အရည်အသွေးမီ နာရီကောင်းတွေကို ၀တ်စေလိုတဲ့ စေတနာနဲ့ မြန်မာပြည်မှာ ပထမဆုံးအရောင်းဆိုင်ဖွင့်လှစ်ရောင်းချပေးနေတဲ့ FRANCK MULLER BACKES & STRAUSS YANGON မှ Shop Manager Tadayuki Azuma နဲ့တွေ့ဆုံခြင်း
Unicode  version…
FRANCK MULLER BACKES & STRAUSS ဆိုတာနာမည်ကြီးနာရီထုတ်လုပ်ရောင်းချတဲ့ Company တစ်ခုပါ။သူတို့ဆီမှာ အရည်အသွေးပြည့်မီတဲ့ နာရီတွေကိုပဲထုတ်လုပ်ရောင်းချပေးနေပြီး မြန်မာနိုင်ငံမှာလည်း တရားဝင်အရောင်းဆိုင်လာရောက်ဖွင့်လှစ်ထားပြီဖြစ်ပါတယ်။ဒါကြောင့် သူတို့ဆိုင်ရဲ့ တာဝန်ရှိသူ တစ်ဦးနဲ့တွေ့ဆုံထားတာလေးကို Drive ပရိသတ်ကြီးကို ဖောက်သည်ချပေးပါရစေ…
Q.1 FRANCK MULLER BACKES & STRAUSS YANGON မှာဘယ်လိုနာရီအမျိုးအစားတွေကို ရောင်းချပေးနေပါသလဲ။
ကျွန်တော်တို့ဆိုင်မှာရောင်းချနေတဲ့ နာရီအမျိုးအစားတွေကတော့ …
FRANCK MULLER နဲ့ BACKES & STRAUSS ဆိုတဲ့ Brand ၂မျိုးပဲဖြစ်ပါတယ်ခင်ဗျ။
Q.2 FRANCK MULLER ဆိုတာဘာလဲဖြေပေးပါခင်ဗျ။
FRANCK MULLER ဆိုတာကတော့ ဆွစ်ဇာလန်နိုင်ငံရဲ့နာမည်ကြီးအဆင့်မြင့်စက်နာရီ တွေကိုတီထွင်ထုတ်လုပ်လာခဲ့တဲ့ ရှားပါးတဲ့ပါရမီရှင်ပဲဖြစ်ပါတယ်။ FRANCK MULLER ရဲ့နာရီဆိုင်က ၁၉၉၂ ခုနှစ် မှာစတင်တည်ထောင်လာခဲ့ပါတယ်။ FRANCK MULLER က Pocket watch မှာပဲထည့်ပြီး အသုံးပြုနိုင်တဲ့ Tourbillon ကို လက်ပတ်နာရီ အသွင်ပြောင်းလဲတီထွင်ခဲ့တဲ့ ကမ ္ဘာ့ပထမဆုံး watch maker ပဲဖြစ်ပါတယ်။ Swiss ရဲ့ နာရီကျောင်းမှာ ထူးချွန်စွာ ဘွဲ့ရခဲ့တဲ့ FRANCK MULLER က နှစ်ပေါင်း ၂၅ နှစ်လောက်နဲ့ complication watch တွေကို တီထွင်ခဲ့ပါတယ်။ FRANCK MULLER က နာရီဖန်တီးမှုခံယူချက်ကို ပြောရမယ်ဆိုရင် ရှေးကတည်းက ဆက်ခံလာခဲ့တဲ့ နာရီဖန်တီးမှုရိုးရာလုပ်ထုံးလုပ်နည်းတွေကိုလည်း အလေးထားပြီး လက်ပတ်နာရီတွေကိုအမြဲတမ်း ပိုမိုထူးခြားဆန်းသစ်အောင် ပြုလုပ်ခြင်းဖြစ်ပါတယ်။နောက်ပြီး FRANCK MULLER ရဲ့ နာရီကို Master of Complication ဆိုပြီးလည်း ခေါ်ဆိုပါတယ်။ FRANCK MULLER က မြန်မာနိုင်ငံကိုဝင်ရောက်လာတာ ပထမဆုံးဆိုပေမဲ့လည်း တခြားသော နိုင်ငံတွေမှာတော့ အခိုင်အမာရပ်တည်လာခဲ့တဲ့ Global brand တစ်ခုပဲဖြစ်ပါတယ်။မြန်မာနိုင်ငံမှာလည်း FRANCK MULLER Brand ကို သိနှင့်နေပြီးသား customer များရှိပါတယ်။ ယခုဆိုင်ဟာဆိုရင်လည်း FRANCK MULLER OFFICIAL BOUTIQUE ဖြစ်တဲ့အတွက် brand အပေါ်မှာရော၊ဆိုင်အပေါ်မှာပါ စိတ်ချ ယုံကြည်နိုင်ပါတယ်ခင်ဗျ။
Q.3 BACKES & STRAUSS ဆိုတာကရော ဘာလဲခင်ဗျ။
