Chery Tiggo 8 Pro Max သည် Brand ၏ Flagship SUV အနေဖြင့် Global စျေးကွက်အတွက်ရည်ရွယ်ထားသည့် Model ဖြစ်ကာ၎င်း၏တမူထူးခြားသည့် အခင်းအကျင်း ထိပ်တန်းစွမ်းဆောင်ရည်နှင့် 5 Star အဆင့်ရှိသည့် Security ဆိုင်ရာပါဝင်မှုများကဲ့သို့ ကောင်းမွန်လှသည့် အချက်များသည် ကမ္ဘာတဝှမ်းလုံးရှိ Chery Customer များ၏သဘောထားနှင့်ထပ်တူကျမည်ဖြစ်သည်။ ထို့အပြင် အမျိုးအစားတူ Model များတွင် ခေတ်ရှေ့ပြေးသည့် Top Ranking Lighting System ကဲ့သို့ပြီးပြည့်စုံသည့် Lighting System လည်းပေါင်းစပ်ပါဝင်မည်ဖြစ်ကာ အဆိုပါနည်းပညာသည် သမာရိုးကျအသုံးပြုခြင်းသာမက Driving Safety ကိုလည်းများစွာထိရောက်စေပါသည်။

ဖန်တီးတည်ဆောက်မှုဆိုင်ရာအခင်းအကျင်းအနေဖြင့်ဆိုပါက Tiggo 8 Pro Max Series တွင်ထင်ရှားသည့် Full LED Light Source ပါဝင်မည်ဖြစ်ကာ ၎င်းတွင်ကားတစီးလုံးကိုလွှမ်းခြုံနိုင်သည့် illumination system ကိုဖော်ဆောင်ပေးသည့် 242 LED Lighting Units အဓိကပါဝင်ပါမည်။ ထို့အပြင် အနိုမ့်အမြင့်ပြုလုပ်နိုင်သည့် Headlight, DRL, နှင်းခွဲမီး, Welcome Light, အနောက်ဖုံးအပေါ်ရှိ Stop Light စသည်တို့လည်းပေါင်းစပ်ပါဝင်ပါမည်။ Tiggo 8 Pro Max Model တွင်ပါဝင်သည့် Full LED Light System သည်သက်တမ်းကြာရှည်စွာအသုံးခံနိုင်မည့်အပြင် သမာရိုးကျ Halogen and Xenon အလင်းစနစ်များထက်ပို၍ ကောင်းမွန်သည့် Lighting Speed စွမ်းဆောင်ရည်တို့လည်း ပိုင်ဆိုင်ထားပါသည်။

ကား၏အရှေ့မီးကြီးသည် သွယ်လျှပြီးဆန်းသစ်လှပသည့်ဒီဇိုင်းပုံစံရှိကာ Crystal LED Light များအဓိကပေါင်းစပ်ထားမည်ဖြစ်ပြီး နေ့အခါတွင်အသုံးပြုနိုင်သည့် Running Light ကိုလည်းအလင်းစူးအားကောင်းစေသည့် 2 Bladed DRL ပုံစံဖြင့်ဖန်တီးထားပါသည်။ အဆိုပါ Full LED Light သည် Tiggo 8 Pro Max တွင်ထင်ရှားပေါ်လွင်သည့်ဒီဇိုင်းဖန်တီးမှုလက်ရာတခုလည်းဖြစ်သည်။ မီးလုံးအုံ၏အဓိက Light Group တွင် ဘီးအနိုမ့်အမြင့်အားလျှင်မြန်စွာ ပြောင်းလဲနိုင်သည့် Function ပါဝင်သည့် LED Units (9) ခုပါဝင်ထားပါသည်။ ပုံမှန် Halogen အလင်းစနစ်နှင့်နှိုင်းယှဥ်မည်ဆိုပါက ၎င်း၏အလင်းဆိုင်ရာအကျိုးသက်ရောက်မှုသည် 30% ခန့်ပို၍သာလွန်သည့်အပြင် စွမ်းအင်သုံးစွဲမှုလည်း 50% အထိလျှော့ချပေးမည်ဖြစ်သည်။ ထို့အပြင် အလင်းစူးအားသည် (Horizontal Range – အလျားလိုက်နှုန်း)သည် ၂၇ မီတာဖြစ်ပြီး မီတာ ၁၅၀ အဝေးအထိအလင်းရောက်ရှိနိုင်ပါသည်။ Running Light တွင် LED Units (14) ခုပေါင်းစပ်ပါဝင်မည်ဖြစ်ကာ စက်နှိုးပြီး တစက္ကန့်အတွင်း စတင်လင်းပါမည်။

ထို့အပြင် Tiggo 8 Pro Max Model တွင်ထူးခြားပြီးဆွဲဆောင်မှုရှိသည့် အနောက်ဖုံးမီးတန်းပါဝင်မည်ဖြစ်ကာ ၎င်းတွင်အနောက်ဖုံးအပေါ်ဘက်တွင်ရှိမည့် Stop Light ပါဝင်ကာအလင်းတန်းအကျယ်သည် 380 mm ရှိမည်ဖြစ်ပြီးတိကျသည့် သတိပေးချက်ကိုဖန်တီးနိုင်ရန်အတွက် အရောင် ၂ မျိုးဖြင့်ဒီဇိုင်းထုတ်ဖန်တီးထားပါသည်။ အလားတူ High Power LED Units များပေါင်းစပ်ထားသည့် Matrix Tail Light ကိုလည်း သွယ်လျှသည့် Shape ဖြင့်ခံစားရမည်ဖြစ်ကာ ၎င်းတွင် LED Units 12 ခုပေါင်းစပ်ထားသည့် Running Light ကိုလည်းထည့်သွင်းထားသည့်အတွက် ပထမတန်းစားအလင်းနှင့် ဘရိတ်ပီးပုံပေါ်မှူကိုရရှိခံစားနိုင်မည်ဖြစ်သည်။

