ဂျာမနီနိုင်ငံဖရန့်ဖွတ်မြို့မှာ ယခုလ ၁၄ ရက်နေ့မှစတင်ကျင်း ပနေပြီဖြစ်တဲ့ Frankfurt Motor Show ဟာဆိုရင် ၁၉၇၉ ခုနှစ်ကတည်းက စတင်ကျင်းပခဲ့တာဖြစ်ပြီး အခုတစ်ကြိမ်က ၁၇ ကြိမ်မြောက်ဖြစ်ပါတယ်။
ဒီပွဲမှာကတော့ အဓိကအနေနဲ့ Passenger vehicles တွေကိုပဲပြသ တာဖြစ်ပြီး Concept ကားတွေကိုလည်း ပြသလေ့ရှိပါတယ်။ ဖရန့်ဖွတ် ကားပြပွဲဟာ ကမ္ဘာကျော်ကားပြပွဲတစ်ခုဖြစ်သလို ကားလောကရဲ့ အကြီး ဆုံးကားထုတ်လုပ်သူဖြစ်တဲ့ ဂျာမနီရဲ့ နာမည်ကျော် Brand တွေဖြစ်တဲ့ BMW,Mercedes-Benz,Audi, Volkswagen, Porsche တို့ရဲ့ ကားမော်ဒယ်လ်သစ်တွေ၊ Concept ကားတွေကို အများ အပြားမြင်တွေ့ခွင့်ရမှာ ဖြစ်ပါတယ်။ ဒီပြပွဲဟာ ကားဈေးကွက်ရဲ့ အရေးပါ လှတဲ့ ဥရောပမှာဖြစ်လို့ကမ္ဘာအနှံ့က ကားထုတ်လုပ်တွေအားလုံးက သူတို့ ရဲ့ ထုတ်ကုန်တွေကို ပြသလေ့ရှိကြပြီး လူအများအပြား လာရောက် ကြည့် ရှုလေ့ရှိတဲ့ ပြပွဲကြီးဖြစ်ပါတယ်။ ပြီးခဲ့ တဲ့၂၀၁၅ တုန်းက ပရိသတ် ၁ သန်းနီး ပါးလာရောက်ကြည့်ရှုခဲ့ပြီး ဒီနှစ်မှာတော့ အဲဒီစံချိန်ချိုးနိုင်မယ်လို့ မျှော် လင့်နေကြပါတယ်။ Public days ကိုတော့ စက်တင်ဘာ ၁၆ မှ ၂၄ အထိ သတ်မှတ်ထားပြီး ဝင်ကြေးက ယူရို ၁၂ လို့သိရပါတယ်။
အဲဒီပွဲမှာ အသစ်မိတ်ဆက်ကြမယ့် ကားမော်ဒယ်လ်အချို့ကိုဖော်ပြပေး ချင်ပါတယ်။ ပထမဆုံးပြောချင်တာက ဗြိတိန် Brand Jaguar E-Pace SUV ပဲဖြစ်ပါတယ်။ ဒီကားက Jaguar ရဲ့နာမည်ကျော် F-Pace ကို ကျော်ဖြတ်နိုင်မယ်လို့ယုံကြည်နေတဲ့ကားပါ။ဒါ့အပြင် လာမယ့်နှစ်ထဲ မှာရောင်းချဖို့စီစဉ်ထားတဲ့ Jaguar ရဲ့ပထမဆုံးလျှပ်စစ်ကား I-Pace ကိုလည်း မိတ်ဆက်ပြသခဲ့ပါတယ်။
 
နောက်ပြီး Land Rover ကလည်း SUV ကားသစ် Discovery SVX ၊ Bentley ကလည်း Luxury ကားသစ် Continental GT ၊ Vauxhall က SUV လောကမှာ ယှဉ်ပြိုင်ဖို့အတွက် Grandland X ကားသစ်၊MINI ကလည်း လျှပ်စစ်ကား all-electric Cooper ကိုမိတ်ဆက်ခဲ့ပါတယ်။ ဒါတင်မကသေးပါဘူး။ ဂျပန် ကုမ္ပဏီတွေဖြစ်တဲ့ Subaru က အသစ်မွမ်း မံမှုတွေလုပ်ထားတဲ့ Impreza ၊ Honda က Hybrid Version ဖြစ်တဲ့ CR-V family SUV ၊Suzuki က Sport ဆန်အောင်ဖန်တီးထားတဲ့ Swift တို့ကို မိတ်ဆက်ပြသခဲ့ပါတယ်။ ကိုရီးယားထိပ်သီး Hyundai က Hyundai i30N ၊ KIA ကSUV ကားသစ် Stonic တို့ကို အဓိကပြသခဲ့ပြီး မိခင်နိုင်ငံထုတ် Brand တွေဖြစ်တဲ့ BMW က BHP (Brake Horse Power )600 အထိထွက်ရှိနိုင်တဲ့ BMW M5 ၊ production car X3၊ hybrid စနစ်သုံး SUV ကားသစ် X7 ၊ Volkswagen က the new Polo ၊ Audi က နည်းပညာအမြင့်ဆုံးဆိုတာတွေကို သုံးထားတဲ့ A8 ၊ Mercedes-Benz ကလည်း all-electric concept cars တွေကို မိတ်ဆက်ပြသသွားခဲ့ကြပါတယ်။
Credit-autocar,iaa.de