Unicode version…
Found in the wood
ကားကို တည်ဆောက်တဲ့နေရာမှာ ကွဲပြားခြားနားမှုတွေရှိတယ်ဆိုတာ ဒီမှာတွေ့ရပါလိမ့်မယ်။ “ဝက်ကလေးသုံးကောင်” စည်းမျဉ်းကို လုံးဝ ဖောက်ဖျက်လိုက်တာပါပဲ။ ကားကို မြက်နဲ့လုပ်ရင် ဘယ်လိုလုပ်ပြီး ခိုင်မာမှာလဲဗျာ၊ အုတ်နဲ့ လုပ်ရင်လဲ လေးလံမယ်။ ကဲ အဲဒါကို တွယ်ကပ်ထားလိုက်ရအောင်။
တကယ်ပါပဲဗျာ… သစ်သားတွေကို အထပ်ထပ်ရစ်ပတ်ချုပ်စပ်ထားသလိုပါပဲ။ Splinter သစ်သားစူပါကားကတော့ စက်မှုဒီဇိုင်နာ Joe Harmon ရဲ့ တီထွင်ဖန်တီးမှုပါပဲ။ သူငယ်ချင်းတွေရဲ့ အကူအညီနဲ့ သူက ဒီကားကို ခုနစ်နှစ်တိတိ တည်ဆောက်ခဲ့ရတာပါ။ နောက်ဆုံးမှာတော့ ဒီဇင်ဘာမှာ ကျင်းပတဲ့ December Essen Motor Show ပြပွဲမှာ ပွဲဦးထွက် မိတ်ဆက်နိုင်ခဲ့ပါတယ်။
ဒါက ပညာရပ်နဲ့ အနုပညာဆိုင်ရာ လက်ရာတစ်ခုဖြစ်ပေမယ့် အသစ်အဆန်းကစားစရာ အရုပ်ကားတော့ မဟုတ်ပါဘူး။ Harmon က ဒီကားကို ယှဉ်ပြိုင်နိုင်စွမ်းရှိတဲ့ ကားအဖြစ်ထုတ်လုပ်ဖို့ ဆုံးဖြတ်ထားပါတယ်။ ဘယ်အရာဝတ္ထုမျိုးကိုမဆို တစ်ဦးထဲပုဂ္ဂလိက ကြိုးပမ်းသူတွေအတွက်တော့ ခက်ခဲတဲ့ စွမ်းဆောင်ရည်ပါပဲ။
ဒါပေမယ့် ဒီမှာတော့ မြင်းကောင်ရေ ရ၀ဝ အားရှိပြီး ၁၁၃ ကီလို ဂရမ်လောက်ပဲရှိလို့ ပေါ့ပါးပါသေးတယ်။ သံမဏိနဲ့ မြန်နှုန်းမြင့် 300km/hr ဆိုတဲ့ကားတွေထက် ဒီကားက အလေးချိန်ထက်စာရင် ပိုမိုလုပ်ဆောင်စွမ်း အားရှိပါတယ်။ ဒီလိုကားမျိုးကို ကားဂိုထောင်ထဲ သိမ်းချင်တယ်ဆိုရင်တော့ ခင်ဗျားကိုယ်တိုင်တည်ဆောက်ယူရပါလိမ့်မယ်။ ဘာဖြစ်လို့လဲ ဒီကားကို Harmon က ဒီတစ်စီးထဲထုတ်လုပ်သေးလို့ပါ။ ဒါကလဲ ရောင်းဖို့ မဟုတ်ပါဘူး။splinter-supercar_6splonter-wheel
Zawgyi vesion…
Found in the wood
ကားကို တည္ေဆာက္တဲ့ေနရာမွာ ကြဲျပားျခားနားမႈေတြရွိတယ္ဆိုတာ ဒီမွာေတြ႔ရပါလိမ့္မယ္။ “ဝက္ကေလးသံုးေကာင္” စည္းမ်ဥ္းကို လံုးဝ ေဖာက္ဖ်က္လိုက္တာပါပဲ။ ကားကို ျမက္နဲ႔လုပ္ရင္ ဘယ္လိုလုပ္ၿပီး ခိုင္မာမွာလဲဗ်ာ၊ အုတ္နဲ႔ လုပ္ရင္လဲ ေလးလံမယ္။ ကဲ အဲဒါကို တြယ္ကပ္ထားလိုက္ရေအာင္။
တကယ္ပါပဲဗ်ာ… သစ္သားေတြကို အထပ္ထပ္ရစ္ပတ္ခ်ဳပ္စပ္ထားသလိုပါပဲ။ Splinter သစ္သားစူပါကားကေတာ့ စက္မႈဒီဇိုင္နာ Joe Harmon ရဲ႕ တီထြင္ဖန္တီးမႈပါပဲ။ သူငယ္ခ်င္းေတြရဲ႕ အကူအညီနဲ႔ သူက ဒီကားကို ခုနစ္ႏွစ္တိတိ တည္ေဆာက္ခဲ့ရတာပါ။ ေနာက္ဆံုးမွာေတာ့ ဒီဇင္ဘာမွာ က်င္းပတဲ့ December Essen Motor Show ျပပြဲမွာ ပြဲဦးထြက္ မိတ္ဆက္ႏိုင္ခဲ့ပါတယ္။
ဒါက ပညာရပ္နဲ႔ အႏုပညာဆိုင္ရာ လက္ရာတစ္ခုျဖစ္ေပမယ့္ အသစ္အဆန္းကစားစရာ အ႐ုပ္ကားေတာ့ မဟုတ္ပါဘူး။ Harmon က ဒီကားကို ယွဥ္ၿပိဳင္ႏိုင္စြမ္းရွိတဲ့ ကားအျဖစ္ထုတ္လုပ္ဖို႔ ဆံုးျဖတ္ထားပါတယ္။ ဘယ္အရာဝတၳဳမ်ိဳးကိုမဆို တစ္ဦးထဲပုဂၢလိက ႀကိဳးပမ္းသူေတြအတြက္ေတာ့ ခက္ခဲတဲ့ စြမ္းေဆာင္ရည္ပါပဲ။
ဒါေပမယ့္ ဒီမွာေတာ့ ျမင္းေကာင္ေရ ၇၀ဝ အားရွိၿပီး ၁၁၃ ကီလို ဂရမ္ေလာက္ပဲရွိလို႔ ေပါ့ပါးပါေသးတယ္။ သံမဏိနဲ႔ ျမန္ႏႈန္းျမင့္ 300km/hr ဆိုတဲ့ကားေတြထက္ ဒီကားက အေလးခ်ိန္ထက္စာရင္ ပိုမိုလုပ္ေဆာင္စြမ္း အားရွိပါတယ္။ ဒီလိုကားမ်ိဳးကို ကားဂိုေထာင္ထဲ သိမ္းခ်င္တယ္ဆိုရင္ေတာ့ ခင္ဗ်ားကိုယ္တိုင္တည္ေဆာက္ယူရပါလိမ့္မယ္။ ဘာျဖစ္လို႔လဲ ဒီကားကို Harmon က ဒီတစ္စီးထဲထုတ္လုပ္ေသးလို႔ပါ။ ဒါကလဲ ေရာင္းဖို႔ မဟုတ္ပါဘူး။