BACKES & STRAUSS ဆိုတာက ၁၇၈၉ ခုနှစ်ကတည်းက လန်ဒန်မှာစတင်တည်ထောင်ခဲ့တဲ့ ရှေးအကျဆုံး စိန်တိုက်ကြီးတစ်ခုဖြစ်ပါတယ်။ သူတို့ရဲ့စိန်ဖန်တီးမှုလက်ရာဟာ အသည်းနှင့်မြှားပုံစံ ဖြတ်တောက်ထားတာဖြစ်ပြီး အဲဒီလက်ရာတွေဟာဆိုရင် နှစ်ပေါင်း ၂၂၅နှစ်ကျော်တိုင်အောင် ကျော်ကြားလာခဲ့တဲ့စိန်တိုက်လည်းဖြစ်ပါတယ်။ BACKES & STRAUSS ဟာ FRANCK MULLER ရဲ့ နာရီကမ္ဘာနဲ့ ပူးပေါင်းပြီး နာရီမှာအဆင့်မြှင့်ပြီး တောက်ပလင်းလက်နေတဲ့စိန်ပွင့်လေးတွေကို ထည့်သွင်းပြီး လှပတဲ့စိန်နာရီများကို ဖန်တီးခဲ့တဲ့ Brand လည်းဖြစ်ပါတယ်။ ပြီးပြည့်စုံတဲ့ စိန်ဖြတ်တောက်မှု နည်းပညာတွေက ဂျီသြမေတြီပညာရပ်ကိုအသုံးပြုထားခြင်းဖြစ်ပြီး နာရီရဲ့ Case မှာစိန်ကို အတောက်ပအလင်းလက်ဆုံး ဖြစ်အောင်ဖန်တီးထားပါတယ်။ BACKES & STRAUSS မှာကတော့ Collection အနေနဲ့ ၃ မျိုးရှိပြီး Regent, Berkeley နဲ့ Piccadilly တို့ ဖြစ်ပါတယ်။ ဒီ Collection တွေကတော့ လန်ဒန်ရဲ့အထင်ကရနေရာတွေကို ဖော်ပြတဲ့ သဘောကိုဆောင်ခြင်းဖြစ်ပါတယ်။ BACKES & STRAUSS ကိုတော့ Master of Diamonds လို့လည်း ခေါ်ဆိုပါတယ်။ယခုလို သမိုင်းအစဉ်အလာ ကြီးမားခဲ့တဲ့ BACKES & STRAUSS မှ အရည်အသွေး ကောင်းလှတဲ့ စိန်များကို အသုံးပြုပြီး FRANCK MULLER ရဲ့ watch maker တွေက စိန်နာရီများကို ဖန်တီးထားတဲ့အတွက် BACKES & STRAUSS Brand အပေါ်မှာလဲ ယုံကြည်မှု အပြည့်အဝရနိုင်ပါတယ်။
Q.4 ဘာကြောင့် မြန်မာနိုင်ငံကို စီးပွားရေးအတွက်ရွေးချယ်ခဲ့တာပါလဲ။ ?
မြန်မာကို ရွေးချယ်ရခြင်းကတော့ မြန်မာနိုင်ငံမှာ FRANCK MULLER ရဲ့ Officially ဆိုင်ခွဲ မရှိသေး တာရယ်၊ ပြီးတော့ မြန်မာနိုင်ငံရဲ့ စီးပွားရေး အခြေအနေက ယခုထက်ပိုပြီး ထွန်းကားလာနိုင်တဲ့ အတွက် ရေ ရှည်မှာတိုးတက်လာတဲ့ စီးပွားရေးနှင့်အညီ luxury brand ကြိုက်နှစ်သက်တဲ့ လူတန်းစားအလိုက် ကိုယ့် နိုင်ငံမှာပဲ ယုံကြည်စိတ်ချစွာ ၀ယ်ယူနိုင်စေရန်ရည်ရွယ်ပြီးတော့ ရွေးချယ်ဖြစ်ခဲ့တာ ဖြစ်ပါတယ်။
Q.5 FRANCK MULLER BACKES & STRAUSS YANGON ရဲ့ရည်ရွယ်ချက်ကို ပြောပြပေးပါလားခင်ဗျ။
ကျွန်တော်တို့ဆိုင်ရဲ့ရည်ရွယ်ချက်ကိုပြောရရင် အဓိကအချက်က Customer ကိုအပြည့်အဝ စိတ်ကျေနပ်မှုပေးနိုင်ဖို့ပဲဖြစ်ပါတယ်။ပြီးတော့ ကျွန်တော်တို့ဆိုင်ကိုုရောက်ရှိလာတဲ့ဧည့်သည်မည်သူ့ကိုမဆိုအကောင်းဆုံးဝန်ဆောင်မှုပေးနိုင်ဖို့ ရည်မှန်းပါတယ်။ ဧည့်သည်ရဲ့စိတ်ကျေနပ်မှု အပြည့်အဝ ရရှိပြီးမှ ၀ယ်ယူ အားပေးခြင်းမျိုးကို အဓိကထားခြင်းဖြစ်ပါတယ်ခင်ဗျ။
Q.6 FRANCK MULLER BACKES & STRAUSS YANGON ရဲ့အနာဂတ်စီမံကိန်းလေးကို ပြောပေးပါ။
ကျွန်တော်တို့ FRANCK MULLER BACKES & STRAUSS YANGON က အနာဂတ် plan တွေ အနေနဲ့တော့ အများကြီးစဉ်းစားထားတာတွေရှိပါတယ်။ အဲဒီအထဲမှာမှ ပြောရမယ်ဆိုရင်
