Unicode version…
(Ford)သည် ၎င်း၏ ကြီးမားသည့် (လက်ကားဝယ်ယူသူ)များ၏ ထောက်ပံ့မှုကြောင့် (GM)ကို ကျော်လွန်ကာ ကားအများဆုံး ရောင်းချမှု စံချိန်အား ယခုနှစ် (May) တွင် (US)၌ ရရှိခဲ့ပါသည်။ Ford ၏ လေလံကားရောင်းချရမှုသည် (2.2)ရာခိုင်နှုန်း တိုးတက်ခဲ့ပြီး အစင်းရေ (241126) စင်းရောင်းချနိုင်ပြီး (GM) အနေဖြင့် (1.3)ရာခိုင်နှုန်းခန့် ရောင်းအားကျခဲ့ပြီး (234364)စင်း သာရောင်းချနိုင်ခဲ့ပါသည်။ (GM)ကား အများစုအား (ကားအငှားလုပ်ငန်း)များသို ့လျော့စျေးများဖြင့် ရောင်းချခြင်း ဖြစ်ပါသည်။ Ford ၏ အဆိုပါ (လက်ကားဝယ်ယူမှု)ကြောင့် ရောင်းချရခြင်းသည် (U.S)၏ (May)လ မော်တော်ယာဉ် စုစုပေါင်းရောင်းအား၏ (၁၉)ရာခိုင်နှုန်းခန့် ဖြစ်ပါသည်။ (Ford)အနေဖြင့် အဆိုပါရောင်းချရမှုသည် ၎င်း၏စုစုပေါင်း ရောင်းအား၏ (၃၄) ရာခိုင်နှုန်းကျော်ခန့်ရှိပြီး စုစုပေါင်း(ထုတ်လုပ်မှု)၏ (20)ရာခိုင်နှုန်းခန့်လည်း ဖြစ်ပါသည်။
(U.S)စျေးကွက်၏ (May)ရောင်းချမှုအနေဖြင့် (Fiat Chrysler)အနေဖြင့် (0.9)ရာခိုင်နှုန်း လျော့ကျခဲ့ပြီး အစင်းရေ (193040) စင်းရောင်းချရပါသည်။ (Toyota US)အနေဖြင့် ရောင်းအား (0.5)ရာခိုင်နှုန်း လျော့နည်းခဲ့ ပြီး အစင်းရေ (218248)စင်းရောင်းချရပါသည်။ (Nissan US)အနေဖြင့် ရောင်းအား (3.0)ရာခိုင်နှုန်း တိုးတက်ခဲ့ ပြီး အစင်းရေ (137471)ရောင်းချရပါသည်။ (U.S)ရှိ ကားများ၏ ရောင်းချရမှု အနေဖြင့် အစင်းရေ (16.8)သန်း မှ (16.9)သန်း အတွင်း (May)၌ ရောင်းနိုင်ခဲ့ပါသည်။ (2016 May)ရောင်းချရမှုသည်ကား (17.55)သန်းပင် ဖြစ်ပါသည်။
(ကားအသစ်များ ၀ယ်လိုအားသည် မြင့်မားမှုရှိပါသည်)ဟု (Industry Analysis)၏ (Executive Director)ဖြစ်သူ (Jessica Caldwell)မှ ပြောကြားခဲ့ပါသည်။ (GM dealer)များ အနေဖြင့် ၎င်း၏ (Che Silverado)အား ($ 12000)အထိ စျေးလျော့ပေးခဲ့ပြီး (Ford)အနေဖြင့် ၎င်း၏ (F-Series Pickups)များအား ($ 10000) မှ ( $ 14000)အထိ စျေးလျော့ချ၍ ရောင်းချခဲ့ပါသည်။
