Coronavirus pandemic အတွက် လိုအပ်တဲ့ဆေးဘက်ဆိုင်ရာအထောက်အကူပစ္စည်းတွေထုတ်လုပ်ပြီး ကူညီနိုင်ရေးအတွက် 3M, GE တို့နဲ့ပူးပေါင်းလုပ်ဆောင်သွားမယ်လို့ နာမည်ကျော်ကားထုတ်လုပ်ရေးကုမ္ပဏီကြီး Ford က ဒီနေ့ ကြေညာလိုက်ပါတယ်။
Ford ရဲ့ ရည်ရွယ်ချက်ကတော့ လိုအပ်နေတဲ့ ventilators နဲ့ respirators – Powered Air-Purifying Respirators (PAPRs) တွေ ပိုမိုထုတ်လုပ်နိုင်ရေးမှာ ကူညီေပးဖို့ပါ။ ဒါ့အပြင် United Auto Workers နဲ့ပူးပေါင်းပြီး တစ်ပတ်ကို plastic face shields 100,000 ထုတ်လုပ်ရေးကိုလည်း လုပ်ဆောင်နေပါတယ်။
3M နဲ့ပူးပေါင်းပြီး PAPRs ဒီဇိုင်းသစ်တစ်ခုကို ဖန်တီးနေသလို GE Healthcare ရဲ့ လက်ရှိ ventilator တွေထက်ရိုးရှင်းတဲ့ ventilator ဒီဇိုင်းကိုပါ Ford manufacturing facility တွေနဲ့ ဖန်တီးဖို့ကြိုးပမ်းနေပါသေးတယ်။
Ford က သူတို့ရဲ့ Advanced Manufacturing Center က 3D-printing စက်တွေကို personal protective equipment (PPE) တွေထုတ်လုပ်ရေးအတွက် အသုံးပြုသွားမှာဖြစ်ပြီး ဆေးရုံတွေအတွက် ခွဲခန်းသုံးပစ္စည်းတွေ၊ N95 respirator တွေနဲ့ surgical mask 40,000 ကိုလည်း ထောက်ပံ့လှူဒါန်းသွားမှာဖြစ်ပါတယ်။
Source: Ford
Thiha