Unicode version…

တကယ်ဆိုရင်တော့ အခု ပြောပြချင်တဲ့ မော်ဒယ် Rangerက ပြည်တွင်းကို Brand Newအနေနဲ့ စျေးကွက် ၀င်လာတာ မကြာသေးပါဘူး။ အမေရိကန် အခြေစိုက် Fordကုမဏီရဲ့ သက်တမ်းရင့် မော်ဒယ် တစ်ခုပါ။ အမေရိကန် စျေးကွက်မှာ F-Seriesဆိုတဲ့ မော်ဒယ်က အောင်မြင်မှု ရနေလေတော့ Rangerကို အမေရိကန် မဟုတ်တဲ့ ပြည်ပ စျေးကွက်အတွက် ရည်ရွယ်ပြီးတော့ ထုတ်လုပ်ရောင်းချခဲ့တာပါ။ ပထမဆုံး မော်ဒယ်ကတော့ ၁၉၇၁ခုနှစ်မှာ ထွက်ရှိလာပါတယ်။ ဒါနဲ့ နေပါဦး၊ အမေရိကန် ကားကုမဏီက အမေရိကန်မှာ ဘာလို့ Rangerကိုမရောင်းတာလဲ၊ မကောင်းလို့ပဲ သူ့နိုင်ငံမှာ သူ မသုံးတာလားလို့ ထင်ကြမှာ စိုးမိပါတယ်။ နည်းနည်းလောက် ရှင်းပြပါရစေ။

Rangerတွေဟာ ပျမ်းမျှ အားဖြင့်တော့ အင်ဂျင်က ၂လီတာသုံး ကျော်ကျော်ကနေ ၃လီတာသုံး အရွယ်ရှိ အင်ဂျင်တွေ တပ်ဆင် ထုတ်လုပ်ပါတယ်။ F-Seriesတန်းဝင် မော်ဒယ်တွေကတော့ အင်ဂျင်စနစ်က ၃လီတာသုံးနဲ့ အထက် အကြီးစား အင်ဂျင်အရွယ်တွေကိုပဲ တပ်ဆင် ထုတ်လုပ်ပါတယ်။ ကမ္ဘာမှာလည်း အမေရိကန်ကလွဲရင် ဥရောပကနေ အာရှ ထိအောင် အင်ဂျင်သေးသေး ဆီစားနည်းနည်း မော်ဒယ်ကိုပဲ နှစ်သက်လက်ခံကြပါတယ်။ ဒီတော့ Fordကလည်း အမေရိကန်မှာ လက်ခံထားတဲ့ F-Seriesကိုလည်း နေရာမပျက်၊ တခြား စျေးကွက် အတွက်လည်း အဆင်ပြေမယ့် Rangerကို ထုတ်လုပ်လာတာပါ။ ဒါဆို နားလည်မှု မလွဲတော့ပါဘူးနော်။ ကောင်းပါပြီ၊ ဆက်ကြည့်ရအောင်ပါ။

၁၉၇၁ခုနှစ်မှာ အမေရိက မဟုတ်တဲ့ ပြည်ပ စျေးကွက်အတွင်း Mazda B-Seriesတွေကို စျေးကွက် ပြိုင်ဖို့ Rangerတွေ ထွက်လာပါတယ်။ ကနဦးအစမှာ Rangerမဟုတ်သေးပါဘူး။ အမည်က Courieerပါ။ ၁၉၉၈မှာမှ Rangerလို့ ပြောင်းလဲ ခေါ်ဝေါ်ခဲ့ပေမယ့် နာမည်ကြီး စျေးကွက် သြစတြေးလျမှာ ဆိုရင် ၂၀၀၆ခုနှစ်ထိအောင် Courierလို့ ဆက်လက် ခေါ်ဝေါ်ခဲ့ပါတယ်။ နိုင်ငံတကာ စျေးကွက်မှာတော့ အခုချိန်ထိအောင် ထုတ်လုပ်ရောင်းချနေဆဲပါ။ ပြည်တွင်းမှာ ၀ယ်ယူသူတွေ အခွန်ပိုပြီး သက်သာအောင်၊ စျေးချိုချိုနဲ့ ၀ယ်နိုင်အောင် SKDပုံစံနဲ့ တပ်ဆင် ထုတ်လုပ်ပြီး အခုတော့ အရစ်ကျနဲ့ဆိုရင်လည်း ရနိုင်မယ်၊ အရည်အသွေးကောင်းကောင်း၊ လမ်းကြမ်းပိုင်း စွမ်းဆောင်ရည် မြင့်မြင့်နဲ့ Rangerတွေ Brand Newအနေနဲ့ ရနိုင်ပါပြီ။ ဒီတော့ ကျွန်တော်လည်း အရင်ရက်က စမ်းမောင်းခဲ့တဲ့ အရသာလေးနဲ့ မော်ဒယ်ကို ပြန်ပြီး နည်းနည်း ဖောက်သည်ချပါရစေ။

