Zawgyi Version…
Ford ကုမၸဏီသည္ Shifter Cables ခ်ိဳ႕ယြင္းမႈေၾကာင့္ အေမရိကန္ႏုိင္ငံရိွ Fusion Sedans ေမာ္ဒယ္ ကားအစီးေရ ၂၆၀,၀၀၀ ခန္႔ကို ျပန္လည္သိမ္းယူေနေၾကာင္း သိရသည္။
Ford သည္ ၿပီးခဲ့သည့္ႏွစက္ Escape ေမာ္ဒယ္မ်ားတြင္လည္း Shifter Cables ျပႆနာကို ႀကံဳေတြ႕ခဲ့ရ ၿပီး Fusion Sedans မ်ားတြင္ပါ အဆုိပါျပႆနာ ထပ္မံႀကံဳေတြ႕ေနရျခင္းျဖစ္သည္။
အခ်က္အလက္ေတြအရ Ford သည္ Shifter Cables ခ်ိဳ႕ယြင္းမႈျပသနာႀကံဳေတြ႕ရမႈေၾကာင့္ ျပန္လည္ သိမ္းယူခဲ့ရသည့္ Fusion ႏွင့္ Escape ေမာ္ဒယ္မ်ား၏ အေရအတြက္မွာ သန္းတစ္ဝက္ခန္႔ရိွျပီ ျဖစ္ေၾကာင္း သိရသည္။
Shifter Cables ျပႆနာသည္ ႀကိဳးမ်ား႐ႈတ္ေထြးမႈေၾကာင့္ ဂီယာထုိးရာတြင္ ခ်ိဳ႕ယြင္းမႈျဖစ္ေပၚေစၿပီး ကားေမာင္းေနစဥ္တြင္ ဂီယာမွားထုိးခ်င္း၊ လူသူမ်ားရာေနရာမ်ားတြင္ Neutral mode ျဖင့္ မွားယြင္း ကာ ကားရပ္မိျခင္း (သို႔) ကားထဲမွ ထြက္မိျခင္း စသည့္ အႏၱရာယ္ရိွေသာျဖစ္ရပ္မ်ား ျဖစ္ပြားေစ ႏုိင္သည္။
Ford အေနျဖင့္ Fusions ပိုင္ရွင္မ်ားကို ကားရပ္နားသည့္အခ်ိန္တိုင္းတြင္ Parking Brake သံုးရန္ အႀကံေပးထားၿပီး ေနာက္ပိုင္း အဆုိပါ ေမာ္ဒယ္မ်ားတြင္ Shift Cable မ်ား ျပန္လည္အစားထုိးသြား မည္ျဖစ္သည္။
National Highway Traffic Safety Administration (NHTSA) ၏ ထုတ္ျပန္ခ်က္မ်ားအရ Ford သည္ ယခင္သိမ္းယူထားခဲ့သည့္ Fusion and Escape ေမာ္ဒယ္မ်ား၏ ထက္ဝက္ေက်ာ္ကို ျပန္လည္ ျပဳျပင္ေပးၿပီးျဖစ္ေၾကာင္း သိရသည္။



Unicode Version…
ဂီယာပြဿနာကြောင့် Fusion Sedans ကားအစီးရေ ၂၆၀,၀၀၀ ခန့်ကို Ford မှ ပြန် လည်ပြုပြင် ရန်သိမ်းဆည်း
Ford ကုမ္ပဏီသည် Shifter Cables ချို့ယွင်းမှုကြောင့် အမေရိကန်နိုင်ငံရှိ Fusion Sedans မော်ဒယ် ကားအစီးရေ ၂၆၀,၀၀၀ ခန့်ကို ပြန်လည်သိမ်းယူနေကြောင်း သိရသည်။
Ford သည် ပြီးခဲ့သည့်နှစက် Escape မော်ဒယ်များတွင်လည်း Shifter Cables ပြဿနာကို ကြုံတွေ့ခဲ့ရ ပြီး Fusion Sedans များတွင်ပါ အဆိုပါပြဿနာ ထပ်မံကြုံတွေ့နေရခြင်းဖြစ်သည်။
အချက်အလက်တွေအရ Ford သည် Shifter Cables ချို့ယွင်းမှုပြသနာကြုံတွေ့ရမှုကြောင့် ပြန်လည် သိမ်းယူခဲ့ရသည့် Fusion နှင့် Escape မော်ဒယ်များ၏ အရေအတွက်မှာ သန်းတစ်ဝက်ခန့်ရှိပြီ ဖြစ်ကြောင်း သိရသည်။
Shifter Cables ပြဿနာသည် ကြိုးများရှုတ်ထွေးမှုကြောင့် ဂီယာထိုးရာတွင် ချို့ယွင်းမှုဖြစ်ပေါ်စေပြီး ကားမောင်းနေစဉ်တွင် ဂီယာမှားထိုးချင်း၊ လူသူများရာနေရာများတွင် Neutral mode ဖြင့် မှားယွင်း ကာ ကားရပ်မိခြင်း (သို့) ကားထဲမှ ထွက်မိခြင်း စသည့် အန္တရာယ်ရှိသောဖြစ်ရပ်များ ဖြစ်ပွားစေ နိုင်သည်။
Ford အနေဖြင့် Fusions ပိုင်ရှင်များကို ကားရပ်နားသည့်အချိန်တိုင်းတွင် Parking Brake သုံးရန် အကြံပေးထားပြီး နောက်ပိုင်း အဆိုပါ မော်ဒယ်များတွင် Shift Cable များ ပြန်လည်အစားထိုးသွား မည်ဖြစ်သည်။
National Highway Traffic Safety Administration (NHTSA) ၏ ထုတ်ပြန်ချက်များအရ Ford သည် ယခင်သိမ်းယူထားခဲ့သည့် Fusion and Escape မော်ဒယ်များ၏ ထက်ဝက်ကျော်ကို ပြန်လည် ပြုပြင်ပေးပြီးဖြစ်ကြောင်း သိရသည်။