Zawgyi Version…
“ႏုိင္ငံတကာကုန္တင္ကားေမာင္းသူမ်ားေန႔” အခမ္းအနားကုိ FUSO Myanmar မွၾကီးမွဴးျပီး ေမလ (၂၁)ရက္၊ အဂၤါေန႔၊ ၂၀၁၉ ခုႏွစ္တြင္ ရန္ကုန္ၿမိဳ႕ႏွင့္ မႏၱေလးၿမိဳ႕ႀကီးႏွစ္ၿမိဳ႕တြင္ က်င္းပျပဳလုပ္ခဲ့ပါသည္။ ထုိကဲ့သုိ႔ ျပဳလုပ္ က်င္းပရျခင္း၏ရည္ရြယ္ခ်က္မွာ ကုန္တင္ကားေမာင္းသူမ်ား၏ အေရးပါမႈကို ဂုဏ္ျပဳခ်ီးေျမွာက္ ေစလိုျခင္း၊ ၎ တုိ႔၏ မိသားစုမ်ားအား အစဥ္အေလးထားဂ႐ုစိုက္ေစလိုသည့္အတြက္ ျဖစ္ေၾကာင္းလည္း သိရသည္။
FUSO ႏွင့္ Cycle & Carriage Myanmar တုိ႔မွ “ႏုိင္ငံတကာ ကုန္တင္ကား ေမာင္းသူမ်ားေန႔” ကို ၂၀၁၇ ခုႏွစ္ တြင္ ပထမဆံုးအႀကိမ္ျဖစ္လည္းေကာင္း၊ ၂၀၁၈ ခုႏွစ္တြင္ ဒုတိယအႀကိမ္ အျဖစ္လည္းေကာင္း၊ ယခု ၂၀၁၉ ခုႏွစ္တြင္ တတိယအႀကိမ္ေျမာက္ ျမန္မာႏုိင္ငံ၌ က်င္းပျပဳလုပ္ျခင္းျဖစ္သည္။ ယခုႏွစ္ “ႏုိင္ငံတကာ ကုန္တင္ ကားေမာင္းသူမ်ားေန႔” ပြဲအခမ္းအနားကို ရန္ကုန္ၿမိဳ႕ရိွ ဗိုလ္တေထာင္ကုန္တင္ယာဥ္ရပ္နားဝန္းႏွင့္ ဘုရင့္ေနာင္ ကုန္သြယ္ေရးဇုန္တုိ႔တြင္ လည္းေကာင္း၊ မႏၱေလးၿမိဳ႕ရိွ ျပည္ႀကီးမဂၤလာကုန္တင္ ယာဥ္ရပ္နားစခန္း (စြယ္ေတာ္ ႀကီးကားဝန္း) တုိ႔တြင္ လည္းေကာင္း က်င္းပျပဳလုပ္ခဲ့ပါသည္။
ရန္ကုန္ၿမိဳ႕တြင္ က်င္းပခဲ့သည့္ “ႏုိင္ငံတကာကုန္တင္ကားေမာင္းသူမ်ားေန႔” ပြဲအခမ္းအနားတြင္ သီခ်င္းမ်ားျဖင့္ သီဆုိေဖ်ာ္ေျဖမႈမ်ား၊ စိတ္လႈပ္ရွားဖြယ္ မ်က္လွည့္ျပကြက္မ်ားႏွင့္အတူ မႏၱေလးၿမိဳ႕တြင္လည္း အလားတူသီဆုိ ေဖ်ာ္ေျဖမွဳမ်ား ျပဳလုပ္သြားခဲ့သည္။ ထုိ႔အျပင္ ေျခဖဝါး၊ ေၾကာႏွင့္ ခါး အႏွိပ္ခံစက္မ်ားျဖင့္ အေၾကာေျပေစျခင္း စသည့္ အခမဲ့ဝန္ေဆာင္မႈမ်ားအျပင္ ေပ်ာ္ရြင္ဖြယ္ ကစားနည္းမ်ား၊ အမွတ္တရလက္ေဆာင္မ်ားတုိ႔ကိုလည္း အခမ္းအနားတက္ေရာက္လာသူ ကားဆရာမ်ားႏွင့္တကြ မိသားစုဝင္မ်ားလည္း ေပ်ာ္ရြင္စြာ ပါဝင္ဆင္ႏႊဲေစခဲ့ ပါသည္။ ပြဲတက္ေရာက္လာသူ ကားဆရာတစ္ဦးကလည္း “ ဒီႏုိင္ငံတကာကုန္တင္ကား ေမာင္းသူမ်ားေန႔ပြဲကို ကၽြန္ေတာ္ဆင္ႏြဲတာ မွတ္မွတ္ရရ သံုးႏွစ္ရိွပါၿပီ။ သံုးႏွစ္လံုးမွာ မတူညီတဲ့ အစီအစဥ္ေတြနဲ႔ FUSO Myanmar က က်င္းပေပးပါတယ္။ ကၽြန္ေတာ္တုိ႔လို ကုန္တင္ကားေမာင္းသူေတြကို အခုလို အမွတ္တရေလးထားၿပီး ပြဲေလးက်င္းပေပးတဲ့ FUSO Myanmar ကို ေက်းဇူးအရမ္းတင္ပါတယ္။FUSO ကုမၸဏီလည္း ဒီထက္မက အဆမ်ားစြာေအာင္ျမင္ပါေစလို႔ ဆုမြန္ေကာင္းေတာင္းလိုက္ပါတယ္။” ဟု ေျပာဆုိသြားခဲ့သည္။







Unicode Version…
“နိုင်ငံတကာ ကုန်တင်ကားမောင်းသူများနေ့” အခမ်းအနားကို FUSO မှ တတိယအကြိမ်မြောက် ကြီးမှူး ကျင်းပ
