Apple i Phone များကို ထုတ်လုပ်သည့် တရုတ်အခြေစိုက် Foxconn သည် Concept Car နှင့် EV Car များကို မိတ်ဆက်ထားပြီး 2023 တွင် စတင်ထုတ်လုပ်မည် ဖြစ်သည်။ Model CEV Crossover သည် ပထမဆုံး မိတ်ဆက်သည့် EV Model ဖြစ်သည်။ ယခုအခါ Foxconn သည် Latest EV Concept ဖြစ်သည့် Foxconn Model V Pickup အား ဆက်လက်မိတ်ဆက်လိုက်ပြီး ၎င်းအား Pinnfarina – Design Model B Crossover နှင့်အတူတကွ မိတ်ဆက်ခြင်းဖြစ်သည်။ New Model V EV Pickup ၏ Design အား ခေတ်ရှေ့ပြေးစွာ ဖန်တီးထားပြီး Cadillac – Style Vertical LED , Floating Roof with Black-painted Trims စသည့် အခင်းအကျင်းများဖြင့် ဖန်တီးထားပါသည်။ ကား၏ Size သည် Full Size Pickup Size ဖြစ်ပြီး Ground Clearance တို့လည်းမြင့်မားစွာ တည်ဆောက်ထားပါသည်။

ကား၏အရှေ့ Grille တွင် H Theme ကိုပုံဖေါ်ထားကာ အဆိုပါ Design သည် Foxconn ၏ မူလပထမ Hon Hai Technology Group ကိုဂုဏ်ပြုခြင်းဖြစ်ပါသည်။ ကား၏ Payload Capacity သည် ( 1.0 – ton ) ဖြစ်ပြီး Towing Capacity သည်( 3.0-Ton ) အထိရနိုင်ပါမည်။ ထို့အပြင် လမ်းအခြေအနေ မျိုးစုံအား ဖြတ်ကျာ်အသုံးပြု နိုင်သည့် Off – Road Capability လည်း ရရှိနိုင်ပါမည်။ ၎င်းသည် EV Version ဖြစ်သည့်အတွက် ( 430 Mile Range ) အထိ အသုံးပြုနိုင်မည့် Battery Pack , ( 0.28 Coefficient of Drag) စသည့် Features များလည်းပါဝင်မည်ဖြစ်သည်။ EV ဆိုင်ရာများအနေဖြင့် Model V Pickup နှင့် Model C EV Crossover တို့၏ EV Motor နှင့် Battery Pack တို့အား တူညီစွာ အသုံးပြုရန် Foxconn မှ စီစဉ်ထားပါသည်။

#DriveMediaMyanmar