ကျွန်တော် စမ်းမောင်းခဲ့တဲ့ အချိန်က ညနေ ၄နာရီ ၀န်းကျင်၊ ရန်ကုန်မြို့၊ သာကေတနယ်ထဲမှာ။ စီးသွားဖြစ်တာက ပြည်တွင်းမှာ ရောင်းချနေတဲ့ Brand New Rangerမော်ဒယ်သစ်တွေထဲက မော်ဒယ်ခွဲ တစ်ခု ဖြစ်တဲ့ XLT၊ ၂၀၁၆ခုနှစ် မော်ဒယ်ပါ။ အခန်းဖွဲ့က နှစ်ခန်းဖွဲ့၊ ၁တန်ဝန် တင်နိုင်မယ့် မော်ဒယ်။ ဒါပေမယ့် စီးသွားတာက လူ ၄ယောက်တည်း၊ ၀န်မပါဘူး။ ဒီတော့ ထင်စရာ ရှိတာက မော်ဒယ်ရဲ့ Suspensionစနစ်က ၀န်ပေါ့ အနေအထားမှာ လမ်းကြောင့် တုန်ခါမှု များမယ်ပေါ့။ ဒါပေမယ့် Cruise Controlရဲ့ အားသာချက်ကြောင့် ထင်ပါရဲ့၊ တည်ငြိ်မ်မှု အပြည့်နဲ့ သာကေတကို ဖြတ်ကျော်ပြီး ယုဇန ဥယာဉ်မြို့တော်ထိ ရောက်သွားခဲ့ပါတယ်။ ဦးတည်ချက်က Test Driveအတွက်ရော ဓါတ်ပုံကောင်းလေးတွေ ရဖို့ အတွက်ပါ ဆိုတော့ ကျွန်တော်တို့ ရှုခင်းကောင်းကောင်းတွေ လိုက်ရှာတယ်၊ လယ်ကွင်းတွေ၊ လမ်းကြမ်းတွေကို ဖြတ်သန်းမောင်းနှင်ဖြစ်ကြပါတယ်။ မြေသားလမ်းဆိုတဲ့ နေရာမှာ ကီလို ၆၀နှုန်းလောက်ထိအောင် အမြန်နှုန်းကို တည်ငြိမ်မှု အပြည့်နဲ့ မောင်းနှင်နိုင်တဲ့ စွမ်းဆောင်ရည်ကို တွေ့လာရပါတယ်။

Drive Modeမပါပေမယ့် လေးဘီးယက်စနစ်နဲ့ အခု မော်ဒယ်က မထင်မှတ်ပဲ နှစ်ဘီးယက််ပုံစံ၊ လေးဘီးယက်ပုံစံနဲ့ တောင်တက် ရုန်းအားဦးစားပေး ပုံစံ၊ စုစုပေါင်း ၃မျိုး ရွေးချယ်မောင်းနှင်နိုင်တာ တွေ့ရတော့ သဘောကျမိပါတယ်။ လမ်းကြမ်းမောင်း မော်ဒယ်ဖြစ်လို့ ဇိမ်ခံ အိမ်စီး မော်ဒယ်တွေလို Push Startတော့ မရဘူးပေါ။ ပြီးတော့ အဲဒီမှာ တစ်ချက် ပတ်လည် လေအေးပေးစနစ်တော့ မပါဘူးဗျ။ တခြား မော်ဒယ်ခွဲတွေမှာတော့ ရနိုင်မလားပဲ၊ XLTမှာက ရှေ့ခန်း လေအေးပေးစနစ်နဲ့လာတယ်၊ ဒီတော့ နောက်ဖက်ခန်းအတွက် လေအေးပေးနိုင်အောင် Lev3လောက်တင်လိုက်ရင်လည်း ရှေ့ခန်း အအေးပိုသွားတယ်၊ လျော့လိုက်ရင်လည်း နောက်ဖက်ခန်း အအေးနည်းသွားတယ်၊ ဒီတချက်တော့ အားနည်းချက်လေးလို့ မြင်မပါတယ်။

အင်ဂျင်က ၃.၂လီတာသုံး ရုန်းအား ၄၇၀ပေါင်-ပေမှာ မြင်းကောင်ရေ ၂၀၀အား ထွက်ရှိမယ်။ ရုန်းအား ကောင်းမှုက လမ်းကြမ်းပိုင်း စိတ်ကြိုက် မောင်းနှင်မှု ဖြစ်လာစေနိုင်တယ်၊ ဒါပေမယ့် စွမ်းအင် ထွက်ရှိမှု နည်းနေလို့ တစ်နာရီ မိုင် ၆၀နှုန်းလို အမြန်နှုန်း မြှင့်တင်နိုင်မှုကိုတော့ အရမ်းကြီး ကောင်းမယ်လို့ မျှော်လင့် မထားပါနဲ့။ ၆ချက်သုံး Autoစနစ်နဲ့ သွားပါတယ်။ ဒါက ခရီးဝေး မောင်းနှင်မှု အတွက် မောင်းနှင်သူကို အသက်သာဆုံး ဖြစ်စေမယ့် ဂီယာစနစ်ပါ။ ရှေ့ဖက်ခန်းရော နောက်ဖက်ခန်းပါ ကျယ်ဝန်းတယ်၊ ထိုင်ခုံက အထည်ဦးစားပေးပုံစံနဲ့ ချုပ်ထားပေမယ့် ကိုယ့်လက်ထဲမှာ သားရေစွပ် ပြန်ထည့်လိုက်ရင် ကောင်းသွားမှာပါ။ ရှေ့ဖက် ထိုင်ခုံတွေက အရှေ့၊ အနောက်၊ အနိမ့်၊ အမြင့် စိတ်ကြိုက် ချိန်နိုင်ပါတယ်။ ဒီဇယ်ဆီသုံးဖြစ်လို့ ပြည်တွင်းက ဘယ်နေရာမှာပဲ ဖြစ်ဖြစ် လိုအပ်တဲ့ ဆီ ရနိုင်ပါတယ်။