“နိုင်ငံတကာကုန်တင်ကားမောင်းသူများနေ့” အခမ်းအနားကို FUSO Myanmar မှကြီးမှူးပြီး မေလ (၂၁)ရက်၊ အင်္ဂါနေ့၊ ၂၀၁၉ ခုနှစ်တွင် ရန်ကုန်မြို့နှင့် မန္တလေးမြို့ကြီးနှစ်မြို့တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ ထိုကဲ့သို့ ပြုလုပ် ကျင်းပရခြင်း၏ရည်ရွယ်ချက်မှာ ကုန်တင်ကားမောင်းသူများ၏ အရေးပါမှုကို ဂုဏ်ပြုချီးမြှောက် စေလိုခြင်း၊ ၎င်း တို့၏ မိသားစုများအား အစဉ်အလေးထားဂရုစိုက်စေလိုသည့်အတွက် ဖြစ်ကြောင်းလည်း သိရသည်။
FUSO နှင့် Cycle & Carriage Myanmar တို့မှ “နိုင်ငံတကာ ကုန်တင်ကား မောင်းသူများနေ့” ကို ၂၀၁၇ ခုနှစ် တွင် ပထမဆုံးအကြိမ်ဖြစ်လည်းကောင်း၊ ၂၀၁၈ ခုနှစ်တွင် ဒုတိယအကြိမ် အဖြစ်လည်းကောင်း၊ ယခု ၂၀၁၉ ခုနှစ်တွင် တတိယအကြိမ်မြောက် မြန်မာနိုင်ငံ၌ ကျင်းပပြုလုပ်ခြင်းဖြစ်သည်။ ယခုနှစ် “နိုင်ငံတကာ ကုန်တင် ကားမောင်းသူများနေ့” ပွဲအခမ်းအနားကို ရန်ကုန်မြို့ရှိ ဗိုလ်တထောင်ကုန်တင်ယာဉ်ရပ်နားဝန်းနှင့် ဘုရင့်နောင် ကုန်သွယ်ရေးဇုန်တို့တွင် လည်းကောင်း၊ မန္တလေးမြို့ရှိ ပြည်ကြီးမင်္ဂလာကုန်တင် ယာဉ်ရပ်နားစခန်း (စွယ်တော် ကြီးကားဝန်း) တို့တွင် လည်းကောင်း ကျင်းပပြုလုပ်ခဲ့ပါသည်။
ရန်ကုန်မြို့တွင် ကျင်းပခဲ့သည့် “နိုင်ငံတကာကုန်တင်ကားမောင်းသူများနေ့” ပွဲအခမ်းအနားတွင် သီချင်းများဖြင့် သီဆိုဖျော်ဖြေမှုများ၊ စိတ်လှုပ်ရှားဖွယ် မျက်လှည့်ပြကွက်များနှင့်အတူ မန္တလေးမြို့တွင်လည်း အလားတူသီဆို ဖျော်ဖြေမှုများ ပြုလုပ်သွားခဲ့သည်။ ထို့အပြင် ခြေဖဝါး၊ ကြောနှင့် ခါး အနှိပ်ခံစက်များဖြင့် အကြောပြေစေခြင်း စသည့် အခမဲ့ဝန်ဆောင်မှုများအပြင် ပျော်ရွင်ဖွယ် ကစားနည်းများ၊ အမှတ်တရလက်ဆောင်များတို့ကိုလည်း အခမ်းအနားတက်ရောက်လာသူ ကားဆရာများနှင့်တကွ မိသားစုဝင်များလည်း ပျော်ရွင်စွာ ပါဝင်ဆင်နွှဲစေခဲ့ ပါသည်။ ပွဲတက်ရောက်လာသူ ကားဆရာတစ်ဦးကလည်း “ ဒီနိုင်ငံတကာကုန်တင်ကား မောင်းသူများနေ့ပွဲကို ကျွန်တော်ဆင်နွဲတာ မှတ်မှတ်ရရ သုံးနှစ်ရှိပါပြီ။ သုံးနှစ်လုံးမှာ မတူညီတဲ့ အစီအစဉ်တွေနဲ့ FUSO Myanmar က ကျင်းပပေးပါတယ်။ ကျွန်တော်တို့လို ကုန်တင်ကားမောင်းသူတွေကို အခုလို အမှတ်တရလေးထားပြီး ပွဲလေးကျင်းပပေးတဲ့ FUSO Myanmar ကို ကျေးဇူးအရမ်းတင်ပါတယ်။FUSO ကုမ္ပဏီလည်း ဒီထက်မက အဆများစွာအောင်မြင်ပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။” ဟု ပြောဆိုသွားခဲ့သည်။