Zawgyi version…
(Ford)သည္ ၎၏ ႀကီးမားသည့္ (လက္ကား၀ယ္ယူသူ)မ်ား၏ ေထာက္ပံ့မႈေၾကာင့္ (GM)ကို ေက်ာ္လြန္ကာ ကားအမ်ားဆံုး ေရာင္းခ်မႈ စံခ်ိန္အား ယခုႏွစ္ (May) တြင္ (US)၌ ရရွိခဲ့ပါသည္။ Ford ၏ ေလလံကားေရာင္းခ်ရမႈသည္ (2.2)ရာခိုင္ႏႈန္း တိုးတက္ခဲ့ၿပီး အစင္းေရ (241126) စင္းေရာင္းခ်ႏိုင္ၿပီး (GM) အေနျဖင့္ (1.3)ရာခိုင္ႏႈန္းခန္႔ ေရာင္းအားက်ခဲ့ၿပီး (234364)စင္း သာေရာင္းခ်ႏိုင္ခဲ့ပါသည္။ (GM)ကား အမ်ားစုအား (ကားအငွားလုပ္ငန္း)မ်ားသို ႔ေလ်ာ့ေစ်းမ်ားျဖင့္ ေရာင္းခ်ျခင္း ျဖစ္ပါသည္။ Ford ၏ အဆိုပါ (လက္ကား၀ယ္ယူမႈ)ေၾကာင့္ ေရာင္းခ်ရျခင္းသည္ (U.S)၏ (May)လ ေမာ္ေတာ္ယာဥ္ စုစုေပါင္းေရာင္းအား၏ (၁၉)ရာခိုင္ႏႈန္းခန္႔ ျဖစ္ပါသည္။ (Ford)အေနျဖင့္ အဆိုပါေရာင္းခ်ရမႈသည္ ၎၏စုစုေပါင္း ေရာင္းအား၏ (၃၄) ရာခိုင္ႏႈန္းေက်ာ္ခန္႔ရွိၿပီး စုစုေပါင္း(ထုတ္လုပ္မႈ)၏ (20)ရာခိုင္ႏႈန္းခန္႔လည္း ျဖစ္ပါသည္။
(U.S)ေစ်းကြက္၏ (May)ေရာင္းခ်မႈအေနျဖင့္ (Fiat Chrysler)အေနျဖင့္ (0.9)ရာခိုင္ႏႈန္း ေလ်ာ့က်ခဲ့ၿပီး အစင္းေရ (193040) စင္းေရာင္းခ်ရပါသည္။ (Toyota US)အေနျဖင့္ ေရာင္းအား (0.5)ရာခိုင္ႏႈန္း ေလ်ာ့နည္းခဲ့ ၿပီး အစင္းေရ (218248)စင္းေရာင္းခ်ရပါသည္။ (Nissan US)အေနျဖင့္ ေရာင္းအား (3.0)ရာခိုင္ႏႈန္း တိုးတက္ခဲ့ ၿပီး အစင္းေရ (137471)ေရာင္းခ်ရပါသည္။ (U.S)ရွိ ကားမ်ား၏ ေရာင္းခ်ရမႈ အေနျဖင့္ အစင္းေရ (16.8)သန္း မွ (16.9)သန္း အတြင္း (May)၌ ေရာင္းႏိုင္ခဲ့ပါသည္။ (2016 May)ေရာင္းခ်ရမႈသည္ကား (17.55)သန္းပင္ ျဖစ္ပါသည္။
(ကားအသစ္မ်ား ၀ယ္လိုအားသည္ ျမင့္မားမႈရွိပါသည္)ဟု (Industry Analysis)၏ (Executive Director)ျဖစ္သူ (Jessica Caldwell)မွ ေျပာၾကားခဲ့ပါသည္။ (GM dealer)မ်ား အေနျဖင့္ ၎၏ (Che Silverado)အား ($ 12000)အထိ ေစ်းေလ်ာ့ေပးခဲ့ၿပီး (Ford)အေနျဖင့္ ၎၏ (F-Series Pickups)မ်ားအား ($ 10000) မွ ( $ 14000)အထိ ေစ်းေလ်ာ့ခ်၍ ေရာင္းခ်ခဲ့ပါသည္။