ဘရိတ်စနစ်က ABS၊ အသက်ကယ်လေအိတ်က ယာဉ်မောင်းအတွက်ရော ရှေ့ဖက် ခရီးသည်အတွက်ရော ဘေးဘက် လေအိတ်စနစ်တွေပါ ထည့်ထားတယ်၊ သတင်းအချက်လက်ပြစနစ်က Touchမဟုတ်ပေမယ့် သုံးရ အဆင်ပြေပါတယ်။ ၄.၂လက်မ အရွယ် ပြသ မျက်နှာပြင်စနစ်က နောက်ဖက် ရိုက်ကူး ကင်မရာနဲ့ အတူ ပါကင်ထိုးချိန် အကောင်းဆုံး အကူအညီပေးနု်ိင်ပါတယ်။ ဖျော်ဖြေရေး စနစ်အတွက် Speakerအသံထွက် ကောင်းကောင်း တွေ့ရတယ်၊ Playerနဲ့ TVတွေကတော့ ပြန်ထည့်ရပါလိ့်မ်မယ်။ ဆီတိုင်ကီက လီတာ ၈၀ထိအောင် ဆံ့တယ် ဆိုတော့ ခရီးဝေး တဆက်တည်း မောင်းနှင်မှုရော ဆီဆိုင် ဝေးတဲ့ နေရာတွေ အတွက်ပါ အဆင်ပြေစေမှာပါ။

နောက်ဖက်ခြမ်းမှာက နောက်ဖက်ရိုက်ကူး ကင်မရာ စနစ် အပြင် အာရုံခံ ဆင်တာလည်း ပါတယ်။ ကားကြပ်ကြပ် ရန်ကုန်မှာ ပါကင်ထိုးဖို့ အတွက်ကတော့ စိတ်ကြိုက်ပါပဲ။ ကိုယ်ထည်အရွယ်အစားကလည်း Extမဟုတ်လို့ အဆင်ပြေပါတယ်။ နောက်ကြည့်မှန်တွေက Auto Powerတွေ။ ပြတင်းတံခါးတွေက Powerစနစ်နဲ့၊ လုံခြုံရေး Lockစနစ်က ရှေ့ဖက် တံခါးတွေမှာ ပါရှိပေမယ့် နောက်ဖက် တံခါးတွေမှာ မပါလို့ သတိပြုစရာပါ။ Keylessပုံစံနဲ့ တံခါး၊ အဖွင့်၊ အပိတ်ရမယ်၊ ၁၇လက်မ ဘီးတွေမှာ 265/65R17တာယာတွေ တပ်ဆင် ထားတယ်၊ ဒါက ကျွန်တော် စီးသွားတဲ့ Rangerရဲ့ သိကောင်းစရာလေးတွေ။ စျေးနှုန်းလည်း မိတ်ဆက်ပေးချင်ပေမယ့် သိတဲ့ အတိုင်း ငွေစျေးက မငြိမ်ေ်တာ့ အတိအကျ မဖြစ်မှာ စိုးလို့ မပြောတော့ဘူးဗျ။ သေချာတာကတော့ အခန်းဖွဲ့ ပုံစံမှာ တခန်း၊ အပိုခန်း၊ နှစ်ခန်း၊ စုစုပေါင်း ၃ခန်း ကိုယ်ထည်နဲ့ ရွေးချယ်နိုင်မယ်၊ နည်းပညာနဲ့ တပ်ဆင်မှုအပေါ် မူတည်ပြီး မော်ဒယ်ခွဲ (Grade) ၈မျိုးထိအောင် ပြည်တွင်းမှာ ရနိုင်နေပါပြီ။ စျေးနှုန်း အနိမ့်ဆုံး သိန်း ၂၅၀ ၀န်းကျင်ကနေ အမြင့်ဆုံး သိန်း ၆၀၀ အတွင်း ရှိမယ်တဲ့ဗျာ။

