Unicode version..

ကားအရှေ့ပိုင်းမတိုက်မိစေရန်သတိပေးခြင်းစနစ်ဆိုတာကတော့ ယာဉ်အရှေ့ခေါင်းပိုင်းမတိုက်မိအောင် ယာဉ်မောင်းသူကို သတိပေးတဲ့ auto safety feature တစ်ခုဖြစ်ပါတယ်။ဒီစနစ်ဟာ မိမိယာဉ်ရဲ့ အရှေ့ဘက်မှ အခြားယာဉ်တစ်စီး နီးနီးကပ်ကပ်ဖြတ်သွားစဉ် တိုက်မိရန် ရာခိုင်နှုန်းများတဲ့ အခြေအနေတွေမှာ ယာဉ်မောင်းသူကို သတိပေးတဲ့စနစ်ဖြစ်ပါတယ်။

FCW တပ်ဆင်ထားတဲ့ modelမြင့်ကားတွေမှာ သတိပေးစနစ်အပြင် auto speed down လုပ်ပေးတဲ့ brake system ကိုပါ တွဲလျက် ပံ့ပိုးပေးထားပါတယ်။ ဒီစနစ်ရဲ့လုပ်ဆောင်ချက်ကတော့ ကားအရှေ့မတိုက်မိစေရန် သတိပေးပြီး အဲဒီသတိပေးမှုကို ယဉ်မောင်းသူက တုံ့ပြန်မှုတစ်စုံတစ်ရာ မလုပ်ပါက FCW ဟာအလိုအလျောက် ဘရိတ်အုပ်ကာ ယာဉ်ကို အရှိန်နည်းအောင် safe လုပ်ပေးပါတယ်။ အသစ်ထပ်ထွက်တဲ့ FCW system အသစ်တွေမှာတော့ accident မဖြစ်စေဖို့ light beake အစား strong brake safety ကိုသုံးထားကြပါတယ်။ ဒီ FCW system ဟာ ကားကိုလုံးဝရပ်တန့်ပေးနိုင်ဖို့ ရည်ရွယ်ခြင်းမဟုတ်တဲ့ warning စနစ်ဖြစ်တာမို့ safety ဖြစ်တဲ့ အရှိန်နှုန်းကိုသာလျှော့ချနိုင်စွမ်းရှိပါတယ်။ ဒီနည်းပညာကတော့ ပြင်းထန်တဲ့အရှိန်နဲ့ တိုက်တဲ့ ယာဉ် တိုက်မှုတွေကိုကာကွယ်ဖို့အတွက် safety system ကောင်းတစ်ခုဖြစ်ပါတယ်။

FCW system ကို ‘pre safe braking’ ‘collision warning with auto brake’ ‘pre crash warning system’ စသဖြင့် နာမည်အမျိုးမျိုးပေးကြပါတယ်။ ကုမ္ပဏီတစ်ခုနဲ့တစ်ခု နာမည်ပေးပုံမတူပေမယ့် ဒီစနစ်ရဲ့ ကားမတိုက်စေရန် သတိပေး အရှိန်ထိန်းပေးတဲ့ active safety feature ကတော့အတူတူပါပဲ။

ဘယ်လိုအချိန်တွေမှာ FCW system ဟာအသုံးဝင်လဲ

FCW system ဟာကားအရှေ့ခေါင်းပိုင်းတိုက်မိရန် ရာခိုင်နှုန်းများတဲ့မည်သည့်အခြေအနေမှာမဆို သတိပေးတဲ့ auto safety system ဖြစ်ပါတယ်။

# ယာဉ်ဟာအရှိန်နဲ့မောင်းနှင်နေပြီး ကားရှေ့မှာလူ တိရစ္ဆာန်သို့မဟုတ် ကားတစ်စီးစီးတိုက်မိနိုင်တဲ့ အခြေအနေမျိုးမှာ auto safety ပြုလုပ်နိုင်ခြင်း

# ကားတစ်စီးနဲ့ တစ်စီးအလွန်နီးကပ်စွာမောင်းနှင်နေစဉ်ယာဉ်တိုက်မှု ဖြစ်ပွားနိုင်တဲ့ အကွာအဝေးတွေမှာ သတိပေးခြင်း

# မိမိယာဉ်ရဲ့ အရှေ့မှ ကားတစ်စီးကအချက်ပြမီးမသုံးဘဲ ရုတ်တရက် လမ်းဖြတ်ကူးစဉ် brake သုံးရန်မိမိသတိမပြုမိတဲ့ အခြေအနေမျိုးမှာ FCW system က မတိုက်မိရန်ကာကွယ်ပေးခြင်း

Canada နိုင်ငံတွင် ကားနောက်မှဝင်တိုက်မိသောမတော်တဆမှု အများဆုံးဖြစ်ပြီး 2012 ခုနှစ် Ontario နိုင်ငံတွင် ကားနောက်မှတိုက်မိသော ယာဉ်တိုက်မှုပေါင်း 46,804 ဖြစ်ပွားခဲ့ပါတယ်။ လူ 12,500 ကျော်ဒဏ်ရာရခဲ့ပြီး 35 ယောက်သေဆုံးခဲ့ပါတယ် FCW system ရဲ့ ယာဉ်မောင်းသူကို သတိပေးခြင်းစနစ်ကြောင့်ထိုကဲ့သိုဖြစ်ရပ်များကို ကာကွယ်နိုင်ပါတယ်။

Zawgyi Version








