိုင္တယ္၊ ေမာင္းသူအတြက္ အခ်က္အလက္အစုံအလင္ကုိ ျပသေပးႏုိင္တဲ့ ဒုိင္ခြက္လည္းပါရွိပါတယ္။ စတီယာရင္ ပုိင္းမွာလည္း ေပါ့ပါးတဲ့ မဂၢနီဆီယမ္နဲ႕လုပ္ထားတဲ့ paddle shifters ေတြကလည္း အရွိန္ကုိလုိ သလုိထိန္းခ်ဴပ္ႏုိင္ပါတယ္။ ျပီးေတာ့ ဒတ္ရွ္ဘုတ္အလယ္တည့္တည့္မွာပါတဲ့ LCD Screen မွာ အသံနဲ႕ ထိန္းခ်ဴပ္ညႊန္ၾကားႏုိင္တဲ့စနစ္ေတြ၊လမ္းေၾကာင္းျပစနစ္ေတြ၊Audioေတြကုိနားေထာင္ႏုိင္ဖုိ႔အတြက္လုပ္ေဆာင္ ႏုိင္မွဳေတြပါဝင္ပါေသးတယ္။

စြမ္းေဆာင္ရည္ပုိင္း

ဒီအပုိင္းမွာမျဖစ္မေနထည့္သြင္းေဖာ္ျပရမွာက Ranger Raptor ရဲ႕ေအာက္ပုိင္းဆိန္းထိန္းစနစ္ (Suspension) အေၾကာင္းပဲျဖစ္ပါတယ္။ Ford ကေတာ့ Ranger Raptor ရဲ႕  chassis frame ျပိဳင္ဘက္ကင္းတဲ့တည္ ေဆာက္ပုံမ်ိဳးလုိ႕ဆုိထားပါတယ္။ အထူးသျဖင့္ေတာ့ Off road ခရီးသြားလာရာမွာ High speed နဲ႕ေမာင္းႏွင္မွဳ ေတြအတြက္ အေကာင္းမြန္ဆုံးျဖစ္ေအာင္တည္ေဆာက္ထားတာပဲျဖစ္ပါတယ္။ ေနာက္ပုိင္းက အသစ္တီထြင္ ဆန္းသစ္ထားတဲ့ suspension စနစ္ကလည္း စီးနင္းမွဳနဲ႕ Handling ပုိင္းေတြကုိေကာင္းမြန္ေအာင္ ကူညီပ့ံပုိးေပးထားပါတယ္။ Ranger Raptor ရဲ႕ဖရိန္မွာ အရမ္းကုိ သန္မာတဲ့ (HSLA) steel ေတြကုိ  အသုံးျပဳ ထားလုိ႔ ၾကမ္းတမ္းတဲ့မ်က္ႏွာျပင္ေတြမွာ အေကာင္းဆုံးေမာင္းႏွင္ႏိုင္ပါလိမ့္မယ္။ Suspension မွာသုံးထားတဲ့ shock absorbers ေတြက 46.6mm ပစၥတင္ေတြျဖစ္လုိ႔ ျငိမ့္ေညာင္းတဲ့စီးနင္းမွဳပုံစံကုိ ရရွိႏိုင္မွာပါ။ ေနာက္ထပ္ေျပာမယ့္အပုိင္းကေတာ့ ေမာင္းႏွင္မွဳပုံစံအေၾကာင္းပဲျဖစ္ပါတယ္။ Ranger Raptor မွာ Mode ၆ မ်ိဳးေရြးခ်ယ္ေမာင္းႏွင္လုိ႔ရျပီး စတီယာရင္ေပၚရွိ Control ေတြမွလည္း အဲဒီ Mode ေတြကုိေျပာင္းလဲလုိ႔ရ ႏိုင္ပါတယ္။ On-road modes ေတြအေနနဲ႕ Normal နဲ႕ Sport mode ေတြကုိေျပာင္းလဲေမာင္းႏွင္လုိ႕ရႏုိင္ သလုိ Off-road modes အေနနဲ႕ေက်ာက္စရစ္လမ္း၊ျမက္ခင္းလမ္း၊ႏွင္းက်တဲ့လမ္းမ်ားအတြက္ တစ္မ်ိဳး၊ ရႊံ႕လမ္း၊သဲလမ္းေတြအတြက္ တစ္မ်ိဳး၊ ေက်ာက္ေဆာင္ေနရာေတြအတြက္ တစ္မ်ိဳးနဲ႕ Off road လမ္းေတြမွာ High Speed နဲ႕ေမာင္းႏွင္ႏုိင္ဖုိ႔အတြက္ တစ္မ်ိဳးတုိ႕ျဖစ္ပါတယ္။

Ranger Raptor မွာ အသစ္ထုတ္ထားတဲ့ 2.0-liter Bi-Turbo diesel engine ကုိသုံးထားျပီး 10-Speed  transmission ကုိတပ္ဆင္ထားပါတယ္။ စြမ္းအင္ထြက္ရွိမွဳကေတာ့ 213PS (ျမင္းေကာင္ေရ ၂၁၀အား) ရွိျပီး အျမင့္ဆုံးရုန္းအားက 500Nm ျဖစ္ပါတယ္။ ဒါ့အျပင္ Ranger Raptor ဟာ အျမင့္ဆုံး ပါဝါ၊ရုန္အား၊ သက္ သာေသာဆီစားႏွဳန္း၊ ဂီယာပုိင္း၊စတီယာရင္ပုိင္း၊ဘရိတ္စနစ္ေတြကုိ အေကာင္းဆုံးျဖစ္ေအာင္ျပဳလုပ္ထားတဲ့ ေမာ္ဒယ္တစ္ခုလုိ႔ ဆုိရေလာက္ေအာင္ျပည့္စုံတဲ့နည္းပညာေတြပါဝင္ပါတယ္။

လုံျခံဳေရး

ဒီကားမွာ လုံျခံဳေရးအတြက္ The Satellite Navagation System ပါလုိ႔  Off road ေမာင္းႏွင္မွဳေတြမွာ လမ္းေပ်ာက္သြားတာမ်ိဳးမွကာကြယ္ေပးႏိုင္ပါတယ္။ ေနာက္ျပီး Electronic Stability Control (ESC),Trailer Sway Control (TSC), Hill Start Assist (HSA), Hill Descent Control (HDC), Load Adaptive Control (LAC) , Lane Departure Warning (LDW) with Lane Keep Assist (LKA) and Roll Over Mitigation (ROM) နဲ႕Back Camera တုိ႕ပါဝင္လုိ႕ယုံၾကည္စိတ္ခ်ရတဲ့ေမာင္းႏွင္မွဳမ်ိဳးကုိ ရ၇ွိႏိုင္မွာျဖစ္ပါတယ္။ Ranger Raptor ကုိမၾကာခင္ေစ်းကြက္အတြင္းျဖန္႕ျဖဴးေရာင္းခ်ဖုိ႕ရွိေနျပီး ေစ်းကုိေတာ့ထုတ္ျပန္ေၾကညာေသးျခင္း မရွိပါဘူး။