မော်ဒယ်ခွဲ ရရှိနိုင်မှု အပိုင်းမှာ ၂.၂လီတာသုံး ဒီဇယ်အင်ဂျင်နဲ့ ၆ချက် Manualသွားမယ့် နှစ်ခန်းဖွဲ့ မော်ဒယ်ရှိမယ်၊ ၂.၂လီတာသုံး ဒီဇယ်အင်ဂျင်ကိုပဲ ၆ချက် Manualပဲ၊ XL Gradeနဲ့လာတယ်၊ ၁၆လက်မ Alloyဘီးနဲ့ ရနိုင်မယ့် မော်ဒယ်ရှိမယ်၊ XLTအဖြစ် သတ်မှတ်တဲ့ ၂.၂လီတာသုံး Auto ၆ချက်နဲ့ သွားမယ့် မော်ဒယ် ရှိမယ်၊ အပိုခန်းဖွဲ့ ၂.၂လီတာသုံး ဒီဇယ် အင်ဂျင်၊ ၆ချက် Manualနဲ့ မော်ဒယ်ရှိမယ်၊ တစ်ခန်းဖွဲ့ ၂.၂လီတာသုံး ဒီဇယ်အင်ဂျင်၊ Manual ၅ချက်နဲ့ သွားမယ့် မော်ဒယ်ရှိမယ်၊ တစ်ခန်းဖွဲ့၂.၂လီတာသုံး ၆ချက် Manualနဲ့ သွားမယ့် XLမော်ဒယ်ခွဲ ရှိမယ်၊ နှစ်ခန်းဖွဲ့ Wildtrakမော်ဒယ်ခွဲ၊ ၃.၂လီတာသုံး ဒီဇယ်အင်ဂျင်၊ ၆ချက် Autoနဲ့ သွားမယ့် မော်ဒယ်ရှိမယ်၊ ကျွန်တော် စမ်းမောင်းခဲ့တဲ့ XLTမော်ဒယ်ခွဲ၊ ၃.၂လီတာသုံး ၆ချက် Autoနဲ့ သွားတဲ့ မော်ဒယ်ရှိမယ်၊ Wildtrakနဲ့ နည်းနည်း ကွဲပြားတာက Wildtrakမှာ Air-Conက DualZoneနဲ့ သွားတယ်၊ Adaptive Cruise Controlပါတယ်၊ ၁၈လက်မ Alloyဘီးတွေ ဖြစ်မယ်။ ဒီလောက်ပါပဲ။

ဟုတ်ပြီ။ ဒါတွေက အခု ပြည်တွင်းမှာ ရနို်င်မယ့် Rangerရဲ့ မော်ဒယ်ခွဲတွေ။ စိတ်ကြိုက် ရွေးချယ်နို်င်မှု အနေအထားပါပဲ။ အခု Rangerနဲ့ ပတ်သတ်လို့ သုံးသပ်ချက်လေး ပေးချင်ပါတယ်။ လမ်းကြမ်းမောင်း ဦးစားပေး သမားတွေ အတွက် အကောင်းဆုံး မော်ဒယ်ပါ။ တချို့က Off-Roadအတွက် Manaulနဲ့ ပိုကြိုက်ပါတယ်။ ရနိုင်ပါတယ်။ အင်ဂျင်ကြီးတာလိုချင်တယ် ဆိုရင်လည်း ၃.၂လီတာသုံးနဲ့ ရနို်င်ပါတယ်။ ဆီစား နည်းချင််တယ် ဆိုရင်လည်း ၂.၂လီတာသုံး လာပါတယ်။ Usedကားစျေးကွက်မှာ Vigoလို မော်ဒယ်ကိုပဲ သိန်း ၅၀၀ အောက်ခံလောက် ရှိနေတဲ့ အနေအထားမှာ Brand Newအသစ်ရမယ်၊ SKDနဲ့လာလို့ ရန်ကုန်လို်င်စင်ရလာတယ်၊ အရစ်ကျလည်း ၀ယ်နိုင်ပြီ၊ တော်ပါပြီ၊ ကျွန်တော်တော့ လက်ခံသွားပါပြီ။ Rangerဟာ လက်ရှိ ပြည်တွင်းမှာ ရနိုင်နေတဲ့ Pick-up Truckတွေထဲက အကောင်းဆုံး မော်ဒယ်ပါပဲ။

လင်းထက် (IA)

Spec …

Ford Ranger 2016 XLT

Engine – 3.2 Lit Diesel

Power – 470 Nm @ 1750-2500 rpm – 200 PS @ 3000 rpm

Transmission – 6-Speed Auto

Fuel Tank Cap – 80 Lit

Brake – Antilock Braking Sys

Airbags – Driver / Front Passenger / Side Curtain

Infotainment – Back Cam / Rear Sensor / 4.2’’ Display / AM-FM / USB

Seat – Front Seat Adjustable

Wheels – 17’’ Alloy 265/65R 17 Tyre

Zawgyi version…

တကယ္ဆိုရင္ေတာ့ အခု ေျပာျပခ်င္တဲ့ ေမာ္ဒယ္ Rangerက ျပည္တြင္းကို Brand Newအေနနဲ႔ ေစ်းကြက္ ၀င္လာတာ မၾကာေသးပါဘူး။ အေမရိကန္ အေျခစိုက္ Fordကုမဏီရဲ႕ သက္တမ္းရင့္ ေမာ္ဒယ္ တစ္ခုပါ။ အေမရိကန္ ေစ်းကြက္မွာ F-Seriesဆိုတဲ့ ေမာ္ဒယ္က ေအာင္ျမင္မႈ ရေနေလေတာ့ Rangerကို အေမရိကန္ မဟုတ္တဲ့ ျပည္ပ ေစ်းကြက္အတြက္ ရည္ရြယ္ၿပီးေတာ့ ထုတ္လုပ္ေရာင္းခ်ခဲ့တာပါ။ ပထမဆံုး ေမာ္ဒယ္ကေတာ့ ၁၉၇၁ခုႏွစ္မွာ ထြက္ရွိလာပါတယ္။ ဒါနဲ႔ ေနပါဦး၊ အေမရိကန္ ကားကုမဏီက အေမရိကန္မွာ ဘာလုိ႔ Rangerကိုမေရာင္းတာလဲ၊ မေကာင္းလို႔ပဲ သူ႔ႏုိင္ငံမွာ သူ မသံုးတာလားလို႔ ထင္ၾကမွာ စိုးမိပါတယ္။ နည္းနည္းေလာက္ ရွင္းျပပါရေစ။