နာရီအပြင် တခြား FRANCK MULLER FUTURE FORM ဆိုတဲ့ Table wear ပိုင်းကိုလည်း ထပ်လုပ်ဖို့ ရှိပါတယ်။
ကျွန်တော်တို့ရဲ့ Customer တွေ အတွက် Promotion Event တွေကို မကြာခဏလုပ်သွားဖို့ရှိပါတယ်။
မြန်မာနိုင်ငံက နာရီပညာကိုစိတ်ဝင်စားတဲ့လူငယ်တွေအတွက်လဲ နာရီပညာသင်ကြားပေးမယ့် ကျောင်းများပြုလုပ်သွားဖို့လည်း ရှိပါတယ်။
နာရီရောင်းရတဲ့အခါမှာလည်း ရောင်းရငွေရဲ့တစိတ်တဒေသကို ပရဟိတတွေလုပ်သွားဖို့လည်း အစီအစဉ်ရှိပါတယ်။
Q.7 FRANCK MULLER BACKES & STRAUSS YANGON ကအခြားဆိုင်တွေထက် ဘယ်လိုတစ်ပန်းသာတဲ့ အချက်တွေရှိပါသလဲ။
ကျွန်တော်တို့ FRANCK MULLER BACKES & STRAUSS YANGON မှာ ဆွစ်ဇာလန်နိုင်ငံ Watchland က အသိအမှတ်ပြုနာရီတွေရဲ့ repair service ပိုင်းကို ဂျပန်လူမျိုးလက်မှုပညာသည် Mr. Masazumi Oda ကိုယ်တိုင် နာရီတွေနဲ့ပတ်သက်ပြီး Overhual Service, Battery Replacement, Change Strap, Polish အစရှိသဖြင့် FRANCK MULLER နှင့် BACKES & STRAUSS Brand ၂ခုစလုံးအတွက် ဆောင်ရွက်ပေးနေပါတယ်ခင်ဗျ။မြန်မာနိုင်ငံက repair လုပ်တဲ့အခါ အသုံးပြုတဲ့စက်ပစ္စည်းကိရိယာတွေ ဆိုရင်လည်း switzerland နိုင်ငံမှာရှိတဲ့ watch land ရဲ့ပစ္စည်းတွေနဲ့ quality တူတဲ့ပစ္စည်းများကို ပဲအသုံးပြုထားခြင်း ဖြစ်ပါတယ်။ Craftsman ဆိုရင်လည်း watch land မှ experience များစွာရှိတဲ့သူ တစ်ယောက် ဖြစ်ပါတယ်ခင်ဗျ။
Zawgyi version..
  1. ကျွန်တော်တို့ဆိုင်မှာရောင်းချနေတဲ့ နာရီအမျိုးအစားတွေကတော့ …
  1. မြန်မာကို ရွေးချယ်ရခြင်းကတော့ မြန်မာနိုင်ငံမှာ FRANCK MULLER ရဲ့ Officially ဆိုင်ခွဲ မရှိသေး တာရယ်၊ ပြီးတော့ မြန်မာနိုင်ငံရဲ့ စီးပွားရေး အခြေအနေက ယခုထက်ပိုပြီး ထွန်းကားလာနိုင်တဲ့ အတွက် ရေ ရှည်မှာတိုးတက်လာတဲ့ စီးပွားရေးနှင့်အညီ luxury brand ကြိုက်နှစ်သက်တဲ့ လူတန်းစားအလိုက် ကိုယ့် နိုင်ငံမှာပဲ ယုံကြည်စိတ်ချစွာ ၀ယ်ယူနိုင်စေရန်ရည်ရွယ်ပြီးတော့ ရွေးချယ်ဖြစ်ခဲ့တာ ဖြစ်ပါတယ်။
  2. နာရီအပြင် တခြား FRANCK MULLER FUTURE FORM ဆိုတဲ့ Table wear ပိုင်းကိုလည်း ထပ်လုပ်ဖို့ ရှိပါတယ်။
  3. ကျွန်တော်တို့ရဲ့ Customer တွေ အတွက် Promotion Event တွေကို မကြာခဏလုပ်သွားဖို့ရှိပါတယ်။
  4. မြန်မာနိုင်ငံက နာရီပညာကိုစိတ်ဝင်စားတဲ့လူငယ်တွေအတွက်လဲ နာရီပညာသင်ကြားပေးမယ့် ကျောင်းများပြုလုပ်သွားဖို့လည်း ရှိပါတယ်။
  5. နာရီရောင်းရတဲ့အခါမှာလည်း ရောင်းရငွေရဲ့တစိတ်တဒေသကို ပရဟိတတွေလုပ်သွားဖို့လည်း အစီအစဉ်ရှိပါတယ်။
LEAVE A REPLY
Please enter your comment!
Please enter your name here