LED Light မီးတန်းတွင် ထူးခြားသည့်အလင်းဆိုင်ရာ လုပ်ဆောင်မှုအချို့လည်း ပါဝင်မည်ဖြစ်ပြီး ၎င်းတို့မှာ လိုက်လျောညီထွေပြောင်းလဲနိုင်သည့် ရောင်ဖြာအလင်းစနစ်၊ မီးအနိုမ့်အမြင့် အားအလိုလျောက်ချိန်ညှိပေးမည့်စနစ်နှင့် နှင်းခွဲမီးတို့ ပါဝင်မည်ဖြစ်သည်။ ထို့ကြောင့် Tiggo 8 Pro Max တွင်အသုံးပြုထားသည့် မီးအလင်းနည်းပညာသည် အမျိုးအစားတူများအနက် ခေတ်ရှေ့ပြေးနေသည်ဟုသတ်မှတ်နိုင်ပါသည်။

အရှေ့ကားမီးတွင်ပေါင်းစပ်ပါဝင်သည့် Adaptive Forward illumination System သည် Steering နှင့်လည်းချိတ်ဆက်ထားမည်ဖြစ်ကာ Steering ကွေ့သည့်အတိုင်း ၎င်းသည်လည်းလိုက်ပါပေးမည့်အပြင် ဘယ်ဖက်ကို 8 degree နှင့်ညာဘက်ကို 15 degree အထိမီးလိုက်ကွေ့ပေးပါမည်။ အကျိုးသက်ရောက်မှုအနေဖြင့် အလင်းဆိုင်ရာမမြင်ကွယ်ရာများကို ဖယ်ထုတ်ပေးမည်ဖြစ်ကာ ကားအတွင်းရှိယာဥ်မောင်းနှင့် ပြင်ပရှိလူများအတွက် အကောင်းဆုံးသော လုံခြုံမှုကို ဖော်ဆောင်ပေးပါမည်။

Adaptive High/Low Beam System တွင်လမ်း၏အခြေအနေနှင့်ပြင်ပအလင်းရောင်အခြေအနေ အပေါ်မူတည်ကာမိမိကား၏ အရှေ့မီး အတင်အချကို Auto ချိန်ညှိပေးမည့်အတွက် မျက်နှာချင်းဆိုင်ရှိယာဥ်များကိုလည်း Safe ဖြစ်စေမည့်အပြင်ကားအရှေ့မြင်ကွင်းကိုလည်း တိကျကြည်လင်စွာ ဖန်တီးပေးမည်ဖြစ်သည်။

Steering သည် Low Speed ဖြင့်မောင်းနှင်ပါကအရှေ့မီးစနစ်တွင်ပေါင်းစပ်ပေးထားသည့် Steering Auxiliary Light စနစ်သည် အလင်းစူးအားအကွာအဝေးကို ၅ မီတာခန့်နှင့် အလင်းအကျယ်အဝန်းအား မီတာ ၂၀ ခန့်အထိပုံစံကိုဖန်တီးပေးထားပါမည်။

Tiggo 8 Pro Max တွင်အခြားကားများနှင့်မတူသည့် တမူထူးခြားသည့်မီးစနစ်ဖြစ်သည့် LED Welcome Light စနစ်ပါဝင်မည်ဖြစ်ကာ ၎င်းသည်ကားအား Lock/Unlock ပြုလုပ်လိုက်ပါက Headlight နှင့်အနောက်ဖက်မီးတန်းတို့သည် ဖွင့်ချည်ပိတ်ချည် ၃ ခါပြုလုပ်ပေးမည်ဖြစ်ကာ အကောင်းဆုံးအရည်အသွေးကို ပြသပေးသည့် အခင်းအကျင်းတခုဟုဆိုရပါမည်။

Chery သည်၎င်း၏ Flagship SUV ဖြစ်သည့် Tiggo 8 Pro Max တွင်ခေတ်ရှေ့ပြေးသည့်အလင်းနည်းပညာများကို ထည့်သွင်းပေးထားပြီး အဆိုပါနည်းပညာနှင့်စနစ်အားလုံးကို ကြိမ်ဖန်များစွာစမ်းသပ်ထားသည့်အပြင် လမ်းအခြေအနေမျိုးစုံတွင် ကိုက်ညီစေရန်အတွက်လည်း ကမ္ဘာအနှံ့ရှိ ဒေသမျိုးစုံတွင်စမ်းသပ်ခဲ့သည့်အတွက် ယာဥ်မောင်းသူနှင့်ခရီးသည်များအတွက် တမူထူးခြားသည့်အခင်းအကျင်း ထိပ်တန်းအဆင့်နည်းပညာတို့အား ရရှိခံစားနိုင်မည်ဖြစ်သည်။ ထို့အပြင် Tiggo 8 Pro Max ၏အလင်းဆိုင်ရာဖန်တီးပုံဖော်မှုတို့သည် သာမန်မဟုတ်သည့်ရှုပ်ထွေးသော လမ်းမများတွင် မတော်တဆမှုကိုများစွာ လျော့ချပေးနိုင်မည့်အပြင် နေရာဒေသစုံမှလမ်းများ၊ ပတ်ဝန်းကျင်အခြေအနေများတွင်လည်း ကိုက်ညီစွာအသုံးပြုနိုင်မည့် စွမ်းဆောင်ရည်များလည်း ပါဝင်မည်ဖြစ်သည်။

#DriveMediaMyanmar #CheryMotor