Rangerေတြဟာ ပ်မ္းမွ် အားျဖင့္ေတာ့ အင္ဂ်င္က ၂လီတာသံုး ေက်ာ္ေက်ာ္ကေန ၃လီတာသံုး အရြယ္ရွိ အင္ဂ်င္ေတြ တပ္ဆင္ ထုတ္လုပ္ပါတယ္။ F-Seriesတန္း၀င္ ေမာ္ဒယ္ေတြကေတာ့ အင္ဂ်င္စနစ္က ၃လီတာသံုးနဲ႔ အထက္ အႀကီးစား အင္ဂ်င္အရြယ္ေတြကိုပဲ တပ္ဆင္ ထုတ္လုပ္ပါတယ္။ ကမာၻမွာလည္း အေမရိကန္ကလြဲရင္ ဥေရာပကေန အာရွ ထိေအာင္ အင္ဂ်င္ေသးေသး ဆီစားနည္းနည္း ေမာ္ဒယ္ကိုပဲ ႏွစ္သက္လက္ခံၾကပါတယ္။ ဒီေတာ့ Fordကလည္း အေမရိကန္မွာ လက္ခံထားတဲ့ F-Seriesကိုလည္း ေနရာမပ်က္၊ တျခား ေစ်းကြက္ အတြက္လည္း အဆင္ေျပမယ့္ Rangerကို ထုတ္လုပ္လာတာပါ။ ဒါဆို နားလည္မႈ မလြဲေတာ့ပါဘူးေနာ္။ ေကာင္းပါၿပီ၊ ဆက္ၾကည့္ရေအာင္ပါ။

၁၉၇၁ခုႏွစ္မွာ အေမရိက မဟုတ္တဲ့ ျပည္ပ ေစ်းကြက္အတြင္း Mazda B-Seriesေတြကို ေစ်းကြက္ ၿပိဳင္ဖို႔ Rangerေတြ ထြက္လာပါတယ္။ ကနဦးအစမွာ Rangerမဟုတ္ေသးပါဘူး။ အမည္က Courieerပါ။ ၁၉၉၈မွာမွ Rangerလို႔ ေျပာင္းလဲ ေခၚေ၀ၚခဲ့ေပမယ့္ နာမည္ႀကီး ေစ်းကြက္ ၾသစေၾတးလ်မွာ ဆိုရင္ ၂၀၀၆ခုႏွစ္ထိေအာင္ Courierလို႔ ဆက္လက္ ေခၚေ၀ၚခဲ့ပါတယ္။ ႏိုင္ငံတကာ ေစ်းကြက္မွာေတာ့ အခုခ်ိန္ထိေအာင္ ထုတ္လုပ္ေရာင္းခ်ေနဆဲပါ။ ျပည္တြင္းမွာ ၀ယ္ယူသူေတြ အခြန္ပိုၿပီး သက္သာေအာင္၊ ေစ်းခ်ိဳခ်ိဳနဲ႔ ၀ယ္ႏုိင္ေအာင္ SKDပံုစံနဲ႔ တပ္ဆင္ ထုတ္လုပ္ၿပီး အခုေတာ့ အရစ္က်နဲ႔ဆိုရင္လည္း ရႏုိင္မယ္၊ အရည္အေသြးေကာင္းေကာင္း၊ လမ္းၾကမ္းပိုင္း စြမ္းေဆာင္ရည္ ျမင့္ျမင့္နဲ႔ Rangerေတြ Brand Newအေနနဲ႔ ရႏုိင္ပါၿပီ။ ဒီေတာ့ ကၽြန္ေတာ္လည္း အရင္ရက္က စမ္းေမာင္းခဲ့တဲ့ အရသာေလးနဲ႔ ေမာ္ဒယ္ကို ျပန္ၿပီး နည္းနည္း ေဖာက္သည္ခ်ပါရေစ။

ကၽြန္ေတာ္ စမ္းေမာင္းခဲ့တဲ့ အခ်ိန္က ညေန ၄နာရီ ၀န္းက်င္၊ ရန္ကုန္ၿမိဳ႕၊ သာေကတနယ္ထဲမွာ။ စီးသြားျဖစ္တာက ျပည္တြင္းမွာ ေရာင္းခ်ေနတဲ့ Brand New Rangerေမာ္ဒယ္သစ္ေတြထဲက ေမာ္ဒယ္ခြဲ တစ္ခု ျဖစ္တဲ့ XLT၊ ၂၀၁၆ခုႏွစ္ ေမာ္ဒယ္ပါ။ အခန္းဖြဲ႔က ႏွစ္ခန္းဖြဲ႔၊ ၁တန္၀န္ တင္ႏိုင္မယ့္ ေမာ္ဒယ္။ ဒါေပမယ့္ စီးသြားတာက လူ ၄ေယာက္တည္း၊ ၀န္မပါဘူး။ ဒီေတာ့ ထင္စရာ ရွိတာက ေမာ္ဒယ္ရဲ႕ Suspensionစနစ္က ၀န္ေပါ့ အေနအထားမွာ လမ္းေၾကာင့္ တုန္ခါမႈ မ်ားမယ္ေပါ့။ ဒါေပမယ့္ Cruise  Controlရဲ႕ အားသာခ်က္ေၾကာင့္ ထင္ပါရဲ႕၊ တည္ၿငိ္မ္မႈ အျပည့္နဲ႔ သာေကတကို ျဖတ္ေက်ာ္ၿပီး ယုဇန ဥယာဥ္ၿမိဳ႕ေတာ္ထိ ေရာက္သြားခဲ့ပါတယ္။ ဦးတည္ခ်က္က Test Driveအတြက္ေရာ ဓါတ္ပံုေကာင္းေလးေတြ ရဖို႔ အတြက္ပါ ဆိုေတာ့ ကၽြန္ေတာ္တုိ႔ ရႈခင္းေကာင္းေကာင္းေတြ လုိက္ရွာတယ္၊ လယ္ကြင္းေတြ၊ လမ္းၾကမ္းေတြကို ျဖတ္သန္းေမာင္းႏွင္ျဖစ္ၾကပါတယ္။ ေျမသားလမ္းဆိုတဲ့ ေနရာမွာ ကီလို ၆၀ႏႈန္းေလာက္ထိေအာင္ အျမန္ႏႈန္းကို တည္ၿငိမ္မႈ အျပည့္နဲ႔ ေမာင္းႏွင္ႏုိင္တဲ့ စြမ္းေဆာင္ရည္ကို ေတြ႔လာရပါတယ္။

Drive Modeမပါေပမယ့္ ေလးဘီးယက္စနစ္နဲ႔ အခု ေမာ္ဒယ္က မထင္မွတ္ပဲ ႏွစ္ဘီးယက္္ပံုစံ၊ ေလးဘီးယက္ပံုစံနဲ႔ ေတာင္တက္ ရုန္းအားဦးစားေပး ပံုစံ၊ စုစုေပါင္း ၃မ်ိဳး ေရြးခ်ယ္ေမာင္းႏွင္နုိင္တာ ေတြ႔ရေတာ့ သေဘာက်မိပါတယ္။ လမ္းၾကမ္းေမာင္း ေမာ္ဒယ္ျဖစ္လုိ႔ ဇိမ္ခံ အိမ္စီး ေမာ္ဒယ္ေတြလို Push Startေတာ့ မရဘူးေပါ။ ၿပီးေတာ့ အဲဒီမွာ တစ္ခ်က္ ပတ္လည္ ေလေအးေပးစနစ္ေတာ့ မပါဘူးဗ်။ တျခား ေမာ္ဒယ္ခြဲေတြမွာေတာ့ ရႏုိင္မလားပဲ၊ XLTမွာက ေရွ႕ခန္း ေလေအးေပးစနစ္နဲ႔လာတယ္၊ ဒီေတာ့ ေနာက္ဖက္ခန္းအတြက္ ေလေအးေပးႏိုင္ေအာင္ Lev3ေလာက္တင္လုိက္ရင္လည္း ေရွ႕ခန္း အေအးပိုသြားတယ္၊ ေလ်ာ့လိုက္ရင္လည္း ေနာက္ဖက္ခန္း အေအးနည္းသြားတယ္၊ ဒီတခ်က္ေတာ့ အားနည္းခ်က္ေလးလုိ႔ ျမင္မပါတယ္။

အင္ဂ်င္က ၃.၂လီတာသံုး ရုန္းအား ၄၇၀ေပါင္-ေပမွာ ျမင္းေကာင္ေရ ၂၀၀အား ထြက္ရွိမယ္။ ရုန္းအား ေကာင္းမႈက လမ္းၾကမ္းပိုင္း စိတ္ႀကိဳက္ ေမာင္းႏွင္မႈ ျဖစ္လာေစႏုိင္တယ္၊ ဒါေပမယ့္ စြမ္းအင္ ထြက္ရွိမႈ နည္းေနလုိ႔ တစ္နာရီ မိုင္ ၆၀ႏႈန္းလို အျမန္ႏႈန္း ျမွင့္တင္ႏုိင္မႈကိုေတာ့ အရမ္းႀကီး ေကာင္းမယ္လုိ႔ ေမွ်ာ္လင့္ မထားပါနဲ႔။ ၆ခ်က္သံုး Autoစနစ္နဲ႔ သြားပါတယ္။ ဒါက ခရီးေ၀း ေမာင္းႏွင္မႈ အတြက္ ေမာင္းႏွင္သူကို အသက္သာဆံုး ျဖစ္ေစမယ့္ ဂီယာစနစ္ပါ။ ေရွ႕ဖက္ခန္းေရာ ေနာက္ဖက္ခန္းပါ က်ယ္၀န္းတယ္၊ ထိုင္ခံုက အထည္ဦးစားေပးပံုစံနဲ႔ ခ်ဳပ္ထားေပမယ့္ ကိုယ့္လက္ထဲမွာ သားေရစြပ္ ျပန္ထည့္လိုက္ရင္ ေကာင္းသြားမွာပါ။ ေရွ႕ဖက္ ထုိင္ခံုေတြက အေရွ႕၊ အေနာက္၊ အနိမ့္၊ အျမင့္ စိတ္ႀကိဳက္ ခ်ိန္ႏုိင္ပါတယ္။ ဒီဇယ္ဆီသံုးျဖစ္လုိ႔ ျပည္တြင္းက ဘယ္ေနရာမွာပဲ ျဖစ္ျဖစ္ လိုအပ္တဲ့ ဆီ ရႏုိင္ပါတယ္။

ဘရိတ္စနစ္က ABS၊ အသက္ကယ္ေလအိတ္က ယာဥ္ေမာင္းအတြက္ေရာ ေရွ႕ဖက္ ခရီးသည္အတြက္ေရာ ေဘးဘက္ ေလအိတ္စနစ္ေတြပါ ထည့္ထားတယ္၊ သတင္းအခ်က္လက္ျပစနစ္က Touchမဟုတ္ေပမယ့္ သံုးရ အဆင္ေျပပါတယ္။ ၄.၂လက္မ အရြယ္ ျပသ မ်က္ႏွာျပင္စနစ္က ေနာက္ဖက္ ရိုက္ကူး ကင္မရာနဲ႔ အတူ ပါကင္ထိုးခ်ိန္ အေကာင္းဆံုး အကူအညီေပးႏု္ိင္ပါတယ္။ ေဖ်ာ္ေျဖေရး စနစ္အတြက္ Speakerအသံထြက္ ေကာင္းေကာင္း ေတြ႔ရတယ္၊ Playerနဲ႔ TVေတြကေတာ့ ျပန္ထည့္ရပါလိ့္မ္မယ္။ ဆီတိုင္ကီက လီတာ ၈၀ထိေအာင္ ဆံ့တယ္ ဆိုေတာ့ ခရီးေ၀း တဆက္တည္း ေမာင္းႏွင္မႈေရာ ဆီဆိုင္ ေ၀းတဲ့ ေနရာေတြ အတြက္ပါ အဆင္ေျပေစမွာပါ။

ေနာက္ဖက္ျခမ္းမွာက ေနာက္ဖက္ရိုက္ကူး ကင္မရာ စနစ္ အျပင္ အာရံုခံ ဆင္တာလည္း ပါတယ္။ ကားၾကပ္ၾကပ္ ရန္ကုန္မွာ ပါကင္ထိုးဖို႔ အတြက္ကေတာ့ စိတ္ႀကိဳက္ပါပဲ။ ကိုယ္ထည္အရြယ္အစားကလည္း Extမဟုတ္လုိ႔ အဆင္ေျပပါတယ္။ ေနာက္ၾကည့္မွန္ေတြက Auto Powerေတြ။ ျပတင္းတံခါးေတြက Powerစနစ္နဲ႔၊ လံုၿခံဳေရး Lockစနစ္က ေရွ႕ဖက္ တံခါးေတြမွာ ပါရွိေပမယ့္ ေနာက္ဖက္ တံခါးေတြမွာ မပါလို႔ သတိျပဳစရာပါ။ Keylessပံုစံနဲ႔ တံခါး၊ အဖြင့္၊ အပိတ္ရမယ္၊ ၁၇လက္မ ဘီးေတြမွာ 265/65R17တာယာေတြ တပ္ဆင္ ထားတယ္၊ ဒါက ကၽြန္ေတာ္ စီးသြားတဲ့ Rangerရဲ႕ သိေကာင္းစရာေလးေတြ။ ေစ်းႏႈန္းလည္း မိတ္ဆက္ေပးခ်င္ေပမယ့္ သိတဲ့ အတုိင္း ေငြေစ်းက မၿငိမ္ေ္တာ့ အတိအက် မျဖစ္မွာ စိုးလုိ႔ မေျပာေတာ့ဘူးဗ်။ ေသခ်ာတာကေတာ့ အခန္းဖြဲ႔ ပံုစံမွာ တခန္း၊ အပိုခန္း၊ ႏွစ္ခန္း၊ စုစုေပါင္း ၃ခန္း ကိုယ္ထည္နဲ႔ ေရြးခ်ယ္ႏုိင္မယ္၊ နည္းပညာနဲ႔ တပ္ဆင္မႈအေပၚ မူတည္ၿပီး ေမာ္ဒယ္ခြဲ (Grade) ၈မ်ိဳးထိေအာင္ ျပည္တြင္းမွာ ရႏုိင္ေနပါၿပီ။ ေစ်းႏႈန္း အနိမ့္ဆံုး သိန္း ၂၅၀ ၀န္းက်င္ကေန အျမင့္ဆံုး သိန္း ၆၀၀ အတြင္း ရွိမယ္တဲ့ဗ်ာ။

ေမာ္ဒယ္ခြဲ ရရွိႏုိင္မႈ အပိုင္းမွာ ၂.၂လီတာသံုး ဒီဇယ္အင္ဂ်င္နဲ႔ ၆ခ်က္ Manualသြားမယ့္ ႏွစ္ခန္းဖြဲ႔ ေမာ္ဒယ္ရွိမယ္၊ ၂.၂လီတာသံုး ဒီဇယ္အင္ဂ်င္ကိုပဲ ၆ခ်က္ Manualပဲ၊ XL Gradeနဲ႔လာတယ္၊ ၁၆လက္မ Alloyဘီးနဲ႔ ရႏိုင္မယ့္ ေမာ္ဒယ္ရွိမယ္၊ XLTအျဖစ္ သတ္မွတ္တဲ့ ၂.၂လီတာသံုး Auto ၆ခ်က္နဲ႔ သြားမယ့္ ေမာ္ဒယ္ ရွိမယ္၊ အပိုခန္းဖြဲ႔ ၂.၂လီတာသံုး ဒီဇယ္ အင္ဂ်င္၊ ၆ခ်က္ Manualနဲ႔ ေမာ္ဒယ္ရွိမယ္၊ တစ္ခန္းဖြဲ႔ ၂.၂လီတာသံုး ဒီဇယ္အင္ဂ်င္၊ Manual ၅ခ်က္နဲ႔ သြားမယ့္ ေမာ္ဒယ္ရွိမယ္၊ တစ္ခန္းဖြဲ႔၂.၂လီတာသံုး ၆ခ်က္ Manualနဲ႔ သြားမယ့္ XLေမာ္ဒယ္ခြဲ ရွိမယ္၊ ႏွစ္ခန္းဖြဲ႔ Wildtrakေမာ္ဒယ္ခြဲ၊ ၃.၂လီတာသံုး ဒီဇယ္အင္ဂ်င္၊ ၆ခ်က္ Autoနဲ႔ သြားမယ့္ ေမာ္ဒယ္ရွိမယ္၊ ကၽြန္ေတာ္ စမ္းေမာင္းခဲ့တဲ့ XLTေမာ္ဒယ္ခြဲ၊ ၃.၂လီတာသံုး ၆ခ်က္ Autoနဲ႔ သြားတဲ့ ေမာ္ဒယ္ရွိမယ္၊ Wildtrakနဲ႔ နည္းနည္း ကြဲျပားတာက Wildtrakမွာ Air-Conက DualZoneနဲ႔ သြားတယ္၊ Adaptive Cruise Controlပါတယ္၊ ၁၈လက္မ Alloyဘီးေတြ ျဖစ္မယ္။ ဒီေလာက္ပါပဲ။

ဟုတ္ၿပီ။ ဒါေတြက အခု ျပည္တြင္းမွာ ရႏို္င္မယ့္ Rangerရဲ႕ ေမာ္ဒယ္ခြဲေတြ။ စိတ္ႀကိဳက္ ေရြးခ်ယ္ႏုိ္င္မႈ အေနအထားပါပဲ။ အခု Rangerနဲ႔ ပတ္သတ္လုိ႔ သံုးသပ္ခ်က္ေလး ေပးခ်င္ပါတယ္။ လမ္းၾကမ္းေမာင္း ဦးစားေပး သမားေတြ အတြက္ အေကာင္းဆံုး ေမာ္ဒယ္ပါ။ တခ်ဳိ႕က Off-Roadအတြက္ Manaulနဲ႔ ပိုႀကိဳက္ပါတယ္။ ရႏုိင္ပါတယ္။ အင္ဂ်င္ႀကီးတာလိုခ်င္တယ္ ဆိုရင္လည္း ၃.၂လီတာသံုးနဲ႔ ရႏုိ္င္ပါတယ္။ ဆီစား နည္းခ်င္္တယ္ ဆိုရင္လည္း ၂.၂လီတာသံုး လာပါတယ္။ Usedကားေစ်းကြက္မွာ Vigoလို ေမာ္ဒယ္ကိုပဲ သိန္း ၅၀၀ ေအာက္ခံေလာက္ ရွိေနတဲ့ အေနအထားမွာ Brand Newအသစ္ရမယ္၊ SKDနဲ႔လာလုိ႔ ရန္ကုန္လို္င္စင္ရလာတယ္၊ အရစ္က်လည္း ၀ယ္ႏုိင္ၿပီ၊ ေတာ္ပါၿပီ၊ ကၽြန္ေတာ္ေတာ့ လက္ခံသြားပါၿပီ။ Rangerဟာ လက္ရွိ ျပည္တြင္းမွာ ရႏိုင္ေနတဲ့ Pick-up Truckေတြထဲက အေကာင္းဆံုး ေမာ္ဒယ္ပါပဲ။

လင္းထက္ (IA)

Spec …

Ford Ranger 2016 XLT

Engine – 3.2 Lit Diesel

Power – 470 Nm @ 1750-2500 rpm – 200 PS @ 3000 rpm

Transmission – 6-Speed Auto

Fuel Tank Cap – 80 Lit

Brake – Antilock Braking Sys

Airbags – Driver / Front Passenger / Side Curtain

Infotainment – Back Cam / Rear Sensor / 4.2’’ Display / AM-FM / USB

Seat – Front Seat Adjustable

Wheels – 17’’ Alloy 265/65R 17 Tyre